မော်ဒယ်က ၂၀၁၄ ခုနှစ်ကတည်းကကမ္ဘာ့ အကောင်းဆုံးအထိုင်စနစ်နဲ့ ထုတ်လုပ်နိုင်ခဲ့တဲ့ မော်ဒယ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး Volvo ရဲ့ နာမည်လည်းကြီးသွားခဲ့သလိုရောင်းအားလည်းထိုးတက်ခဲ့တာပါ။ လူကြိုက်များပြီးဈေးနှုန်းနည်းနည်းမြင့်ချင်နေတာလေးတခုရယ်၊ ဈေးကွက်မှာစွမ်းဆောင်ရည်ပိုင်းလိုအပ်ချက် နည်းနည်းရှိတာလေးရယ်၊ SUV ကောင်းကောင်းထုတ်လုပ်နိုင်နေတဲ့ Porsche နဲ့ Mercedes လိုအမှတ်တံဆိပ်တွေရှိနေတာကြောင့်ရင် ရောင်းအားအကောင်းဆုံးနေရာကိုမရသေးပေမယ့် ထိပ်တန်းစာရင်းဝင်နေနိုင်ပါပြီ။
တခြားမော်ဒယ်တွေအပြိုင်အဆိုင် မိတ်ဆက်လာချိန် ခေတ်နောက်ကျ မကျန်ရလေအောင် Volvo လည်းမိတ်ဆက်ပွဲထုတ်လာခဲ့ပါပြီ။ ကိုယ်ထည် တည်ဆောက်ပုံကတော့ မပြောင်းလဲခဲ့ပါဘူး။ အရင်နှစ်ကမော်ဒယ် အတိုင်းပါပဲ။ ၂.၅ လီတာသုံး ၅ လုံးထိုးအင်ဂျင်စနစ်သစ် တခုရွေးချယ်နိုင်စရာထုတ်လုပ်လာပါတယ်။ သူကအရင်နှစ်ကဘီးစုံယက်စနစ်နဲ့ ထုတ်လုပ်ခဲ့တဲ့ Turbocharged စနစ်သုံး ၄ လုံးထိုးအင်ဂျင်တွေနေရာကိုအစားထိုးရွေးချယ်နိုင်အောင် ထုတ်လုပ်လာတာဖြစ်ပါတယ်။ ဆီစားနှုန်းချိုသာအောင် ဖန်တီးလာနိုင်မှုနဲ့ အတူစွမ်းဆောင်ရည် ပိုမိုကောင်းမွန်ချင်တာကြောင့် အခုလိုထုတ်လုပ်မှုပြုလုပ်လာခဲ့ပုံရပါတယ်။
မော်ဒယ်ရဲ့ အားသာချက် နည်းနည်းကြည့်မယ်ဆိုရင် ၄ လုံးထိုးအင်ဂျင်တွေနဲ့လည်းဆက်လက် ရနိုင်နေသေးတဲ့ အနေအထားမှာကျနော်တို့ကတော့ ဆီစားလည်းနည်းမယ့် ၄ လုံးထိုးအင်ဂျင်တွေကိုနှစ်သက်နေဆဲပါ။ နောက်ပြီးမော်ဒယ်ရဲ့ လုံခြုံစိတ်ချရမှုအပိုင်းကထိပ်တန်းအဆင့်ရှိပါတယ်။ အသက်ကယ်စနစ်တင် မဟုတ်ဘဲထိုင်ခုံတွေရဲ့ တည်ဆောက်ပုံမှာကိုပဲလုံခြုံရေးစနစ် အတွက် အထောက်အပံ့ ဖြစ်စေမယ့် စနစ်ကိုထည့်သွင်းထားတာဖြစ်ပါတယ်။
မိသားစုသုံးအတွက် အကောင်းဆုံးရွေးချယ်သင့်တဲ့ မော်ဒယ် ဖြစ်လာပါတယ်။ ဇိမ်ခံစစ်စစ် အနေနဲ့ပါ သုံးနိုင်ပြီး Land Rover ရဲ့ မော်ဒယ်တွေကိုကောင်းကောင်းဈေးကွက် ပြိုင်ဆိ်ုင်နိုင်စွမ်းရှိနေပါတယ်။ နောက်ဆုံးသဘောကျမိတဲ့ အချက်ကတော့ အတွင်းခန်းကျယ်ဝန်းမှုကြောင့် ခရီးဝေးမောင်းနှင်မှုမှာပါ သက်တောင့်သက်သာရှိစေတာပဲဖြစ်ပါတယ်။
အားနည်းချက် အနေနဲ့တော့ အတွင်းခန်းအပြင်အဆင် ဒီဇိုင်းကဇိမ်ခံမော်ဒယ် တခုအတွက် ရိုးလွန်းပါတယ်။ အခုထက် ဆွဲဆောင်မှုကောင်းအောင် ဖန်တီးနိုင်ဖို့ သင့်ပါတယ်။ ထည့်သွင်းထားတဲ့ သတင်းအချက်အလက်ပြ စနစ်ကခေတ် နည်းနည်းကျန်ချင်နေပါတယ်။ နောက်ပြီးအရင်နှစ် မော်ဒယ်မှာလက်ကိုင်ပိုင်းစိတ်ကြိုက်တွေ့မိပေမယ့် အခုနှစ် မော်ဒယ်မှာတော့ လက်ကိုင်ပိုင်းကပြိုင်ဘက် မော်ဒယ်တွေသိသိသာသာကောင်းလာပေမယ့် အခုနှစ် မော်ဒယ်ကသိပ်ပြီးသိသာတဲ့ ပိုမိုကောင်းမွန်မှုကိုမပြနိုင်သလိုပါ။
မော်ဒယ်မှာအင်ဂျင်စနစ်က ၂.ဝ လီတာသုံး ၄ လုံးထိုးအင်ဂျင်နဲ့လည်းရနိုင်သလိုအထက်မှာပြောခဲ့တဲ့ အင်ဂျင် စနစ်သစ်လည်းရမှာပါ။ အင်ဂျင်စနစ်သစ်ကရုန်းအား ၂၉၅ ပေါင်-ပေရှိပြီးတော့ စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၂ကောင်အား ရှိပါတယ်။
အင်ဂျင်ကဆီတဂါလံကို ၂၆ မိုင်လောက်ထိစီးနင်းနိုင်မှာဖြစ်ပြီးဆီစားနှုန်းကပုံမှန်လောက်ပါပဲ။ စွမ်းဆောင်ရည်မှာအင်ဂျင်အပေါ် မူတည်ပြီးတနာရီမိုင် ၆၀ နှုန်းကိုအချိန် ၆.၂ စက္ကန့်ကနေ ၆.၈ စက္ကန့်အတွင်းရောက်အောင် မောင်းနှင်နိုင်မှာပါ။ ဒီနှုန်းကပြိုင်ဖက်တွေထက် နည်းနည်းလေးနှေးချင်နေတာဖြစ်ပေမယ့် SUV တစီးအတွက်တော့ စွမ်းဆောင်ရည်ကောင်းပါပဲ။