ကျနော်တို့ သိပ္ပံဇာတ်လမ်းတွေထဲမှာပဲ မြင်ဖူးနေကျ ကားပျံတွေကတော့ ဈေးကွက်ထဲ ရောက်လာပါတော့မယ်။ ပေါ်တူဂီ အခြေစိုက် PAL-V ကုမ္ပဏီက သူတို့ရဲ့ Personal Air and Land Vehicle (Pal-V)တွေကို လာမယ့် အောက်တို ဘာကနေ စတင်ပြီး ထုတ်လုပ်ရောင်းချတော့မယ်လို့ အတည်ပြုချက် ထွက်လာပါပြီ။
ဒါပေမယ့် အဆိုပါလအတွင်း ကြိုတင် အမှာစာတွေကိုပဲလက်ခံပြီး မှာယူမှုအတိုင်း ထုတ်လုပ်သွားမှာ ဖြစ်ကာ ကားပျံတွေ ကိုတော့ မှာယူထားသူတွေဆီကို လာမယ့်နှစ်အတွင်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကတော့ ကမ္ဘာ့ပထမဆုံးဈေးကွက်ဝင် ကားပျံမော်ဒယ်ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဈေးကွက်မှာ ချက်ချင်း လက်မခံ နိုင်ဘဲ၊ လူမကြိုက်မှာကို စိုးရိမ်နေပေမယ့် ဈေးကွက် နေရာတခု ခိုင်ခိုင်မာမာ ရချင်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီက ကားပျံအစီးရေ ၅၀ကနေ ၁၀၀အတွင်း ထုတ်လုပ်ရောင်းချချင်နေတာပါ။ ၂၀၂၀ခုနှစ် မတိုင် ခင် ဈေးကွက်အတွင်း ကားပျံအစီးရေ ရာဂဏန်းအနည်းငယ် ရောင်းချထားပြီ ဖြစ်ချင်တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ သူတို့အတွက် အခက်အခဲရှိနေတာက ဈေးနှုန်းပါ။ အခု အမှာစာ လက်ခံရောင်းချမယ့် ကားပျံတစီးကို ယူရို ၄၉၉၀၀၀ ရှိမှာ ဖြစ်ပြီး စတာလင်ပေါင်နဲ့ဆိုရင် ၄၃၇၀၀၀နဲ့ ဒေါ်လာနဲ့ဆိုရင် ၅၉၉၀၀၀ တန်မှာ ဖြစ်လို့ လက်ရှိဈေးကွက် ထဲက အဆင့်မြင့် ဇိမ်ခံမော်ဒယ်တွေထက်ကိုပဲ ဈေးမြင့်ချင်နေတာပါ။
ဒီလို ဈေးနှုန်းမြင့်မားနေမှုအတွက် ကုမ္ပဏီက ရွေးချယ်နိုင်စရာ ရှိအောင် ရည်ရွယ်ပြီး Pal-V Liberty Sport မော်ဒယ်ကို ယူ ရို ၂၉၉၀၀၀ (ပေါင် ၂၆၂၀၀၀၊ ဒေါ်လာ ၃၃၅၀၀၀)နဲ့ ရောင်းချဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ ကားပျံမော် ဒယ် ၂မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
ကားပျံမှာ အတောင်ပဲတွေ ပါရှိမှာ ဖြစ်ပြီး အဆိုပါ အတောင်ပံတွေကို မြေပေါ် လမ်းကြောင်းမှာ မောင်းနှင်နေရင် ခေါက် သိမ်းနိုင်အောင် ဖန်တီးထားမှာပါ။
၂၀၀၅ ခုနှစ်ကပဲ ပေါ်တူဂီအခြေစိုက် Carver အနေနဲ့ သုံးဘီးကားပျံလို ယာဉ်ကို ရောင်းချထားတာ တွေ့ရပြီး အဆိုပါ မော် ဒယ်နဲ့ ဖန်တီးပုံချင်း တူမှာ မဟုတ်သလို စွမ်းဆောင်ရည် အဆပေါင်းများစွာ သာလွန်ကောင်းမွန်မှာလည်း ဖြစ်ပါတယ်။
အခုချိန်ထိအောင် အဆိုပါ ကားပျံရဲ့အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန် ကြေညာတာမျိုးမတွေ့ရသေးဘဲ တနာရီ ၁၀၅ မိုင်ထိအောင် အမြန်ဆုံးမောင်းနှင်နိုင်မယ်။
ဆီစားနှုန်းဘယ်လောက် ရှိမယ်ဆိုတာ မသိရသေးပေမယ့် ဆီအပြည့်နဲ့ဆိုရင် ၂၄၈ မိုင်ကနေ ၃၁၀ မိုင်အတွင်း (ကီလိုမီတာ ၄၀၀ ကနေ ၅၀၀ အတွင်း) လေကြောင်းအနေအထားအပေါ် မူတည်ပြီး ရောက်ရှိအောင် မောင်းနှင်နိုင်မယ်။
ဝန်တင်ဆောင်နိုင်မှု အသင့်အနေအထားနဲ့ ခရီးသည် ၂ ယောက်ထိအောင်ပဲ လိုက်ပါ စီးနင်းနိုင်မယ်ဆိုတဲ့အချက်နဲ့ ဈေးနှုန်း တွေကိုပဲ မိတ်ဆက်လာသေးတာတွေ့ရပါတယ်။
Ref: www.dailymail.co.uk