နာမည်ကျော် တာယာထုတ်လုပ်တဲ့ ကုမ္ပဏီ Michelin ကနေ အနာဂတ် မော်တော်ယာဉ်တွေမှာ တပ်ဆင် အသုံးပြုနိုင်မယ့် တာယာ နည်းပညာသစ် တခုကို မကြာသေးခင်ကပဲ မိတ်ဆက်လာတာ တွေ့ရပြီး အဆိုပါ တာယာသစ် အနေနဲ့ လက်ရှိမှာတော့ ပြီးပြည့်စုံအောင် ဖန်တီး စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ နာမည်ကျော် တာယာထုတ်လုပ်တဲ့ ကုမ္ပဏီ Michelin ကနေ အနာဂတ် မော်တော်ယာဉ်တွေမှာ တပ်ဆင် အသုံးပြုနိုင်မယ့် တာယာ နည်းပညာသစ် တခုကို မကြာသေးခင်ကပဲ မိတ်ဆက်လာတာ တွေ့ရပြီး အဆိုပါ တာယာသစ် အနေနဲ့ လက်ရှိမှာတော့ ပြီးပြည့်စုံအောင် ဖန်တီး စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Vision လို့ အမည်ပေးထားတဲ့ တာယာစနစ်က တာယာတမျိုးတည်း ဖန်တီးထားတဲ့ စနစ်သစ် မဟုတ်ပဲ ဘီးနဲ့ အတူ ပူးတွဲ ဖန်တီးထားတဲ့ စနစ်သစ်ပါ။ လေထိုးစရာ မလိုပါဘူး။ တစုံတခုနဲ့ ထိုးမိတဲ့ အတွက် ပေါက်ဖို့ မရှိသလို ဖာထေးဖို့ ပြင်ဆင်ဖို့လည်း မလိုဘဲ တာယာ စနစ် အနေနဲ့က ကားရဲ့ သက်တမ်း အတိုင်း တပ်ဆင် အသုံးပြုလာနိုင်ဖို့ ရှိနေတာပါ။
ပြီးတော့ ထူးခြားချက် အနေနဲ့က တာယာကို ရာဘာသား အသစ်တွေနဲ့ ဖန်တီးမှာ မဟုတ်ပဲ စွန့်ပစ် ပစ္စည်းတွေကနေ လိုအပ်တဲ့ ကုန်ကြမ်းကို ပြန်လည် သန့်စင်ရယူ ဖန်တီးမှာလည်း ဖြစ်ပါတယ်။ တာယာ အပြင်သားဟာ ခံနိုင်ရည် ကောင်းကောင်းရှိမှာ ဖြစ်ပေမယ့် ပျော့ပျောင်း နူးညံ့ပါလိမ့်မယ်။ ဒါက လေသွင်းရတဲ့ လက်ရှိ ပုံမှန် တာယာတွေလိုပဲ တုံ့ပြန်မှု ညင်သာအောင် ဖြစ်ပါတယ်။
တာယာ အတွင်းသားမှာ အာရုံခံ စနစ် ပါရှိမှာလည်း ဖြစ်ပါတယ်။ မောင်းနှင်မှု အရ တာယာသား အနေအထား ဘယ်လို ရှိတယ် ဆိုတာ အချက်ပြပေးမှာပါ။ ကားရဲ့ ဗဟိုစနစ်နဲ့ ချိတ်ဆက်နိုင်မှု ကိုတော့ နောက်ပိုင်းမှာ အဆင့်မြှင့်လာနိုင်ပေမယ့် အစပိုင်းမှာတော့ အဆိုပါ တာယာ အတွင်းသားကနေ အာရုံခံ အချက်ပြမှုကို ဖုန်းတွေမှာ Michelin App ထည့်သုံးပြီး သိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး တာယာရဲ့ အနေအထားကို လည်း စိတ်ကြိုက်ပြောင်းလဲ အသုံးပြု ချိန်ညှိနိုင်ဦးမှာလည်း ဖြစ်ပါတယ်။
တာယာစနစ်သစ်မှာ ချည်မျှင်နဲ့ သံကြိုး ထည့်သွင်း ဖန်တီးမှု ပါရှိမှာ ဖြစ်ပေမယ့် ပုံမှန် တာယာတွေထက် ပါးလွှာတဲ့ အလွှာ အနေနဲ့ပဲ ပါရှိမှာ ဖြစ်ပါတယ်။ 3D Printing နည်းပညာနဲ့ ဝယ်ယူသူက လိုချင်တဲ့ တာယာသား ပုံစံကို ပြောဆို ဝယ်နိုင်မှာ ဖြစ်ပြီး ထုတ်လုပ်သူက အဆင်ပြေအောင် ထုတ်လုပ်ပေးမှာပါ။
ပြီးတော့ အခု Vision တာယာသစ် စတင်ရောင်းချပြီ ဆိုတာနဲ့ ဝယ်ယူသူ လာမှ တာယာကို 3D နည်းပညာနဲ့ ထုတ်လုပ် ပေးမှာ ဖြစ်ပြီး တာယာကို ဝယ်ယူသူရဲ့ ကားမှာ ချက်ချင်း တပ်ဆင်ပေးမယ်၊ ဝယ်သူအတွက် စမ်းသပ်မောင်းနှင်ဖို့ လမ်းကြောင်း ဖန်တီးထားရှိမှာ ဖြစ်ပြီး တခါတည်း တာယာ အသစ်နဲ့ စမ်းမောင်းပြီး အဆင်ပြေ၊ မပြေ သိနိုင်မှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
လက်ရှိတော့ အဆိုပါ တာယာစနစ်သစ်ကို ကုမ္ပဏီ အနေနဲ့ လျှို့ဝှက်စမ်းသပ် ဖန်တီးနေဆဲ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကနေဒါမှာ ကျင်းပခဲ့တဲ့ Movin’On အစည်းအဝေးမှာ Michelin ရဲ့ လေ့လာရေး လက်ထောက် အုပ်ချုပ်သူ Terry K Gettys က ပြောပါတယ်။
“ကားတိုင်းမှာ သုံးနိုင်တဲ့၊ အလွယ်တကူ ဖန်တီးနိုင်တဲ့၊ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်တဲ့ နည်းပညာတွေကို သွားလာရေးသုံး ယာဉ်တွေ အတွက် အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ဖို့ အယူအဆနဲ့ အကြံကောင်းတွေ ရရှိ ဖန်တီးနေပြီ ဖြစ်တယ်” လို့ Gettys က ပြောပါတယ်။
အခု တာယာနည်းပညာကို ကနဦး စတင် တီထွင်သူက Michelin ရဲ့ ဒီဇိုင်နာ တယောက်ဖြစ်တဲ့ Mostapha El-Oulhani ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တာယာကို အပြီးသတ် ဖန်တီးနိုင်မှု အတွက် အားနည်းချက်ပေါင်း ၉၀ လောက်ကို ပြင်ဆင် ဖြည့်စွက် ဖန်တီးနေတာလည်း ဖြစ်တယ် လို့ ဆိုပါတယ်။ အထူးသဖြင့် ကာလရှည် အသုံးပြုနိုင်မှုနဲ့ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်အောင် ဖန်တီးမှု ကဏ္ဍအတွက် အပြီးသတ် ဖန်တီးနေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
El-Oulhani ကတော့ “အခု တာယာသစ်ဟာ အနာဂတ်ရဲ့ ကားတိုင်းမှာ တပ်ဆင်ပါရှိမယ့် တာယာဖြစ်ပြီး ဘယ်လို အားနည်းချက်မျိုးမှ ရှိမလာရအောင် ဖန်တီးနေပါတယ်။ အခု Vision တာယာသစ်ဟာ ကျနော်တို့ အနေနဲ့ အနာဂတ်ကို ဘယ်လောက် ကြိုမြင်တယ်၊ အနာဂတ်အတွက် ဘယ်လောက်ကောင်းအောင် ဖန်တီးနိုင်တယ် ဆိုတာ ပြသနိုင်ဖို့ အခွင့်ကောင်း ဖြစ်လာမယ်” လို့လည်း ဆိုပါတယ်။
တာယာသစ် အနေနဲ့ မကြာခင် ဈေးကွက်ထဲ ရောက်အောင် ဖန်တီးနေတယ် လု့ိလည်း သိရပါတယ်။ ။
Ref: www.fleetnews.co.uk