• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

မြန်နှုန်းမြင့် ဇီမ်ခံမော်ဒယ် 2018 Cayenne Turbo ရဲ့ အားသာချက်များ

by လင်းထက် (IA)
22 November 2017
in Automobile
A A
မြန်နှုန်းမြင့် ဇီမ်ခံမော်ဒယ် 2018 Cayenne Turbo ရဲ့ အားသာချက်များ
5.7k
VIEWS
Share on FacebookShare on Twitter

ဂျာမနီ အခြေစိုက် Porsche ရဲ့ အမည်ကတော့ မော်တော်ကား ဝါသနာရှင်တိုင်းရဲ့ စိတ်ကူးထဲက ကားအမှတ်တံဆိပ်လို့ ဆိုရလောက်အောင် နာမည်ကြီးတယ်၊ ကျော်ကြားတယ်၊ အရည်အသွေးကောင်းတယ်၊ Audi, BMW နဲ့ Mercedes တွေနဲ့ စာရင် Sport ကားတွေ ထုတ်လုပ်မှုနဲ့ နာမည်ကြီး အောင်မြင်မှု ရနေတဲ့ အမှတ်တံဆိပ်က SUV မော်ဒယ်ကောင်းတွေ ကိုလည်း ထုတ်လုပ်နိုင်နေတာ ဆယ်စုနှစ်နဲ့ ချီလာပါပြီ။

အထူးသဖြင့်တော့ Cayenne လို မော်ဒယ်က ဇိမ်ခံ SUV ထဲမှာ ရောင်းအား အကောင်းဆုံး မော်ဒယ် တခု ဖြစ်သလို ကုမ္ပဏီကလည်း အားစိုက် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင် ထုတ်လုပ်နေပါတယ်။ လာမယ့်နှစ် ၂၀၁၈ မော်ဒယ် အတွက်ရော ဘယ်လိုတွေ ဖန်တီးထားပါသလဲ၊ အားရစရာ ကောင်းတဲ့ အချက်ကတော့ ကုမ္ပဏီထုတ် SUV တွေထဲမှာ အမြန်ဆုံး မော်ဒယ် ဖြစ်လာပါပြီ။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
9.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
568
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
245

Cayenne ရဲ့ အားသာချက်က ဇိမ်ခံ SUV ဖြစ်ပေမယ့် လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင်နိုင်မှုနဲ့ လေးဘီးယက်စနစ်နဲ့ ရုန်းအား အထူးကောင်းမွန်မှုပဲ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ရုပ်ထွက်ကို Sport ကား မော်ဒယ်ကောင်း တခု ဖြစ်တဲ့ 911 ရဲ့ ပုံစံ ပြောင်းလဲ ထားတယ်၊ ဒါပေမယ့် ကိုယ်ထည်ကတော့ အတွင်းခန်း ကျယ်ဝန်းအောင် ဖန်တီးချင်လို့ ကြီးနေတယ်၊ ၂၀၀၃ ခုနှစ်မှာ Cayenne စတင် ထွက်ရှိလာတော့ ဈေးကွက်မှာ ရုပ်ထွက်နဲ့ စွမ်းဆောင်မှုကြောင့် ချက်ချင်းဆိုသလို နေရာရလာတာ ဖြစ်ပြီး အခု မော်ဒယ်ကိုလည်း SUV ဖြစ်ပေမယ့် Sport ကား ရုပ်ထွက်နဲ့ လူကြိုက်များအောင် ဖန်တီးလာပါတယ်။

၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အတွင်း ပထမမျိုးဆက်ဝင် Cayenne တွေက အစီးရေ ၁ သန်းကျော်ထိ ရောင်းချအောင်မြင် ခဲ့တယ်၊ ၂၀၁၁ ခုနှစ်မှာ ဒုတိယ မျိုးဆက် ပြောင်းလဲထုတ်လုပ်လာပါတယ်။ Suspension စနစ်မှာ လေအိတ်စနစ်နဲ့ ဖြစ်လာတယ်၊ Anti-roll Bar တွေကို ဖယ်ထုတ်လိုက်တယ်၊ ၂၀၁၁ ခုနှစ်ကနေ အခုနှစ်ထိ အစီးရေ ၅ သိန်းကျော်ရောင်းချ အောင်မြင်နေဆဲပါ။ အခုပြောနေတဲ့ ၂၀၁၈ ခုနှစ် မော်ဒယ်ကတော့ တတိယမျိုးဆက်ဝင် မော်ဒယ်ပါ။ အခု မော်ဒယ်မှာ စွမ်းဆောင်ရည်ပိုင်းကို ဦးစားပေး အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။

လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကျမသွားပါဘူး၊ ဇိမ်ခံအမည်မှာ အပြင်အဆင်တင် မဟုတ်ပဲ နည်းပညာ ထည့်သွင်းဖန်တီးမှုမှာပါ အဆင့်မြင့် ဇိမ်ခံတွေရဲ့ နည်းပညာတွေ ဖြစ်တဲ့ ရှေ့ဖက် လမ်းကြောင်း အချက်ပြစနစ်၊ မျက်ကွယ် အချက်ပြစနစ်၊ လမ်းကျဉ်း သတိပေးစနစ်၊ အသံနဲ့ ထိန်းချုပ် မောင်းနှင်မှုစနစ်၊ နောက်ဘက် ယာဉ်ကြော အခြေအနေပြ စနစ်တွေ အားလုံး ပါလာပါတယ်။

ဦးစားပေး မြှင့်တင်ထားတဲ့ အင်ဂျင်ပိုင်းမှာတော့ မော်ဒယ်က တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ ဒသမ ၇ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်လာတယ်၊ အမြန်ဆုံး အနေနဲ့လည်း တနာရီ ၁၇၈ မိုင်ထိအောင် မောင်းနှင်နိုင်မှာပါ။ ဒါဟာ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ ပြိုင်ကားတွေမှပဲ မောင်းနှင်လို့ ရမယ့်နှုန်း ဖြစ်လာသလို အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကတော့ အဆင့်မြင့် ပြိုင်ကားတွေရဲ့ စွမ်းဆောင်ရည်လောက်ထိ ကောင်းမွန်လာတာလည်း ဖြစ်ပါတယ်။

အင်ဂျင်က ၄ ဒသမ သုည လီတာသုံး V8 အင်ဂျင်ပဲ ဖြစ်ပါတယ်။ မြင်းကောင်ရေ ၅၅၀ အားထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဘီးစုံယက် စနစ်နဲ့ လာပါတယ်။ ဘရိတ်က ကာဗွန်သားကို သုံးထားပါတယ်။ ဒါက စွမ်းဆောင်ရည် အမြင့်ဆုံး အင်ဂျင်ပါ၊

တကယ်လို့ သူ့ထက် သေးတဲ့ အင်ဂျင်အရွယ်လောက်ပဲ လိုချင်တယ် ဆိုရင် နောက်ထပ် အင်ဂျင် အရွယ် ၂ မျိုး ရွေးချယ်နိုင်စရာ ရှိပါသေးတယ်။ ၃ ဒသမ သုည လီတာသုံး Turbocharged စနစ်နဲ့ V6 အင်ဂျင်ဖြစ်ပြီး သူက မြင်းကောင်ရေ ၃၄၀ အားထိ ထွက်ရှိပါတယ်။

နောက်ဆုံး အသေးဆုံး အင်ဂျင်ကတော့ ၂ ဒသမ ၉ လီတာသုံး Twin-turbocharged စနစ်နဲ့ အင်ဂျင် ဖြစ်ပြီး သူကလည်း V6 အင်ဂျင်ပါ၊ မြင်းကောင်ရေ ၄၄၀ အားထိ ထွက်ရှိပါတယ်။ အင်ဂျင် ၃ ခုလုံးရဲ့ စွမ်းဆောင်နိုင်မှုကတော့ အတူတူပါပဲ။ ဒါပေမယ့် အင်ဂျင် အရွယ်သေးသေး၊ ဖန်တီးမှု အားကောင်းကောင်း ထုတ်လုပ်ထားလို့ အင်ဂျင်စနစ် သေးပေမယ့် ဒီမော်ဒယ်ခွဲတွေက ဈေးနည်းနည်း ပိုချင်ပါတယ်။

Porsche ကတော့ အခု မော်ဒယ်ကို လာမယ့် ၂၀၁၈ ဖေဖော်ဝါရီထဲမှာ စတင်ရောင်းချဖို့ ပြင်ဆင်နေပြီး ဈေးနှုန်း ဒေါ်လာ ၁၂၅၆၅၀ ကနေ ၁၅၄၃၀၀ အတွင်း မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချလာဖို့ ရှိပါတယ်။

Ref: www.maxim.com

Your Thoughts …
Tags: 2018 Cayenne Turbo
လင်းထက် (IA)

လင်းထက် (IA)

Similar Picks:

No Content Available
Next Post
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ စားနပ်ရိက္ခာ ဝေခြမ်းရေးတွင် တန်းစီနေစဉ်/Reuters

ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စတင်ဆွေးနွေး

C-2 Greyhound အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်တစီး(ဓာတ်ပုံ - File)

အမေရိကန်ရေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျ ၃ဦး ပျောက်ဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate