• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

လုပ်ငန်းသုံးအတွက် အဆင်ပြေမယ့် Mitsubishi eK Wagon

by လင်းထက်(IA)
30 October 2016
in Automobile
A A
လုပ်ငန်းသုံးအတွက် အဆင်ပြေမယ့် Mitsubishi eK Wagon
16.7k
VIEWS
Share on FacebookShare on Twitter

ဒီနေ့ ပြည်တွင်းကားဈေးကွက်မှာအင်ဂျင်အသေးစားတပ်ဆင်ထားတဲ့ မော်ဒယ်တွေပဲလူကြိုက်များနေတဲ့ တချက်ကဆီစားနှုန်းနဲ့ ကားရဲ့ ဈေးနှုန်းတွေကြောင့်ပဲဖြစ်ပါတယ်။ အင်ဂျင် အရွယ် သေးငယ်လေလေတပ်ဆင်စရိတ်နဲ့ စွမ်းဆောင်ရည်တွေကြောင့် ကားရဲ့ ကနဦးဈေးနှုန်းလည်းချိုသာသလိုဆီစားနှုန်းလည်းနည်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့် အင်ဂျင် အရွယ် ၁.ဝလီတာသုံး အောက်ဘက်မှာပဲရှိတဲ့ အများဆုံး ၆၆၀ စီစီသုံးမော်ဒယ်တွေကတော့ လုပ်ငန်းသုံးတွေအဖြစ် အများဆုံးအသုံးပြုနေတာတွေ့လာရပါတယ်။ ရှေ့ပိုင်းမှာ Suzuki Alto လိုမော်ဒယ် တမျိုးလောက်ပဲဈေးကွက် ဝင်ခဲ့သလိုနောက်ပိုင်းလူကြိုက်များလာချိန်မှာတော့ Daihatsu Mira လိုမော်ဒယ်တွေအပါအဝင် အမှတ်တံဆိပ် အစုံအလင် ဈေးကွက် ဝင်လာပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.4k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
438
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

ဒီမော်ဒယ်တွေကိုတော့ အများဆုံးအငှားယာဉ် Taxi တွေအဖြစ်ရယ်၊ အပေါ့စားကုန်ဖြန့်ချိရေးအလုပ်မျိုးနဲ့ အတူအိမ်သုံးအလွယ်စီးမော်ဒယ်တွေအဖြစ် တွေ့ရပါတယ်။ အင်ဂျင်စနစ် သေးငယ်တာကြောင့် ခရီးဝေးမောင်းနှင်နိုင်ဖို့တော့ အားနည်းချက်ရှိမှာပါ။ မောင်းလို့ မရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

Hijetနဲ့ Carry တွေလို ၆၆၀ စီစီသုံးအင်ဂျင်တပ် မော်ဒယ်တွေလည်းဝန်တင်ဆောင်နိ်ုင်မှုအပါအဝင် ဒီနေ့ခေတ် အမြန်လမ်းမှာတွေ့နေရတာကြောင့် အခုeK Wagon လိုမော်ဒယ်အနေနဲ့လည်းခရီးဝေးကိုအနားပေးမောင်းနှင်မယ် ဆိုရင် ဖြစ်နိုင်ပါတယ်။

Air-Con မသုံးဖို့နဲ့ မိုင် ၇၀ ထက် ပိုပြီးခရီးတဆက်တည်းမောင်းနှင်ခြင်းမျိုးကိုရှောင်ကြဉ်မယ် ဆိုရင် ရေရှည် အတွက်ပါ စိတ်ချရပါလိမ့်မယ်။ ပြည်တွင်းဈေးကွက်မှာတော့ ဘယ်လိုအမှတ်တံဆိပ်တွေပဲဖြစ်ဖြစ် တန်ကြေးကအင်ဂျင်အပေါ်မှာအခြေခံပြီးတွက်ချက်လို့ ဈေးသိပ်မကွာပါဘူး။ Mira တမျိုးပဲလူကြိုက်ပိုချင်လို့ ဈေးမြင့်ချင်ပါတယ်။

အခုeK Wagon မှာအင်ဂျင်က ၆၆၀ စီစီသုံးဖြစ်ပြီးညာမောင်းပုံစံကိုယ်ထည်နဲ့ Gasoline သုံးဖြစ်ပါတယ်။ မျက်နှာသစ် အနေနဲ့ ဝင်ထားတာကြောင့် ဈေးကွက်မှာလူသိနည်းသေးပေမယ့် တခြားပြိုင်ဖက် မော်ဒယ်တွေထက် အားသာချက် ဖြစ်နေတဲ့ အချက်တွေက ABS စနစ်လိုဘရိတ်စနစ် ထည့်ထားတာတွေ၊ နောက်ပြီးတန်ကြေးနည်းမော်ဒယ်ဖြစ်သည့်တိုင်အောင် အသက်ကယ် လေအိတ်စနစ် ရှေ့ခန်းအတွက် ပါရှိတာတွေကသဘောကျစရာပါ။

အတွင်းခန်းမှာ TV နဲ့ CD လိုအပိုင်းတွေကအော်ရီဂျင်နယ်တွေပါ၊ အသုံးပြုရမှုအပိုင်းမှာစာတန်းရေးထားမှုကEngလိုမဟုတ်လို့ အစပိုင်းမှာနည်းနည်းအဆင်မပြေပေမယ့် သုံးလို့တော့ လွယ်ပါတယ်။ အတွင်းခန်းတပ်ဆင်ပစ္စည်း၊ ထိုင်ခုံ၊ ခြေနင်းနဲ့ Dashboard အပိုင်းတွေအားလုံးကအော်ရီဂျင်နယ်အတိုင်းရနိုင်ပါတယ်။

ပြန်ထည့်ထားတဲ့ ပစ္စည်းတွေအနေနဲ့ကခဏတော့ အရောင် ထွက်နေနိုင်ပေမယ့် ရေရှည်မှာမကောင်းချင်တာကြောင့် ပြန်ထည့် မော်ဒယ်တွေဆိုရင်တော့ ဈေးနည်းနည်းကျနိုင်သလိုစဉ်းစားစစ်ဆေးပြီးမှ ဝယ်ဖို့ ကောင်းပါတယ်။

တခုရှိတာက Mira လိုအဖြူရောင် မော်ဒယ်တွေမရနိုင်ဘဲငွေရောင်တွေပဲအတွေ့ရများတာကအရောင်စွဲကြီးတဲ့ ပြည်တွင်းဈေးကွက်မှာလူကြိုက်နည်းစေနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၂၀၁၀ ထုတ် eK Wagon ကိုငွေရောင် အနေနဲ့ ကီလို ၉ သောင်းခွဲအနေအထားမှာသိန်း ၉၀ ပဲအခေါ်ရှိပါတယ်။ ဒါက Mira နဲ့ ဈေးနှုန်းချင်းတူနေပေမယ့် Mira အများစုကကီလို ၁ သိန်းကျော်တွေပဲများတဲ့ တချက်ကeK Wagon ကိုအပိုပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကိုကြည့်ပြီးရွေးချယ်မယ် ဆိုရင် အဆင်ပြေနိုင်သလိုအရောင်နဲ့ မျက်နှာသစ် ဖြစ်နေလို့ ဈေးကအကျဘက်မှာပဲရှိနေနိုင်ပါတယ်။

Your Thoughts …
Tags: Automobile
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

ကမ္ဘာ့အမြန်ဆုံးလို့ဆိုတဲ့ Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

by လင်းထက်(IA)
14 August 2017
12.6k

အင်ဂျင်စက်နှိုးဖို့အတွက် လျှပ်စစ်မော်တာ ထည့်ထားပြီး အလွယ်စက်နှိုးနိုင်အောင် ဖန်တီးထားတယ်၊ Free ရိုက်ချင်တဲ့ အချိန်မှာ စက်သတ်နိုင်မယ့်စနစ်ပါတယ်၊

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

by လင်းထက်(IA)
2 November 2016
17k

အင်ဂျင်ဝိုင် အရည်အသွေး မပြည့်တော့လို့လည်း မီးခိုး အနည်းငယ် လိုက်တတ်ပါတယ်။ ဒီအချက်က အင်ဂျင်ဝိုင် သက်တမ်းနဲ့ ပျစ်ရည် အနေအထားကို ကြည့်ပြီး ပြစ်ချက် ရှာနိုင်ပါတယ်

2016 ထုတ် Honda CBR 150R ဆိုင်ကယ်များ

ဈေးချိုချိုနဲ့ ရနိုင်လာတဲ့ 2016 Honda CBR 150R ဆိုင်ကယ်

by လင်းထက်(IA)
19 June 2017
27.7k

၂၀၁၇ခုနှစ် မော်ဒယ်တွေကတော့ ဈေးကွက်ထဲ ရောက်လာတာ မကြားသေးဘဲ ဈေးမြင့်ပြီး အရင်နှစ် ၂၀၁၆ အသစ်အနေအထား မော်ဒယ်တွေကတော့ ၃၅ သိန်းလောက်နဲ့ပဲ ရနိုင်နေတာ တွေ့ရပါတယ်။

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

by လင်းထက်(IA)
21 January 2017
17.8k

တာယာ အမြန်ဆုံး ပွင့်ထွက်စေတဲ့ အကြောင်းရင်းက သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းကြောင့် မဟုတ်ပါဘူး။ ဝန်တင်ဆောင်မှု ပိုများလို့ပါ။ နောက်ပြီး လေပေါင်ချိန် မမှန်လို့ပါ။

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

by လင်းထက်(IA)
14 January 2017
40.5k

Porter II တွေက လုပ်ငန်းသုံး မော်ဒယ်အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ၆၆၀ စီစီ သုံး မော်ဒယ်တွေက သိန်း ၁၀ဝ အောက်လောက်နဲ့ ရနိုင်တယ်

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

by လင်းထက်(IA)
6 December 2016
16.8k

ပွဲတက် မော်ဒယ်အဖြစ် အံမဝင်ပေမယ့် လုပ်ငန်းသုံး၊ မိသားစုသုံး မော်ဒယ်အဖြစ်နဲ့ ယနေ့ ကမ္ဘာရဲ့ ကား ၁၀ စီးမှာ ၂ စီးခွဲလောက်က Hatchback တွေ ဖြစ်နေပါတယ်။ သူ့ထက် ကိုယ်ထည်သေးတဲ့ Supermini တွေကလည်း...

Next Post
လူသတ်မှုဖြင့် မြန်မာတဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

လူသတ်မှုဖြင့် မြန်မာတဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

အဆိုးဆုံးဗီလိန်ဇာတ်ကောင် ၁၀ ဦး

အဆိုးဆုံးဗီလိန်ဇာတ်ကောင် ၁၀ ဦး

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate