Automobile

လေးလုံးထိုး အင်ဂျင်စနစ်နဲ့ Ducati Panigale V4 ဆိုင်ကယ် မော်ဒယ်သစ် အကြောင်း

Want create site? Find Free WordPress Themes and plugins.

မော်တော်ကားတွေ ခေတ်စားနေသလို ဆိုင်ကယ်တွေ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Kawasaki, Honda, Harley လို နာမည်ကျော် အမှတ်တံဆိပ်တွေက နှစ်စဉ် ဆိုင်ကယ်ကို သိန်းနဲ့ချီပြီး ရောင်းရနေဆဲ၊ ဈေးကွက်တိုင်းမှာ လူကြိုက် များနေဆဲပါ။ နောက်ဆုံး ဆိုင်ကယ် အင်ဂျင် ဆိုရင် ကားတွေရဲ့ စွမ်းဆောင်ရည်ထက်တောင် မြန်တယ်၊ အရွယ်နဲ့ မလိုက်အောင် စွမ်းအင် ထုတ်လုပ်မှု ကောင်းအောင် ဖန်တီးနိုင်လာကြတာ တွေ့ရပါတယ်။

အခုပြောပြမယ့် Ducati ဆိုရင် သူ့ရဲ့ မော်ဒယ်သစ် Panigale V4 မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က လေးလုံးထိုး အင်ဂျင်၊ စွမ်းအင် ထွက်ရှိမှုကလည်း မြင်းကောင်ရေ ၂၂၆ ကောင်အား ဆိုတာက တော်ရုံ ကားတစီးကို ခေါက်ထားလိုက်လို့ ရတယ်။

အီတလီ အခြေစိုက် Ducati အမှတ်တံဆိပ်က နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လူကြိူက်များတယ်၊ စီးနင်းနေကြတယ်၊ ဆိုင်ကယ် ထုတ်လုပ်နိုင်မှု အပိုင်းမှာတော့ ကမ္ဘာ့ အကောင်းဆုံး အမှတ်တံဆိပ်ထဲက တခု၊ ပြိုင်ပွဲဝင် Sportbike တွေပါ ထုတ်လုပ်နိုင်တယ်၊ ဒီတချက်က အမေရိကန် အခြေစိုက် Harleyလို အမှတ်တံဆိပ်ကို ကောင်းကောင်း နောက်ကောက်ချထား နိုင်စေတာ ဖြစ်တယ်၊ အခု မော်ဒယ်ကလည်း Sportbike အမျိုးအစား။ V-twin အင်ဂျင်စနစ်ကို တပ်ဆင်ထားတယ်၊ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်ပါ။ အင်ဂျင် အရွယ်က ၁၄၀၉ စီစီသုံး အင်ဂျင်၊ လေးလုံးထိုး အင်ဂျင်ထဲမှာတော့ အသေးစားထဲမှာ ပါပါတယ်။

Ducati က ဘာကြောင့် ဒီလောက် အင်ဂျင်ကောင်းကောင်း ထုတ်လုပ်နိုင်နေတာလဲ ဆိုတာ ပြောရမယ် ဆိုရင် Ducati ရဲ့ အခြေစိုက် နိုင်ငံက အီတလီ ဆိုပေမယ့် ပိုင်ရှင်က ဂျာမနီက၊ ဂျာမနီ အခြေစိုက် နာမည်ကျော် ကားကုမ္ပဏီကြီး VW ၊ သူက လက်ရှိ ကမ္ဘာ့ ကား အရောင်းရဆုံး နေရာကို Toyota ဆီကနေ ရယူလိုက်နိုင်တဲ့ အမှတ်တံဆိပ်၊ VW ရဲ့ လက်အောက်မှာ အမှတ်တံဆိပ်ခွဲ Audi ရှိတယ်၊ ဂျာမနီရဲ့ နာမည်ကျော် ဇိမ်ခံကား ထုတ်လုပ်သူ ကြီး ၃ ကြီး ရှိတယ်၊ BMW, Mercedes နဲ့ VW ။

အခု Ducati ဆိုတာက ဂျာမနီ အခြေစိုက် VW ရဲ့ လက်ခွဲ Audi ၊ ပြီးမှ Audi ရဲ့ လက်ခွဲ Ducati အဖြစ် ရှိနေတဲ့ အမှတ်တံဆိပ် တခု၊ ကမ္ဘာ့ အဆင့် ကားကောင်းကောင်း ထုတ်လုပ်နိုင်နေတဲ့ သူတွေရဲ့ ပိုင်ဆိုင်မှု အောက်မှာ ရှိနေတာ ဖြစ်လို့ Ducati က အင်ဂျင် ကောင်းကောင်းတွေကို ထုတ်လုပ်နိုင်နေတာလို့ ဆိုရမှာ ဖြစ်တယ်။

ဒီ မော်ဒယ် အကြောင်း ဆက်ပြောပြပါဦးမယ်။ အင်ဂျင်က အရင်နှစ်ထွက် မော်ဒယ်မှာတောင် မြင်းကောင်ရေ ၂၁၄ ကေင်အားပဲ ထုတ်လုပ် အသုံးပြုနိုင်ခဲ့ ပေမယ့် အခုနှစ် မော်ဒယ်ကတော့ ရုန်းအား ၉၁ ဒသမ ၅ ပေါင်/ပေပဲ ရှိပေမယ့် စွမ်းအင် ထုတ်လုပ်နိုင်မှု က မြင်းကောင်ရေ ၂၂၆ ကောင်အားထိ ဖြစ်လာပါတယ်။

 

အင်ဂျင်က တမိနစ် အမြန်ဆုံး လည်ပတ်နိုင်မှုနှုန်း အပတ်ရေ ၁၃၀၀၀ ထိအောင်လည်း လည်ပတ်လာနိုင်တယ်၊ ရလဒ်ကတော့ စွမ်အင်ထွက်ရှိမှု ကောင်းလို့ အမြန်နှုန်း မြှင့်တင်နိုင်မှု ကောင်းမယ်၊ အင်ဂျင် လည်ပတ်နှုန်းများလို့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း ကောင်းမယ် ပေါ့။

မော်ဒယ်က တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ စက္ကန့် ဝန်းကျင်နဲ့ ရောက်မယ်၊ ဒါဆိုရင်တော့ နာမည်ကျော် Sport Sedan ဖြစ်တဲ့ Subaru Imprerza လို ကားတွေကို နေခဲ့တော့လို့ ထားခဲ့နိုင်ပြီ၊ တမိုင်ရဲ့ လေးချိုး တချိုး အကွာအဝေးကို အချိန် ၁၀ စက္ကန့် ဝန်းကျင်နဲ့ ရောက်မယ်၊ ဒီနှုန်းက ဒေါ်လာ သိန်းချီတန်တဲ့ Sport ကားတွေမှ ရောက်နိုင်မယ့် စွမ်းဆောင်ရည်၊ ဆီတဂါလံကို ပျမ်းမျှ မိုင် ၃၀ ကျော် စီးနင်းနိုင်မယ်၊ ပုံမှန် လမ်းကြောင်းမောင်း မော်ဒယ် အဖြစ်ရော ပြိုင်ပွဲဝင် မော်ဒယ် အဖြစ်ပါ ထုတ်လုပ် ရောင်းချမယ် လို့ ဆိုပါတယ်။

ဈေးကွက် အတွင်းကိုတော့ လာမယ့် ဒီဇင်ဘာလ အတွင်းမှာ စတင်ရောင်းချဖို့ ရှိနေပြီး ဈေးနှုန်းက ဒေါ်လာ ၁၉၀၀၀ ဝန်းကျင်နဲ့ အရောင် ရွေးချယ်မှု အပေါ် မူတည်ပြီးတော့ ဈေးနှုန်း အနည်းငယ် ကွာခြားချက် ရှိနိုင်တယ် လို့ ဆိုတော့ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၂၆၀ ဝန်းကျင်လောက် ဈေးရှိမှာ ဖြစ်ပါတယ်။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading