Automobile

Brand New ကားသစ် ဝယ်မယ်ဆိုရင် ဘာတွေ အရင် သိအောင်လုပ်ထားရမလဲ

This article has been converted from Zawgyi One to Unicode

ပြည်တွင်းမှာ ကားကုမ္ဗဏီကြီးတွေက Brand New Showroomတွေ ဖွင့်လှစ်မှု များလာသလို ကားသစ် ဝယ်ယူ စီးနင်းမှုတွေလည်းများလာပါတယ်။ ရွေးချယ်မှု များလာတဲ့အချိန်မှာ ကားသစ် ဝယ်တော့မယ်ဆိုရင် လုပ်ဆောင်သင့် တဲ့ အရေးကြီးတဲ့ အချက်လေးတွေကို သိထားရမှာဖြစ်ပါတယ်။ ကားသစ်တွေ ဖြစ်တာကြောင့် စစ်ဆေးမှု အပိုင်းထက် ရွေးချယ်မှုအပိုင်းကိုပဲ အဓိက သိထားရမှာဖြစ်ပါတယ်။

(၁) ကိုယ်နှစ်သက် ဝယ်ယူလိုတဲ့ အမှတ်တံဆိပ်နဲ့ မော်ဒယ် အမျိုးအစားကို ရွေးချယ်ပါ။ ဒါကတော့ Mazda, Nissan, Toyota စသဖြင့် ကိုယ်နှစ်သက်ရာ အမှတ်တံဆိပ် ၃ခုလောက်ကို ဦးစားပေး အစဉ်လိုက် ရွေးချယ်ပါ။ နောက်တဆင့် အနေနဲ့တော့ Mazsa MX5, Nissan March, Toyota Crownစသဖြင့် စိတ်ကြိုက် မော်ဒယ်ကို အစဉ်လိုက်မှတ်သားပါ။

(၂) Showroomလိပ်စာကို ရှာဖွေပါ။ ဒီအချက်ကတော့ မော်တော်ကား ဂျာနယ်၊ ဒါမှမဟုတ် Facebookလို Social Networkingက အစ Googleထိအောင် အသုံးပြုပြီး ကိုယ် ရွေးချယ်ထားတဲ့ အမှတ်တံဆိပ်တွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို ရှာဖွေ မှတ်သားပါ။

(၃) ကိုယ်နှစ်သက်တဲ့ မော်ဒယ် ရှိ၊ မရှိနဲ့ ဝယ်ယူနိုင်မှု ပုံစံ မေးမြန်းပါ။ ရန်ကုန် အနေအထားအတွက် ဆိုရင် တောင်မှ Showroom လိပ်စာ သိထားပေမယ့် လူကိုယ်တိုင် မသွားသေးဘဲ ကိုယ် နှစ်သက်တဲ့ မော်ဒယ် ရောင်းချ ဖို့ ရှိ၊ မရှိ ကြိုတင် စုံစမ်းတာ အကောင်းဆုံးပါ။ ပြီးရင်တော့ အဆိုပါ မော်ဒယ်ကို အရစ်ကျစနစ်နဲ့လား၊ ငွေသား ပေးချေမှု ပုံစံလား၊ စသဖြင့် ဝယ်ယူမှု ပုံစံတွေ အပါအဝင် ဝယ်ယူပြီး ဝန်ဆောင်မှု အပိုင်းတွေကိုပါ မေးမြန်း မှတ်သားထားပါ။

(၄) ကိုယ်တိုင်သွားရောက် လေ့လာပါ – ကိုယ်နှစ်သက်တဲ့ မော်ဒယ် ရှိနေပြီ ဆိုရင်တော့ လူကိုယ်တိုင် သွား ရောက် ကြည့်ရှှုလေ့လာပါ။ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားမှုကို ခဏ မေ့ထားပြီး ဝယ်ယူရမှု ပုံစံတွေ၊ ဝန်ဆောင်မှု တွေနဲ့ အာခမံအပိုင်းတွေကို ပြန်လည် မေးမြန်း မှတ်သားပါ။

(၅) နိုင်ငံတကာ သုံးသပ်ချက် တချို့ကို လေ့လာပါ။ Showroomမှာ လူကိုယ်တိုင် လေ့လာပြီး နှစ်သက်သည့် တိုင်အောင် အဆိုပါ မော်ဒယ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့ သုံးသပ်ချက်တွေ၊ Edmunds စတဲ့ Online Automobile Website တွေမှာ အဆိုပါ မော်ဒယ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေကို လေ့လာပါ။ နောက်ဆုံး အသေးစိတ် ဖတ်ရှုနိုင်မှု မရှိဘူး ဆိုရင်တောင်မှ စွမ်းဆောင်ရည်၊ လုံခြုံစိတ်ချရမှု၊ ကိုယ်ထည်ပိုင်း စသဖြင့် အပိုင်း တစ်ခုချင်းစီ အတွက် ကြယ်ငါးပွင့် ပုံစံနဲ့ အမှတ်ပေးလေ့ရှိပြီးတော့ ကြယ်အများဆုံး ရတဲ့ မော်ဒယ်ကိုမှ ရွေးချယ်ပါ။

(၆) မော်ဒယ်ခွဲရွေးချယ်မှုရှိပါစေ။ Showroom တခုမှ ပြသရောင်းချထားတဲ့ မော်ဒယ်မှာ ပြည်တွင်း အခေါ် Grade (မော်ဒယ်ခွဲ)၊ နိုင်ငံတကာမှာတော့ Trim ဆိုပြီး မော်ဒယ်ခွဲတွေ ရှိပါသေးတယ်။ မော်ဒယ်ခွဲ အနေနဲ့ ၂၀၁၆ခုနှစ်ထုတ်လုပ်တဲ့ မော်ဒယ် ဖြစ်သည့်တိုင်အောင် အင်ဂျင်တပ်ဆင်မှု ကွဲပြားတာ၊ နည်းပညာ ထည့်သွင်း ထားရှိမှု၊ ဈေးနှုန်း၊ စတဲ့ ကွာခြားမှုတွေ ရှိတဲ့ မော်ဒယ်ခွဲ အနည်းဆုံး ၃မျိုးကနေ အများအပြား ထုတ်လုပ် လေ့ရှိ ပါတယ်။ ဒီတော့ ပြသထားတဲ့ မော်ဒယ်တစ်မျိုးပဲလို့ မယူဆပါနဲ့၊ မော်ဒယ်ခွဲ ရွေးချယ်ပါ။ ကိုယ် နှစ်သက် တဲ့ မော်ဒယ် ဝယ်ယူရရှိနိုင်မှု ရှိ၊ မရှိ Showroom ကို ပြန်လည် ဆက်သွယ်မေးမြန်းမှု ပြုလုပ်ပါ။

Loading