• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ဂျာမနီမော်ဒယ်တွေကို ပြိုင်ဆိုင်မယ့် Acura MDX

by လင်းထက်(IA)
26 January 2016
in Automobile
A A
car , Acura MDX

www.edmunds.com

7.6k
VIEWS
Share on FacebookShare on Twitter
car , Acura MDX
www.edmunds.com
car , Acura MDX
www.edmunds.com

အာရှ အခြေစိုက် ကုမ္ပဏီတွေကနေ ထုတ်လုပ်တဲ့ မော်တော်ကားအများစုက ဇိမ်ခံမော်ဒယ်အနေနဲ့ ထုတ်လုပ်မှု ရှိပေမယ့် ကမ္ဘာ့ဈေးကွက် အတိုင်းအတာမှာတော့ ဒီလောက်ကြီး နေရာမရချင်လှပါဘူး။ Lexus တမျိုးလောက်ပဲ ဈေးကွက်မှာလူကြိုက်များပြီး တခြား Infiniti နဲ့ အခု Acura တွေဆိုရင်လည်း တဖြည်းဖြည်းနဲ့ နာမည်ရ လာနေတဲ့ အနေအထားလောက်ပဲ ရှိနေသေးတာပါ။

ဥရောပလို ဈေးကွက်မှာတော့ ဂျာမနီ ကြီးသုံးကြီးရဲ့ လွှမ်းမိုးမှုက အမြင့်ဆုံး ဖြစ်နေသလို Volvo, Cadillac စတဲ့ အမှတ်တံဆိပ်တွေရဲ့ နေရာရရှိထားမှုကလည်း ရှိနေပြန်တာပါ။ ဒီတော့ အိမ်စီးမော်ဒယ်တွေမှာ အောင်မြင် နေတဲ့ အာရှကုမ္ပဏီတွေရဲ့ နောက်ထပ် ခြေလှမ်းအဖြစ်နဲ့ ဇိမ်ခံမော်ဒယ်တွေ ထုတ်လုပ်လာတာ တွေ့နိုင်သလို အခု MDX ဆိုရင်လည်းဥရောပဈေးကွက်ရဲ့ ဇိမ်ခံကားဈေးကွက် ဘုရင်တွေ ဖြစ်တဲ့ Audi, BMWနဲ့ Mercedes တွေကိုယှဉ်ပြိုင်ဖို့အတွက် အလေးထားထုတ်လုပ်ထားတာကို တွေ့ရတာကြောင့် ပြိုင်ဖက်မော်ဒယ်တွေနဲ့စာရင် ဘယ်လိုအားသာချက်တွေ၊ ဆန်းသစ်မှုတွေ ရှိမလဲဆိုတာ စိတ်ဝင်စားစရာပါနော်။ ကောင်းပါပြီ၊ ကျနော်တို့ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.2k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
524
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
502

အားသာချက် …

မော်ဒယ်ရဲ့ အားသာချက်ကတော့ ဝန်တင်ဆောင် ရုန်းကန်နိုင်မှုအပိုင်းမှာအဓိကဖြစ်ပြီးတော့ ပေါင် ၃၅၀၀ လောက်ထိအောင် ရုန်းကန်နိုင်မှာလည်း ဖြစ်ပါတယ်။ V6 အင်ဂျင်စနစ်နဲ့ ရနိုင်သလို အင်ဂျင်အရွယ် ကြီးမားမှုက အသံထွက်လည် းတည်ငြိမ်ပြီး စွမ်းအင်ထုတ်လုပ်မှုအပိုင်းက ခရီးဝေးမောင်းနှင်မှုတွေကို မနားတမ်းမောင်းနှင် သွားလာနိုင်စေမှာပါ။ နောက်ဆုံးပြောချင်တဲ့ အားသာချက်ကတော့ ဈေးနှုန်းအပိုင်းဖြစ်ပြီး ပြိုင်ဖက် မော်ဒယ် တွေထက် ဈေးနှုန်းသိသိသာသာ ချိုသာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စပ်ပစ္စည်း အဆင့်မြှင့် တပ်ဆင်မှု တွေပါ ဈေးချိုချိုနဲ့ ရနိုင်ပါတယ်။

အားနည်းချက် …

ဒီအပိုင်းမှာတော့ V8 အင်ဂျင်လောက် အရွယ်အစားကို V6 အင်ဂျင်အနေနဲ့ ဖန်တီးထားတာတခုက အင်ဂျင်အထိုင်ကို အံဝင်စေမှု နည်းစေပါတယ်။ နောက်တချက်က ဆီစားနှုန်းများချင်တာဖြစ်ပြီး V6 ရွယ်တူ အင်ဂျင်တပ် မော်ဒယ်တွေထက် ဆီစားပိုချင်နေပါတယ်။ နောက်ဆုံးပြောရမယ့် အားနည်းချက်ကတော့ စွမ်းဆောင်ရည်ပိုင်းဖြစ်ပြီးတော့ ဇိမ်ခံသီးသန့် သဘောမျိုးဖန်တီးထားတာဖြစ်ကာအမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုလို အပိုင်းတွေမှာ အားနည်းချက် ရှိနေတာပဲ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်ကို တံခါးလေးပေါက်စနစ် SUV တန်းဝင်အောင် ဖန်တီးထားတာတွေ့ရပြီး ကားတစီးလုံးရဲ့ အလျားက ၁၉၃.၆ လက်မရှည်မှာ ဖြစ်ပါတယ်။ မျက်နှာစာအကျယ်က နောက်ကြည့်မှန် ဖြန့်ထားပြီးအခြေအနေထိအောင် ၇၇.၂ လက်မရှိမှာ ဖြစ်ကာ အမြင့်ကတော့ ၆၇.၆ လက်မရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကားရဲ့အလျားနဲ့စာရင် ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏက ၁၁၁ လက်မပဲ ရှိနေတာတချက်က ထိုင်ခုံနှစ်တန်းပဲပါရှိမယ့် မော်ဒယ်တွေအတွက် အတွင်းခန်းအရမ်းမကျဉ်းပေမယ့် နောက်ဖက် ဝန်တင်ခန်း အပိုင်းကတော့ သိသိသာသာကိုပဲ ကျယ်ဝန်းသွားတာ တွေ့ရပါတယ်။ Sunroof လည်းပါရှိလို့ အလင်းရောင် ဝင်ရောက်မှုနဲ့ အတူအမြင်ပိုင်းဆန်းသစ်မှုကိုပေးစွမ်းနိုင်သလို ဒီတံခါးကို Power စနစ်နဲ့ အဖွင့်၊ အပိတ် လုပ်ဆောင်နိုင် မှာလည်း ဖြစ်ပါတယ်။ ကားတစီးလုံးရဲ့ အလေးချိန်က ပေါင် ၃၉၆၀ ထိအောင် ရှိမှာဖြစ်ပြီး အာရှထုတ် မော်ဒယ်တွေထဲမှာ အလေးဆုံးတန်းဝင်လည်း ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်ရဲ့ အင်ဂျင်စနစ်က ၃.၅ လီတာသုံး V6 အင်ဂျင် ဖြစ်ပြီးတော့ V6 တန်းဝင်တွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်တာပါ။ ဒီလိုအင်ဂျင်စနစ် အကြီးစားကို ထည့်ထားရတာက ဆီစားကို ပိုမိုထိန်းထားချင်တာကြောင့် V8 နဲ့ မထုတ်ပဲထားတာ ဖြစ်နိုင်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အား တမိနစ် အပတ်ရေ ၄၇၀၀ မှာ ရုန်းအားက ၂၆၇ပေါင်-ပေရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၉၀ အား ရှိမှာ ဖြစ်ပါတယ်။ ဒီလို ရုန်းအားနည်းမှုက မော်ဒယ်ကို လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်ကိုတော့ ကျဆင်းစေနိုင်တာ ဖြစ်ပေမယ့် ဇိမ်ခံသီးသန့်အနေနဲ့ ခရီးဝေးနဲ့ လမ်းချော မောင်းမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်မယ့်နှုန်းကတော့ တမိနစ် အပတ်ရေ ၆၂၀၀ ထိအောင် ဖြစ်ပြီးပုံမှန် အနေအထားလောက်ပဲ ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်ကို ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာက အမြန်နှုန်း မြှင့်တင်နိုင်မှုတွေ အထိအောင်ပါ အားနည်းသွားစေတာ ဖြစ်ပေမယ့် အင်ဂျင်စနစ်ရဲ့ ဆီစားများမှုကိုတော့ ခံသာစေလာပါတယ်။ ဂီယာချက် ပြောင်းလဲမောင်းနှင်နိုင်မှု အပိုင်းမှာ Auto စနစ်နဲ့ သွားပြီး ပျမ်းမျှ ဆီစားနှုန်းကို ကြည့်မယ်ဆိုရင် ဆီတဂါလံကို ၂၃ မိုင်လောက်ထိအောင် မောင်းနှင်နိုင်စေမှာလည်း ဖြစ်ပါတယ်။ မြို့တွင်းတွေအတွက် ၁၉ မိုင် နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာဆိုရင် ၂၇ မိုင်လောက်ထိအောင် ရနိုင်ပြီးတပ်ဆင် ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၉.၅ ဂါလံထိအောင်ဖြစ်ကာ ဆီအပြည့်နဲ့ ခရီးတဆက်တည်း မောင်းနှင်နိုင်မှုကနေ မိုင် ၄၄၀ ကျော်လောက်ထိအောင် ရောက်ရှိမှာလည်း ဖြစ်ပါတယ်။

သုံးသပ်ချက် …

ဇိမ်ခံမော်ဒယ်တခုရဲ့ အသက်ကယ်စနစ်ပါတဲ့၊ ယာဉ်မောင်းအသက်ကယ်လေအိတ်၊ ခရီးသည် ထိုင်ခုံတန်းလေအိတ်၊ ဘေးဘက်ဦးခေါင်းပိုင်းလေအိတ်၊ နောက်ဖက်ဦးခေါင်းပိုင်းလေအိတ်နဲ့ ဘေးဘက် လေအိတ်စနစ်တွေ ပါပါတယ်။ ပုံမှန်အဆင့်မြင့် ဇိမ်ခံတွေထက်တော့ လေအိတ်စနစ် အနည်းငယ် လိုနေတာပါ။ ဘရိတ်စနစ်က ABS နဲ့ လာပြီးအကူစနစ်စုံ  ထည့်ထားတယ်၊ Disc ဘရိတ်စနစ်ကို အခြေခံထားတယ်၊ Stability စနစ်က လျှပ်စစ်စနစ်နဲ့ ထိန်းထားမယ်၊ နေ့ဖက်အလင်းပြေးစနစ်ပါမယ်၊ ကလေးတွေအတွက် Safety Lock စနစ်ထည့်ထားတယ်၊ Suspension စနစ်က Strut နဲ့ Multi-link ကိုပဲအခြေခံထိုင်ထားတာ ဖြစ်ပြီး Stabilizerတွေ ကူမယ်ဆိုရင် ပိုကောင်းမယ် ထင်တာပါပဲ။ ဒါပေမယ့် အထိအတွေ့နဲ့ လိုက်ပါ စီးနင်းရမှုကတော့ အဆင်ပြေပါတယ်။ တဖက်က ပြန်တွေးရင်လည်း ဈေးချိုအောင် ထုတ်ထားတာဆိုတော့ ပြစ်ချက်တော့ ဘယ်ကင်းပါ့မလဲ။ ကောင်းပါပြီ၊ ဒါဆိုကျနော်တို့ MDX ကိုရာနှုန်းပြည့်တော့ စိတ်ကြိုက် မတွေ့ပေမယ့် ကြယ်ငါးပွင့်မှာ လေးပွင့်လောက်တော့ ပေးလို့ရပါတယ်နော်။

Your Thoughts …
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.6k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အစိုးရဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တပ်ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည် အဓိကထားဆွေးနွေး

လမ်းရှာနေတဲ့ တွေ့ဆုံမှုတွေ

Huawei, GR5, Event

Huawei G စီးရီး နောက်ဆုံးထုတ် စမတ်ဖုန်း Huawei GR 5 မိတ်ဆက်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate