စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ အစ်မဖြစ်သူ မဥမ္မာရှိန်ကို သတိရတိုင်း ကုသိုလ် အမျှပေးဝေတယ်လို့ အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားလာပါတယ်။
“အစ်မကို သတိရတိုင်း ကောင်းမှုပြု ဆုတောင်းမေတ္တာပို့ပြီး ကုသိုလ်အမျှ ပေးဝေတယ်။ ဝဋ်ရှိလို့ ပါလာရင် ဒီဘဝ ဒီမျှနှင့်ကြေပါစေ ငါ့အစ်မ။ ငါ့အစ်ကိုကြီး ဇော်မင်းရှိန်သည်လည်း ဗိုက်ကျည်ထိပြီး အဆုတ်မှာပါ ထိလို့ ခွဲစိတ်ကုသ အောင်မြင်ခဲ့လို့ အသက်သေတဲ့ ဘေးက လွတ်ခဲ့ပေမယ့် ဆေးရုံက ဆင်းကတည်းက အချုပ်ထဲမှာ နေရပြီး အခုတော့ အင်းစိန်ထောင် အချုပ်မှာ ထောင်ကျနေရတယ်”လို့ ထူးအယ်လင်းက ဆိုပါတယ်။
ဆက်လက်ပြီး ထူးအယ်လင်းက သူ့ရဲ့မိခင်၊ မိသားစုအတွက် ကူညီပေးသူအပေါင်းကို ကျေးဇူးအထူးတင်တယ်လို့ ဆိုပါတယ်။

“ကျနော့် မိခင်၊ မိသားစုအတွက် ကူညီပေးတဲ့သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ အမှုကိစ္စတွေ မှန်မှန်ကန်ကန်ဖြင့် ပြီးပြတ်အောင် ရှေ့နေ ရှေ့ရပ်များနှင့် ဆောင်ရွက်နေပါတယ်။ ဒီနေ့ ကျနော့်အမ မမလေး ဥမ္မာရှိန် ကွယ်လွန်တာ တလပြည့်ပြီ”
“ကျနော် ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကို ကုသိုလ်အမျှ ပေးပါတယ်။ ကောင်းမွန်ရာ ဘုံဘဝမှာ အေးချမ်း သာယာပါစေ ငါ့အစ်မ”လို့ ထူးအယ်လင်းက ပြောထားပါတယ်။
အဆိုတော် ထူးအယ်လင်းကတော့ အစ်မဖြစ်သူ မဥမ္မာရှိန် ဆုံးပါးသွားချိန်မှာ နယ်အဝေး တနေရာကို ရောက်နေတာကြောင့် အဲဒီဒေသမှာပဲ အစ်မအတွက် ရည်စူးပြီး ကုသိုလ်ရေး အလှူအတန်းများ ပြုလုပ်ပေးခဲ့ပါတယ်။
You may also like these stories:
“အစ်မဖြစ်သူအတွက် သတိရတိုင်း ကုသိုလ် လုပ်ပေးမယ်”လို့ ထူးအယ်လင်း ဆို
ကျိုက်ထီးရိုးရှိ ချို့တဲ့အထမ်းသမား မိသားစု ၉၀၀ ကျော်ကို သွားလှူမယ့် ထူးအယ်လင်း
မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း