Automobile

မြန်မာတွေကြိုက်တဲ့ Toyota Premio

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာတော့ တန်ကြေးသင့် ဇိမ်ခံ မော်ဒယ်ဆိုရင် Toyotaအမှတ်တံဆိပ်တွေပဲ လူကြိုက် များကြပြီးတော့ Crown, Mark Xနဲ့ Mark IIမော်ဒယ်တွေဖြစ်ပါတယ်။

ဒါပေမယ့် တန်ကြေးသင့်လို့ ဆိုတဲ့ အတိုင်း ကျပ်သိန်း ၃၀၀ ဝန်းကျင်မော်ဒယ်တွေလည်း ဖြစ်၊ ဇိမ်ခံ ဆိုတဲ့ အတိုင်း အဆင့်လည်း မြင့်မယ့် အနေအထားမှာ အဆိုပါ မော်ဒယ်တွေနဲ့စာရင် အခုလို ကားဈေး မငြိမ်တဲ့ အနေအထားအတွက် သိန်း၅၀လောက်ထိအောင် ဈေးချိုနိုင်မယ့် Premioတွေက ဈေးကွက်ကို ဦးဆောင် နေပါတယ်။

လက်ရှိ လူကြိုက်များ မော်ဒယ်တွေနဲ့ နှိုင်းစာကြည့်မယ် ဆိုရင်လည်း Crwonရဲ့ ရုပ်ထွက်က တည်ငြိမ်တယ်၊ Mark X ရဲ့ ရုပ်ထွက်က လူငယ်ဆန်တယ်၊ Premioကျတော့ Crownနဲ့ ဆင်တယ်၊ တည်ငြိမ်မှု အား ကောင်း တယ်၊ ဇိမ်ခံ မော်ဒယ် အနေနဲ့ ရွေးချယ်နိုင်မယ်၊ ဒီနေရာ တစ်ခု ရှိတာက ပြိုင်ဖက် မော်ဒယ်တွေထက် မော်ဒယ် မြင့် အနေအထားကို ဈေးချိုချိုနဲ့ ရနိုင်မှာပဲ ဖြစ်ပါတယ်။

အခု ယှဉ်ပြီး ပြောနေတဲ့ မော်ဒယ် သုံးခုထဲမှာ စွမ်းဆောင်ရည်ပိုင်းနဲ့ မော်ဒယ် တစ်ခုရဲ့ အရေးကြီးတဲ့ အပိုင်း တွေထဲမှာ Premioရဲ့ နောက်ကောက်ကျနေမှု၊ အားနည်းနေမှု ဒီလောက်ကြီး မများပေမယ့် အားနည်းချက်က ရွေးချယ်နိုင်စရာ နည်းပါးတာ ဖြစ်ပြီး အားသာချက်ကတော့ ဈေးချိုတာ ဖြစ်ပါတယ်။ ရှေ့ထွက် Premio တွေကတော့ မော်ဒယ်နှစ် ၂၀၀၅ခုနှစ် ဝန်းကျင်လောက် များပြီး အင်ဂျင်ပိုင်းလည်း ကြီးမားတာ တွေ့ရပေမယ့် အခု နောက်ပိုင်း ၂၀၀၉ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေမှာတော့ ဆီစားနည်းပါးအောင် ရည်ရွယ်ပြီးတော့ အင်ဂျင်စနစ် အသေးစားကို ထည့်သွင်း ထုတ်လုပ်လာတာ တွေ့ရသလို လက်ရှိ ဈေးကွက်မှာ အဝင်များနေတဲ့ ၂၀၀၉ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေဆိုရင် အင်ဂျင်က ၁ ဒသမ ၈လီတာသုံးလောက်ပဲ တပ်ဆင်ထားတာပါ။

ဒါဟာ Crwonနဲ့ Mark Xတွေရဲ့ ၂ ဒသမ ၄လီတာသုံး အင်ဂျင်အရွယ်တွေနဲ့စာရင် ဆီစား သိသိသာသာ လျော့နည်းသွားတာ ဖြစ်ပြီး ခရီးဝေး မောင်းနှင်မှုတွေ အတွက်ပါ အဆင်ပြေစေနိုင်မယ့် အင်ဂျင်စနစ် ဖြစ်လာပါတယ်။

မောင်းနှင်ပြီး ကီလို ၇သောင်း ဝန်းကျင်လောက် ဈေးကွက်မှာ အတွေ့ရများပြီး ဈေးစကားက ကီလိုနဲ့ အတွင်းခန်း ထည့်သွင်းပစ္စည်း အော်ရယ်ဂျင်နယ် ဖြစ်၊ မဖြစ် ဆိုတာနဲ့ ကြည့်ရပါလိမ့်မယ်။ အရောင်က လူကြိုက်များတဲ့ အရောင် အဖြူတွေ တွေ့ရပြီး ငွေမှင်လို အရောင်တွေကတော့ ဈေးပိုင်းမှာ သိန်းကို ဆယ်ဂဏန်းလောက်ထိအောင် လျော့ချင်ပါတယ်။ နပါတ် စတိ အနေအထား ဆိုတော့ တချို့က နပါတ် ထွက်ပြီး မော်ဒယ်တွေ အကြိုက်များနေတဲ့ အချိန်မှာ မော်ဒယ်ကို ဈေးပိုချိုလာစေနိုင်ပါတယ်။

ဈေးကွက်မှာတော့ ၂၀၀၉ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ် X Grade အဖြူကို သိန်း ၂၄၀လောက် အခေါ် ရှိပေ မယ့် အဖြူရောင် မဟုတ်ခဲ့ရင်၊ မောင်းနှင်ပြီး ကီလို တစ်သိန်းဝန်းကျင် ဖြစ်နေမယ် ဆိုရင်၊ ထည့်သွင်း ဖျော်ဖြေ ရေးနဲ့ အပြင်အဆင်ပိုင်း Oriနည်းနေမယ် ဆိုရင်ဈေးက အကျဘက်မှာ ပိုပြီး ရှိနေမှာပါနော်။ ဒါပေမယ့် မတ်လ ထဲမှာ ကားဈေးနည်းနည်း ပြန်တက်လာနိုင်တာကြောင့်   ဈေး အရမ်းကြီးကျဖို့တော့ မမြင်ပါဘူး။

Loading