Lifestyle

ကိုဗစ် တတိယလှိုင်းကို မပေါ့ဆကြဖို့ စိုပြေမြင့် နှိုးဆော်

ဇွန်လ ဒုတိယပတ်အတွင်းက သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါးစလုံး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ အားလုံးပဲ ကိုဗစ် တတိယလှိုင်းကို မပေါ့ဆကြပါနဲ့လို့ စိုပြေမြင့်က ဆိုပါတယ်။

“အားလုံးပဲ ကိုဗစ် တတိယလှိုင်းကို ပေါ့သေးသေး မထင်ပါနဲ့။ အမေကတော့ ပျောက်သွားလို့ ဆေးရုံက ဆင်း၍ မိမိ နေအိမ်မှာ Quarantine ဝင်ပြီး နေနေပါပြီ။ အဖေကတော့ အခုထိ အောက်စီဂျင် ပုံမှန်ဖြစ်နေပေမယ့် တချက်တချက် အမောဖောက်ပြီး စိုးရိမ်ရသေးတာမလို့ ဆေးရုံမှာပဲ အစ်ကိုကြီးနဲ့အတူ နေရပါသေးတယ်”

“အခုလို အချိန်မျိုးမျာ မိမိကအစ မကာကွယ်ရင် အသက်အန္တရာယ်လည်း စိုးရိမ်ရသလို့ ပိုက်ဆံထုတ်ဖို့ အခက်အခဲဖြစ်တဲ့အတွက် ငွေးကြေးကုန်ကျ ပိုများပါတယ်ဗျ”လို့ စိုပြေမြင့်က ပြောပါတယ်။

စိုပြေမြင့်ရဲ့ မိဘနှစ်ပါး

ဖခင်က ဆရာဝန်တဦး ဖြစ်တာကြောင့် ဆေးခန်းဖွင့်ရင်းကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး၊ မဖြစ်မနေ အလုပ်လုပ်ရရင်လည်း Mask တပ်၊ လက်ဆေးကြဖို့ စိုပြေမြင့်က နှိုးဆော်ထားပါတယ်။

“ကျနော် ပြောပြတာကလည်း အားလုံး မဖြစ်မနေ အလုပ်လုပ်ရရင်လည်း Mask တွေတပ်၊ လက်တွေကို ပုံမှန်ဆေးပြီး Vitamin C တို့ကို ပုံမှန်သောက်ကြဖို့ စေတနာနဲ့ နှိုးဆော်ပေးတာပါနော်။ အားလုံး ဘေးကင်းကြပါစေ။ ကိုယ့်မိသားစု ဖြစ်နေတဲ့အတွက် Sharing လုပ်ပေးရုံ သက်သက်သာ ဖြစ်ပါတယ်”လို့ စိုပြေမြင့်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု နေ့စဉ် မြင့်တက်နေပြီး၊ ယမန်နေ့ (ဇွန်လ ၂၈ ရက်) ထုတ်ပြန်ချက်အရ ကိုဗစ် ပိုးတွေ့လူနာသစ် (၁,၂၂၅) ဦး၊ သေဆုံးသူ ၁၂ ဦး၊ ပိုးတွေ့လူနာ စုစုပေါင်း (၁၅၄,၃၈၅) ဦး၊ သေဆုံးလူနာ စုစုပေါင်း (၃,၃၀၉) ဦး ရှိသွားပြီလို့ သိရပါတယ်။

You may also like these stories:

သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါး ကိုဗစ် ကူးစက်ခံရ

ကိုဗစ်နဲ့ ပတ်သက်ပြီး ထပ်မံ သတိပေးလာတဲ့ စိုပြေမြင့်

“ကိုဗစ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ”

Loading