မကြာသေးခင်တုန်းက အင်တာနက်အသုံးပြုသူတွေဟာ မင်းသား လီမင်ဟိုထံ နိုင်ဂျီးရီးယား အမျိုးသား တဦးက ပေးပို့တဲ့ ရယ်မောဖွယ် စာတစောင်အကြောင်း စိတ်ဝင်စားခဲ့ကြပါတယ်။
အဲ့ဒီ အမျိုးသားရဲ့ ချစ်သူက သူ့အပေါ် မသိကျိုးကျွံပြုရလောက်အောင် မင်းသား လီမင်ဟိုကို အရမ်းချစ်မြတ်နိုးတဲ့အတွက် အဲ့ဒီအမျိုးသားက စိတ်မကောင်းဖြစ်ရပြီး မင်းသားလီဟာ သူ့အတွက် ပြိုင်ဘက်တဦး ဖြစ်လာတာကြောင့် အခုလိုမျိုး သတိပေးတဲ့ စာကို ပို့လိုက်ရတာဖြစ်တယ်လို့ အဲ့ဒီစာထဲမှာ ဖော်ပြထားပါတယ်။
စာထဲမှာ အဲ့ဒီအမျိုးသားက မင်းသား လီကို ဝေဖန်ထားပြီး ပြင်းထန်တဲ့ သတိပေးချက် ထုတ်ထားပေမယ့် မင်းသားလိုမျိုး ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်လာစေဖို့ မင်းသားသုံးနေတဲ့ ခေါင်းလျှော်ရည်အကြောင်း မေးမြန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
“The King: Eternal Monarch” ဒရာမာ အောင်မြင်မှုနဲ့အတူ မင်းသား လီမင်ဟိုဟာ နိုင်ဂျီးရီးယားအမျိုးသမီးတွေ ချစ်ခင်နှစ်သက်ရတဲ့ သရုပ်ဆောင်တဦးဖြစ်လာခဲ့ပြီး နိုင်ဂျီးရီးယား အမျိုးသားတော်တော်များများကလည်း အလားတူစာတွေကို ရေးသားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီအိတ်ဖွင့်စာထဲမှာ “ချစ်ခင်ရတဲ့ အစ်ကိုရေ၊ ကျနော် ဒီစာကို နိုင်ဂျီရီးယား ချစ်သူကောင်လေးများ ကိုယ်စား ရေးလိုက်ရတာပါ။ ဖန်သားပြင်မှာ လီ ရဲ့ ပါဝင်မှုတခုတည်းက ကျနော်တို့ရဲ့ အချစ်ရေးမှာ နာကျင်မှုတွေ၊ ထိခိုက်မှုတွေ တော်တော်များများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပြောရရင် ခင်ဗျားက ရက်အနည်းငယ်အတွင်းမှာ အချစ်ရေး ထောင်ပေါင်းပေါင်းများစွာကို သတ်ပစ်လိုက်ပါတယ်”
“ကျနော်တို့ရဲ့ ကောင်မလေးတွေက ကျနော်တိုရဲ့ ပုံတွေကို ပို့စ်တင်တာမျိုးတောင် မလုပ်တော့ဘူး။ သူတု့ိရဲ့ ပို့စ်တွေမှာ ခင်ဗျားရဲ့ ပုံတွေပဲ ဖြစ်နေတယ်။ တချို့ကဆိုရင် ခင်ဗျားကို သူတို့ရဲ့ လက်တွဲဖော်အဖြစ် ပုံစာရေးနေကြပြီ။ သူတို့ ကျနော်တို့ပုံတွေတင်တဲ့ တခုတည်းသောအချိန်က သူတို့အရေးပေါ်ကိစ္စ လိုအပ်မှပါ။ ကျနော် ဒီစာကို ရေးလိုက်ရတာက ကျနော် နာကျင်နေရပြီဆိုတာကို ပြောပြချင်လို့ပါ”
“ကျနော့် ကောင်မလေးက ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ ခင်ဗျားရဲ့ပုံတွေကိုပဲ တင်နေပါတယ်။ ဒါနဲ့ ခင်ဗျား ဘယ်ဆပ်ပြာကို သုံးနေတာလဲ။ ခင်ဗျား သုံးနေတာကိုရော ကျနော်သုံးလို့ မရဘူးလား။ ကျနော်တို့ရဲ့ အချစ်ရေးကို ဖျက်ဆီးတာမျိုး မလုပ်ပါနဲ့တော့။ ကျနော်တို့ကို ချစ်သူကောင်လေး ခပ်ဆိုးဆိုးတွေဖြစ်အောင်မလုပ်ပါနဲ့တော့” လို့ ရေးသားထားပါတယ်။
မင်းသား လီမင်ဟိုဟာ နာမည်ကျော် ကိုရီးယား မင်းသားတဦးဖြစ်ပြီး အာရှမှာ သာမက တောင်အမေရိကနဲ့ အာဖရိကအထိ ကျော်ကြားသူလည်းဖြစ်ပါတယ်။ အာရှဒေသက ရုပ်ရည်လှပသူတွေဟာ အာဖရိကအကြိုက် မဟုတ်ပေမယ့် မင်းသားလီဟာ နိုင်ဂျီးရီးယားအပါအဝင် အာဖရိကနိုင်ငံတော်တော်များများမှာ လူကြိုက်အများဆုံး ကိုရီးယားစတားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား အမျိုးသမီးပရိသတ်တွေက မင်းသားလီကို “နိုင်ငံတော်ရဲ့ သားမက်” လို့ ခေါ်ကြပါတယ်။
Ref: kbizoom
You may also like these stories:
ကိုဗစ်ကာလ ဖြစ်ပေမယ့် K-pop အယ်လ်ဘမ်များ စံချိန်တင်ရောင်းရ
တရုတ်မှာ ရုပ်ရှင်ရုံတွေ တဖြည်းဖြည်းချင်း ပြန်ဖွင့်ပြီ
“Tenet” ရုပ်ရှင် ရုံတင်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း