Automobile

မြန်မာတွေကြိုက်တဲ့ Nissan Rogue

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှာ Nissan ကုမ္ဗဏီက ထုတ်တဲ့ Noteမော်ဒယ်က တော်တော်လေး လူသိများသလို လူစီးလည်း များနေပြီ ဖြစ်ပြီး နိုင်ငံတကာ အတိုင်းအတာမှာလည်း Noteရဲ့ အောင်မြင်မှုက ရုပ်ထွက်ချင်း ဆင်တူအောင် တခြား ဆင်တူ မော်ဒယ်မျိုး ဖန်တီးထုတ်လုပ်ရောင်းချလာနိုင်အောင် ဖြစ်လာပါတယ်။ ဟုတ်ပါတယ်၊ Noteနဲ့ ဆင်တူတဲ့ Rogueထွက်လာပါပြီ။ ဒါပေမယ့် SUVမော်ဒယ်ပါ။

အားသာချက်က မောင်းနှင်ရမှု အပိုင်းမှာ ခရီးဝေး မောင်းနှင်မှု အများစုမှာ ဖြစ်တတ်တဲ့ အချိန်ကြာ မောင်းနှင်မှု အတွက် အင်ဂျင် ညဉ်းသံပေးမှု မတွေ့ရပဲ တည်ငြိမ်တဲ့ အင်ဂျင်သံနဲ့ မောင်းနှင်နိုင်မှုကို တွေ့ရပါတယ်။ တတိယ ထိုင်ခုံတန်းနဲ့ လိုချင်တယ် ဆိုရင်လည်း ရနိုင်သလို အစကတည်းက ပုံမှန် ခုံ နှစ်တန်းတည်းနဲ့ လိုချင်တယ် ဆိုရင်လည်း ရွေးချယ်နိုင်မှာပါ။ နောက်ထပ် အားသာချက် တစ်ချက်က နည်းပညာ ထည့်သွင်းထားရှိမှု အပိုင်းမှာ လွယ်ကူ ရိုးရှင်းတာ ဖြစ်ပြီး အသုံးပြုသူကိုလည်း ရင်းနှီးလွယ်စေအောင် ရိုးရိုးလေး ဖန်တီးထားတာ ဖြစ်ပါတယ်။ အတွင်းခန်းလည်း အထူးကျယ်ဝန်းပြီး မော်ဒယ်က ဇိမ်ခံ မော်ဒယ်တွေလို ထင်မှတ် ရလောက်အောင် ရုပ်ထွက် တည်ငြိမ် ထူးခြားတာတွေက အားသာချက်တွေ ဖြစ်ပါတယ်။

အားနည်းချက် အနေနဲ့ကတော့ မော်ဒယ်ရဲ့ အင်ဂျင်စနစ်က အရှိန်ရသွားပြီ ဆိုရင် တည်ငြိမ်တာ မှန်ပေမယ့် အရှိန်တင် မောင်းနှင်ချိန်တွေမှာတော့ ဆူညံသံ ပေးချင်နေတာ တွေ့နိုင်ပါတယ်။ နောက်ပြီး Transmission စနစ် တစ်ခု ဖြစ်တဲ့ CVTစနစ်က တုံ့ပြန် ရုန်းကန်မှု နှေးချင်ပြီး မောင်းနှင်ရမှု အပိုင်းမှာ စိတ်ကြိုက် မဖြစ်ပါဘူး။

ကိုယ်ထည်ပိုင်းမှာ အပြင်ဘက် အရောင်ကို ခုနစ် ရောင်ရွေးနိုင်မှာ ဖြစ်ပြီး အတွင်းခန်းကတော့ အထည် ဦးစားပေး ပုံစံနဲ့ နှစ်မျိုး ရနိုင်ပါတယ်။  အင်ဂျင်ပိုင်းမှာက ၂ ဒသမ ၅လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်ကို ထည့်သွင်းထားတာ ဖြစ်ပြီးတော့ ဒီအင်ဂျင်စနစ်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၄၄၀၀မှာ ရုန်းအား ၁၇၅ပေါင်-ပေ ထွက်ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၇၀အား ဖြစ်ပါတယ်။

မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ ဖြစ်ပြီးတော့ မောင်းနှင်ရမှု အပိုင်းမှာ အထူးလွယ်ကူအောင် အခု နောက်ပိုင်း လူကြိုက်များလာတဲ့ Transmissionစနစ် ဖြစ်တဲ့ CVTနဲ့ ဖြစ်ပါတယ်။ ဘီးစုံယက် စနစ်နဲ့လည်း လိုချင်တယ် ဆိုရင် ရနိုင်ပြီး သူကတော့ ဆီစား နည်းနည်း ပိုများချင်ပါတယ်။  ပျမ်းမျှ ဆီတဂါလံကို မိုင် ၃၀ထိ လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ကာ ထည့်သွင်းထားတဲ့ ဆီတိုင်ကီကတော့ ၁၄ ဒသမ ၅ ဂါလံ ဆံ့ပါတယ်။

Image Credit: www.edmunds.com

Loading