• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

သေဆုံးသူ ကိုလင်းထက်အတွက် BLACKPINK ပရိသတ်တွေ ဝမ်းနည်းစကားဆို

by မစ်ကီ
14 March 2021
in Lifestyle
A A
အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူ ကိုလင်းထက်

အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူ ကိုလင်းထက်

13.8k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာကျော် K-pop အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် Rosé ရဲ့ တကိုယ်တော်ပွဲဦးထွက် သီချင်းကို မဖြန့်ချီမီ နာရီပိုင်းအလိုက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ ပရိသတ်တဦးအတွက် နိုင်ငံတကာမှာရှိတဲ့ အင်တာနက် သုံးစွဲသူတွေဟာ ဝမ်းနည်းဆုတောင်းစကားတွေ ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြကြတဲ့ အထိုင်သပိတ် ဆန္ဒပြတဲ့သူများအား စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နှင်းခဲ့ရာမှာ အနည်းဆုံး အရပ်သား ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့က သေဆုံးခဲ့သူတွေထဲမှာ K-pop ပရိသတ်တဦး ပါဝင်ခဲ့တယ်ဆိုတဲ့ ဝမ်းနည်းဖွယ်သတင်းစကားကို ပရိသတ်တွေက Twitter မှာ မျှဝေခဲ့ကြပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
668
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
315
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
397

အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကိုလင်းထက်ဟာ BLACKPINK အဖွဲ့ဝင် Rose ရဲ့ အမာခံ ပရိသတ်တဦးလို့ ဆိုပါတယ်။ သူဟာ Rosé ရဲ့ တကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေခဲ့ပြီး ပထမဆုံး Single အယ်လ်ဘမ်ကို ဝယ်ယူဖို့ ငွေစုနေခဲ့တယ်လို့လည်း သိရပါတယ်။

“-R-” လို့ အမည်ပေးထားတဲ့ ပထမဆုံး Single အယ်လ်ဘမ်နဲ့ “On The Ground” သီချင်း ဂီတဗီဒီယိုကို Rosé က မဖြန့်ချိမီ နာရီပိုင်းအလိုမှာ ကိုလင်းထက် သေဆုံးခဲ့ရပြီးတဲ့နောက် ပရိသတ် တော်တော်များများဟာ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံသား Twitter အသုံးပြုသူတဦးက “Rosé ရဲ့ ပရိသတ်တဦးဟာ စစ်တပ်အကြမ်းဖက်သမားတွေရဲ့ ပစ်ချက်ကြောင့် အသက်ပေးသွားခဲ့ရပါပြီ။ သူဟာ မြန်မာနိုင်ငံက ဒီမိုကရေစီ အရေးအတွက် တိုက်ခိုက်နေသူ ဖြစ်ပါတယ်။ အခုတော့ သူအချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရတဲ့ Rosé တကိုယ်တော် သီချင်းကို မကြားနိုင်တော့ပါဘူး”

“ငြိမ်းချမ်းစွာအနားယူပါတော့ သူရဲကောင်း Blink ရေ၊ သူဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံက ဖြစ်ပါတယ်။ ဖေဖော်ဝါရီလကတည်းကစလို့ စစ်အစိုးရရဲ့ အကြမ်းဖက်သမားတွေကြောင့် ဆန္ဒပြသူတော်တော်များများ အသတ်ခံခဲ့ရပါတယ်။ Rośe က အဖြူရောင်လေးနဲ့ အရမ်းလှတာပဲလို့ သူ့သူငယ်ချင်းကို နောက်ဆုံးစကားအနေနဲ့ သူပြောခဲ့ပါတယ်။ Rośe ရဲ့ တကိုယ်တော် အယ်လ်ဘမ်ကို သူဝယ်ဖို့ ကြိုးစားမယ်လို့လည်း သူပြောခဲ့တယ်”လို့ ရေးသားထားပါတယ်။

Rośe ရဲ့အကြောင်း ရေးသားထားတဲ့ ကိုလင်းထက်ရဲ့ စာထဲမှာတော့ “ကျနော် လင်းထက်ပါ။ ကျနော်က ခင်ဗျားတို့ မသိနိုင်လောက်တဲ့ နိုင်ငံငယ်လေးတခုက တက္ကသိုလ်ကျောင်းသား Fanboy (အမျိုးသားပရိသတ်) တယောက်ပါ။ ခင်ဗျားက ကျနော်အချစ်ရဆုံး အမျိုးသမီး ၄ ယောက်ထဲက ကျနော့် တဘဝလုံးနဲ့ချီပြီးပြောရတဲ့ အချစ်ပါပဲ။ တကယ်လို့များ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင် မင်းအိပ်မက်က ဘာလဲလို့ တယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ကျနော့် အဖြေကတော့ နိုင်ငံခြား တိုင်းပြည်တခုက ကျနော်ချစ်ရတဲ့ Rośe ဆိုတဲ့ ခင်ဗျားလေးကို တွေ့ရဖို့ဆိုတာ သေချာပေါက်ဖြစ်မှာပါ”

“ကျနော်ချစ်ရတဲ့ မိန်းကလေးရဲ့ တကိုယ်တော် အယ်လ်ဘမ်က မတ်လ ၁၂ ရက်နေ့မှာ ဖြန့်ချိမှာပါ။ ကျနော် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတာကြောင့် အဲ့ဒီအယ်လ်ဘမ်အတွက် ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ ကျနော်ချစ်ရတဲ့ မိန်းကလေးရဲ့ တကိုယ်တော် အယ်လ်ဘမ်အတွက် ကျနော့် မုန့်ဖိုးကို နည်းနည်းချင်းစီ စုခဲ့ရပါတယ်”

“Lightstick V2 အလင်းချောင်းကိုလည်း ကျနော် လိုချင်ပါတယ်။ ဒါပေမဲ့ ကျနော့်မှာ ပိုက်ဆံ မလောက်ဘူး။ ဒီအချိန်အတွင်းမှာ ကျနော်ပိုက်ဆံ နည်းနည်းချင်စီစုမှာဆိုတော့ စိတ်မပူကြပါနဲ့။ ကျနော် အဲ့ဒါကို ဝယ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော့်ဘဝရဲ့ အချစ်ဆုံးရေ၊ ကျနော့်ရဲ့ မျှော်လင့်ထားတဲ့အတွေးတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ပျက်စီးခဲ့ရပါပြီ။ နွေဦးတော်လှန်ရေးအတွင်းမှာ နိုင်ငံသား တယောက်အနေနဲ့ ကျနော့်ခြေထောက်တွေ ရောင်ရမ်းတဲ့အထိ လမ်းလျှောက်ပြီး နေ့တိုင်း ဒို့အရေး ဒို့အရေးလို့ ရဲရဲရင့်ရင့် အော်ဟစ်နေမှာပါ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ကိုလင်းထက်ရဲ့ ဝမ်းနည်းဖွယ်သတင်းဟာ ကိုရီးယား အင်တာနက် အသုံးပြုသူတွေကြား အွန်လိုင်း အသိုက်အဝန်းတွေကနေတဆင့် ပျံ့နှံ့ရောက်ရှိခဲ့ပြီး ဝမ်းနည်းစကားများ ပြောဆိုခဲ့ကြတဲ့ အပြင် မြန်မာနိုင်ငံအတွက်လည်း ဆုတောင်းစကားတွေ ပြောဆိုပေးခဲ့ကြပါတယ်။

အွန်လိုင်းအသုံးပြုသူတွေရဲ့ မှတ်ချက်တွေထဲမှာတော့ “သူက တကိုယ်တော် အယ်လ်ဘမ်ကို အရမ်း စောင့်နေခဲ့ရရှာမှာ”၊ “သူက ပိုကောင်းတဲ့နေရာမှာ ရောက်ပါစေ သူအဲ့ဒီမှာ ပျော်ရွှင်ပါစေလို့ ငါဆုတောင်းပေးပါတယ်” ၊ “တကိုယ်တော်အယ်လ်ဘမ် မထွက်ခင်မှာ အခုလိုဖြစ်ပျက်ခဲ့မှုအတွက် ငါ့နှလုံးသားတွေ ငိုကြွေးနေရပါပြီ”

“ဒီသတင်းကို ကြားရတာ တကယ့်ကို စိတ်မကောင်းပါဘူး။ ငြိမ်းချမ်းစွာ အနားယူပါတော့” ၊ “ဒါဘယ်လောက် ဆိုးရွားလဲဆိုတာ ဘယ်လို စကားလုံးမျိုးနဲ့ ဖော်ပြရမှန်းတောင် မသိတော့ဘူး” ၊ “တောင်ကိုရီးယားနိုင်ငံသားတွေဟာ မြန်မာဆန္ဒပြသူတွေအတွက် ဆုတောင်းပေးနေပါတယ်” စသဖြင့် ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မကြာသေးမီကစလို့ နိုင်ငံသားများ စုရုံံးကာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့သလို မတ်လ ၁၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှာတော့ မြန်မာ့နွေဦး တော်လှန်းရေးအတွက် ရည်ရွယ်တဲ့ ပွဲတပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီအစီအစဉ် တခုလုံးကို Youtube ကနေ တိုက်ရိုက် ထုတ်လွှင့်မယ်လို့ သိရပါတယ်။

Ref:allkpop

You may also like these stories:

မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး

လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

Your Thoughts …
Tags: BLACKPINKK-PopRoséကိုလင်းထက်ဆန္ဒပြပွဲတောင်ကိုရီးယား
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
21.9k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

by ဧရာဝတီ
10 November 2023
3.1k

MOGE ကို အရေးယူ ပိတ်ဆို့ပြီးနောက် မြန်မာသို့ ဒီဇယ်ပုံမှန် ရောင်းချသည့် အာရှ ရေနံချက်စက်ရုံ အများအပြားသည် အထူးဂရုစိုက်နေကြသည်။

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

by Alexander M. Hynd
4 December 2024
2.7k

မစ္စတာ ယွန်းကို ၂၀၂၂ ခုနှစ်တွင် မဲအနည်းငယ်အသာဖြင့် ရွေးကောက်သည်။ သူသည် နိုင်ငံရေး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ ရင်ဆိုင်ရပြီး ထောက်ခံမှု ပိုမိုကျဆင်းသည်။

ကိုရီးယားနိုင်ငံရေး အားပြိုင်မှုတွေကြား မြန်မာတွေ သတိထားနေထိုင်ဖို့ လိုတယ်

ကိုရီးယားနိုင်ငံရေး အားပြိုင်မှုတွေကြား မြန်မာတွေ သတိထားနေထိုင်ဖို့ လိုတယ်

by ဧရာဝတီ
4 December 2024
2k

ကိုရီးယားနိုင်ငံရေးက ဒီလိုပဲ လှုပ်ခတ်တတ်တဲ့ သဘာဝရှိတယ်။ ဒီလို လှုပ်ခတ်လာတယ်ဆိုရင် နိုင်ငံခြားသားတွေရဲ့ နေမှုထိုင်မှု၊ လုပ်ကိုင်မှုအပေါ်မှာလည်း ရိုက်ခတ်လာတတ်တဲ့ သဘာဝရှိပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ သတိထားပြီးတော့ သွားလာကြဖို့နဲ့ ဒီနိုင်ငံရေး အခြေအနေကိုလည်း သတိမပြတ်စောင့်ကြည့်ဖို့ လိုအပ် တယ်လို့...

Next Post
အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သူ မန်းဝင်းခိုင်သန်း  / ဧရာဝတီ

လူတစု၏ အကျိုးစီးပွားအတွက် သစ္စာစောင့်သိခြင်း မပြုကြဖို့ မန်းဝင်းခိုင်သန်း တိုက်တွန်း

ဖေဖော်ဝါရီ ၂၂ ရက် ၂၂၂၂၂ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို မနှိမ်နင်းမီ နေပြည်တော်တွင် တွေ့ရသော စစ်သားများ/ဧရာဝတီ

ကြောက်ရွံ့ခြင်းက စစ်တပ်မကွဲအောင် စွဲကပ်ထားသည်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate