Automobile

ဟာလေးဒေးဗစ်ဆင်ရဲ့ အလှဆုံး Cruiser လို့ သတ်မှတ်ခံထားရတဲ့ Softail Slim မော်ဒယ်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် အခြေစိုက် နာမည်ကျော် ဆိုင်ကယ် ကုမ္ပဏီ Harley-Davidson က ကုမ္ပဏီ သက်တမ်း ၁၁၅ နှစ် ပြည့် အနေနဲ့ လာမယ့် ၂၀၁၈ ခုနှစ်မှာ အထူးထုတ် မော်ဒယ် အနေနဲ့ Softail ကို မိတ်ဆက်ရောင်းချနေတာ တွေ့ရပါတယ်။ Fat Boy လို့ မော်ဒယ်ခွဲ အပါအဝင် Softail ကိုပဲ မော်ဒယ်ခွဲပေါင်း ၈ ခု အထိ ထုတ်လုပ်ရောင်းချ နေတာပါ။

စွမ်းဆောင်ရည်၊ အရည်အသွေး၊ နည်းပညာပိုင်းနဲ့ ရုပ်ထွက် အနည်းငယ် ကွဲပြားတဲ့ မော်ဒယ်ခွဲ ၈ ခုထဲက အခု Slim ကတော့ Softail မော်ဒယ်ခွဲ အားလုံးထဲမှာ ဆွဲဆောင်မှု အကောင်းဆုံး ရုပ်ထွက်နဲ့ မော်ဒယ်ပဲ ဖြစ်ပါတယ်။

ရှေ့ထွက် Cruiser မော်ဒယ်တွေထက် အလေးချိန် ပိုမို ပေါ့ပါးအောင် ဖန်တီးထားတယ်၊ ရလဒ်က အမြန်နှုန်းမြှင့် မောင်းနှင်နိုင်ပြီး စွမ်းဆောင်ရည် ကောင်းမွန်လာပါတယ်။ ရုပ်ထွက်ပိုင်းမှာလည်း လူငယ်ကြိုက် ပုံစံ အဖြစ် ချိုးဆစ်ထားပါတယ်။ Milwaukee-Eight 107 အင်ဂျင်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်စနစ်က စွမ်းအင် ထုတ်လုပ်နိုင်မှု အကောင်းဆုံး အင်ဂျင်စနစ်တွေထဲက တခုပါ။ ဒါပေမယ့် ရုန်းအားပိုင်း အနည်းငယ် အားနည်းလို့ လမ်းကြမ်းပိုင်းတော့ အကောင်းဆုံး ဖြစ်မှာ မဟုတ်ပါဘူး။

တခြား Softail မော်ဒယ်တွေရဲ့ ကိုယ်ထည်အထိုင်ထက် ၆၅ ရာခိုင်နှုန်းအထိ ပိုမို ကျစ်လစ်အောင် ထုတ်လုပ် ထားတယ်၊ ကိုယ်ထည်ဘောင်က Uni ဆိုတဲ့ ပင်မ တဘောင်တည်း စနစ် ဖြစ်လာပြီး အရင်နှစ် မော်ဒယ်တွေလို ချိတ်ဆက် အထိုင်ဘောင်တွေ မပါတော့ပဲ အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်း လောက်ကို လျော့ချဖန်တီးလာပါ တယ်။

နောက်ပြီး Uni ကိုယ်ထည်ဘောင်ကို ပုံသွင်း ဖန်တီးထားတာ ဖြစ်ပြီး ဂဟေဆက်နေရာတွေကို ဖယ်ထုတ်လိုက် တာကြောင့် ရှေ့ထွက် မော်ဒယ်တွေရဲ့ ကိုယ်ထည်ဘောင်တွေထက် ဂဟေဆက် နေရာ ၂၂ နေရာလျော့ကျ သွားပါတယ်။ ရလဒ်ကတော့ ကိုယ်ထည်ပိုင်း ပိုမို ကြံ့ခိုင်မှု ရှိလာပြီး ရေရှည်အသုံးပြုနိုင်မှုရော မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုတွေမှာပါ ဂဟေဆက်နေရာတွေ ကနေ တုန်ခါမှုနဲ့ ကိုယ်ထည်ယိုင်မှုတွေကို အကောင်းဆုံး လျော့ချလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

မော်ဒယ်က တန်းတူ မော်ဒယ်တွေထက် ၃၅ ပေါင်ထိ ပိုမို ပေါ့ပါးလာတယ်၊ လက်ကိုင်စနစ်မှာ ပိုမို မြင့်မားအောင် ဖန်တီးလာပြီး ချို့ကွေ့နိုင်မှု ထောင့်ချိုးပမာဏ ပိုလာပါတယ်။ Dragon ကွေ့လို့ ပြည်တွင်းမှာ ခေါ်တဲ့ ဝိုက်ချိုးကွေ့နိုင်မှု အကောင်းဆုံး ဖြစ်လာပါတယ်။ အင်ဂျင်အရွယ်က ၁ ဒသမ ၈ လီတာသုံး ဖြစ်ပြီး ရုန်းအား ၁၀၉ ပေါင်/ပေမှာ စွမ်းအင် အနေနဲ့ မြင်းကောင်ရေ ၁၂၀ ထိ အားထွက်ရှိမှာ ဖြစ်ပါတယ်။

တပ်ဆင် ဆီတိုင်ကီက ၅ ဂါလံဆံ့ပါတယ်။ အလေးချိန် ၆၈၂ ပေါင်ထိအောင် ရှိမှာ ဖြစ်ပြီး ဆီအပြည့်နဲ့ ဆိုရင် ပေါင် ၇၃၀ လေက် ရှိမှာပါ။ ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၄ ဒသမ ၅ လက်မပဲ ရှိလို့ လမ်းချောမှာပဲ စီးနင်းနိုင်မှာပါ။

မောင်းနှင်ချိန် တိမ်းစောင်းစီးနင်းနိုင်မှု ပမာဏက ညာဘက်ကို ၂၄ ဒီဂရီ ဖြစ်ပြီး ဘယ်ဘက်ကိုတော့ ၂၄ ဒသမ ၉ ဒီဂရီထိ အများဆုံး တိမ်းစောင်း စီးနင်းနိုင်ပါမှာ ဖြစ်ပါတယ်။


ဂီယာပိုင်းကတော့ Manual နဲ့ သွားတယ်၊ ဘရိတ်စနစ်က ရှေ့ရော နောက်ပါ ဖိအားပေး ဟိုက်ဒရောလစ် Disc တွေနဲ့ပဲ ဖြစ်ပြီး Suspension စနစ်နဲ့ ချိတ်ဆက်ထားမှု ကောင်းမွန်ခြင်းနဲ့ ဘရိတ်ဖမ်းယူမှုနဲ့ ဂီယာပိုင်းက ဆိုင်ကယ်ရဲ့ အင်ဂျင် လည်ပတ်နှုန်းကို အခြေခံပြီး လိုအပ်သလို အကူအညီပေး အရှိန်လျော့ချပေးမှု နည်းပညာ ပေါင်းစပ်ထားလို့ မြန်နှုန်းမြင့် မောင်းနှင်မှုကနေ ထိန်းချုပ် ရပ်တန့်ဖို့ လွယ်ကူကောင်းမွန်ပါတယ်။ မော်ဒယ်က တနာရီ ကီလို ၈၀ နှုန်းကို အချိန် ၄ စက္ကန့်ထက် မပိုပဲ အမြန်ဆုံး ရောက်ရှိအောင် မောင်းနှင်နိုင်ပြီး Cruiser တွေထဲမှာ အမြန်ဆုံးနှုန်း စာရင်းဝင် မော်ဒယ်တခု ဖြစ်လာပါတယ်။

နိုင်ငံတကာ ဈေးကွက်မှာတော့ အနက်ရောင် အနေနဲ့ မော်ဒယ်ကို အဓိကထားပြီး ရောင်းချနေသလို ဈေးနှုန်းက ဒေါ်လာ ၁၅၈၉၉ ရှိပြီး အခြား အရောင်တွေကို လိုချင်တယ် ဆိုရင် သီးသန့် မှာယူရမှာ ဖြစ်သလို ဈေးနှုန်းက ဒေါ်လာ ၁၆၂၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

ဘရိတ်စနစ်မှာ Dics ကနေ ABS အဖြစ် အဆင့်မြှင့်ချင်တယ် ဆိုရင်လည်း ရနိုင်ပြီး ဒီအတွက်ကတော့ နောက်ထပ် ၇၉၅ ဒေါ်လာ ထပ်ကုန်မှာ ဖြစ်ပါတယ်။ ။

Ref: www.cycleworld.com

Did you find apk for android? You can find new Free Android Games and apps.
Loading