အခုနှစ်မှာ GMC က ထုတ်တဲ့ Terrain ကတော့ ရုပ်ထွက်ပိုင်းမှာ တော်တော်ကိုပဲ ပြောင်းလဲ ထားတယ်၊ ရလဒ်က အာရှထုတ် မော်ဒယ်တွေလိုပဲ ဆွဲဆောင်မှု အကောင်းဆုံး ပုံစံ ရလာတာပဲ ဖြစ်ပါတယ်။ ဒီ မော်ဒယ်မှာ ဇိမ်ခံပုံစံ ပြင်ဆင်လာတယ်၊ စီးနင်းရတဲ့ အခါ အထူးပဲ သက်သောင့်သက်သာ ရှိတယ်၊ ကားအတွင်းပိုင်း တပ်ဆင် ဆက်စပ် ပစ္စည်းတွေက အရည်အသွေး မြင့်မားသလို ဖန်တီးမှု အားကောင်းပြီး ပွဲတက် ဇိမ်ခံ မော်ဒယ် အနေနဲ့ပါ သုံးနိုင်လောက်အောင် ကောင်းမွန်လာပါတယ်။
ပြီးတော့ အင်ဂျင်စနစ်က စွမ်းအင် ထုတ်လုပ်မှုလည်း ကောင်းတယ်၊ ဆီစားနှုန်းလည်း သက်သာလာတယ်။ MyLinl ဆိုတဲ့ ဖျော်ဖြေရေးနဲ့ သတင်း အချက်အလက်ပြ စနစ်က အရင် Terrain မော်ဒယ်တွေမှာ ပါနေကျ ပုံစံကိုပဲ အဆင့်မြှင့်ထားတာ ဖြစ်လို့ သုံးနေကျ ဖြစ်ပြီး အသားကျပြီးသား ဖြစ်နေပါတယ်။ သဘောအကျဆုံး အချက်က လုံခြုံရေး အပိုင်း ဖြစ်ပြီး နောက်ဆုံးပေါ် လုံခြုံရေး စနစ်တွေ သုံးနိုင်အောင် ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဒါပေမယ့် မော်ဒယ်က ပြိုင်ဘက် မော်ဒယ်တွေနဲ့ စာရင် ဈေးနည်းနည်း မြင့်ချင်နေတာ တချက်က လူကြိုက်နည်းစေနိုင်ပါတယ်။ အတွင်းခန်း ကျယ်ဝန်းအောင် ဖန်တီးထားပေမယ့် ရှေ့ခန်းတွေမှာ ကျယ်သလောက် နောက်ဘက် ဝန်တင်ခန်းက ကျဉ်းနေပါတယ်။
ဖျော်ဖြေရေး စနစ် အပိုင်းမှာ အခြား နည်းပညာမြင့် မော်ဒယ်တွေလေက် နည်းပညာ အသုံးပြုနိုင်မှု မရှိဘဲ အားနည်းနေတာ လည်း တွေ့ရတယ်၊ နောက်ဆုံး ပြောချင်တဲ့ အားနည်းချက်ကတော့ ၁ ဒသမ ၅ လီတာသုံး အင်ဂျင်နဲ့ပါ ရနိုင်အောင် ထုတ်လုပ် ထားပေမယ့် ဒီအင်ဂျင်စနစ်က ပုံမှန်ထက် ဆူညံသံဖြစ်စေနိုင်တာ တွေ့ရပါတယ်။
မော်ဒယ် အနေနဲ့ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ ထုတ်လုပ်မှု အပိုင်းမှာ ၄ မျိုး ထုတ်လုပ်တာ တွေ့ရပြီး SL, SLE, SLT နဲ့ Denali တွေ ဖြစ်ပါတယ်။ အင်ဂျင်စနစ် ၃ မျိုးလာပြီး ၁ ဒသမ ၅ လီတာသုံး အင်ဂျင်က ရုန်းအား ၂၀၃ ပေါင် /ပေမှာ မြင်းကေင်ရေ ၁၇၀ အား ထိ ရှိမှာလည်း ဖြစ်ပါတယ်။
SLT မော်ဒယ်နဲ့ Denaliမော်ဒယ်ခွဲတွေမှာတော့ ၂.ဝလီတာသုံး လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်ကတော့ ဓါတ်ဆီသုံး ဖြစ်ပြီး ရုန်းအား ၂၆၀ပေါင်-ပေမှာ မြင်းကောင်ရေ ၂၅၂ကောင်အားထိအောင် ထွက်ရှိတာ တွေ့ရပါတယ်။ တကယ်လို့ ဒီဇယ် အင်ဂျင်နဲ့ လိုချင်တယ် ဆိုရင်တော့ ၁.၆လီတာသုံး လေးလုံးထိုး အင်ဂျင်နဲ့လည်း ရနိုင်ပြီး သူကတော့ ရုန်းအား ၂၄၀ပေါင်-ပေမှာ မြင်းကောင်ရေ ၁၃၇ကောင်အားပဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ ၆ချက်သုံး Autoနဲ့ သွားပါတယ်။ ဘီးစုံယက် စနစ်နဲ့လည်း ရနိုင်ပါတယ်။ ဒီမော်ဒယ်ခွဲတွေမှာတော့ နည်းပညာပိုင်း နောက်ထပ် အဆင့်မြှင့်နိုင်မှုတွေ ဖြစ်တဲ့ Driver Alert II, Advanced Safety, Denali Comfortစတဲ့ စနစ်တွေကို မိမိ စိတ်ကြိုက် အဆင့်မြှင့်ချင်ရင် မြှင့်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။
GMCရဲ့ အဆိုအရတော့ ဒီဇယ် အင်ဂျင်နဲ့ မော်ဒယ်က ဆီတစ်ဂါလံကို ပျမ်းမျှ မိုင် ၄၀လောက်ထိအောင် စီးနင်းနိုင်မယ်လို့ ဆိုပြီး ဓါတ်ဆီအင်ဂျင်တွေကတော့ ပျမ်းမျှ ၃၂မိုင်လောက်ထိအောင် စီးနင်းနိုင်တာ တွေ့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ တစ်နာရီ မိုင် ၆၀နှုန်း ရဖို့ကိုတော့ အချိန် ၈စက္ကန့် ဝန်းကျင်လောက်ထိအောင် ယူမှာ ဖြစ်ပြီး အင်ဂျင်စနစ်ကို သေးငယ်အောင် ဖန်တီးထားလို့ ပုံမှန် စွမ်းဆောင်ရည်လောက်ပဲ ပြသနိုင်တာ ဖြစ်ပါတယ်။နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၃၁၃၄၅ကနေ ၃၈၄၉၅အတွင်း မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com