Automobile

၂၀၁၈ အတွက် အလှဆုံး Sport-bike အဖြစ် သတ်မှတ်ခံနေရတဲ့ Honda CB1000R

Want create site? Find Free WordPress Themes and plugins.

Sport-bike ထုတ်လုပ်သူ နာမည်ကျော် ဆိုင်ကယ် ကုမ္ပဏီ အများအပြား ရှိပါတယ်။ Ducati, BMW နဲ့ Yamaha လို တံဆိပ်တွေ ရှိပါလျှက်နဲ့ လာမယ့် ၂၀၁၈ ခုနှစ် အတွင်း မော်ဒယ်သစ်တွေ မိတ်ဆက် ရောင်းချလာမယ့် အထဲမှာ အခု ပြောမယ့် CB1000R ကတော့ အလှဆုံး မော်ဒယ် အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါဟာ ရှေ့ထွက် မော်ဒယ်လည်း ဖြစ်၊ ပြည်တွင်းမှာပါ လက်ရှိ လူကြိုက် အများဆုံး မော်ဒယ်လည်း ဖြစ်တဲ့ CBR ရဲ့ မော်ဒယ်ထက်ကိုပဲ ထူးခြားမှုနဲ့ အတူ ဆွဲဆောင်မှု ကောင်းအောင် ဖန်တီးလာနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အင်ဂျင်အထိုင် ကိုယ်ထည်သားကိုတောင် ပုံဖော် ဖန်တီးထားတာက တော်တော်ကို ကြည့်ကောင်းသွားစေပါတယ်။

အခုနှစ် မော်ဒယ်က အဆင့်မြှင့်မှု အပိုင်း များစွာနဲ့ ပြန်လည် ရောင်းချလာပြီး အခုချိန်ထိအောင် မော်ဒယ်ရဲ့ ပုံနဲ့ တကွ မိတ်ဆက် လာမှု အချိန် တလ အတွင်းမှာ ဈေးကွက်တိုင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အိန္ဒိယနဲ့ ဥရောပ ဈေးကွက်တွေမှာ မော်ဒယ် အကြောင်း လေ့လာသူ အများဆုံး ရှိနေတယ် လို့ ဆိုပါတယ်။လျှပ်စစ်ပိုင်းမှာ ရှေ့မီးကြီးက LED နဲ့ ဖြစ်လာပြီး ဘက်ထရီစားလည်း သက်သာသလို အလင်းဖြာနှုန်း အရမ်းကောင်းသွားပါတယ်။ ဘီးခွေတွေက Alloy သားတွေနဲ့ ဖြစ်လာပါတယ်။ ကိုယ်ထည်ကို ပိုမို ပေါ့ပါးစေချင်တာလည်း ပါတယ်၊ ရှေ့ထွက် မော်ဒယ်မှာ ဘီးအရွယ်က 180/55 ကနေ အခုတော့ 190/55 အရွယ် ဖြစ်လာပါတယ်။

ပြီးတော့ ထိန်းချုပ်မောင်းနှင်ရမှု အပိုင်းမှာ ပိုမို ကောင်းမွန်ဖို့ရော ခရီးဝေး အချိန်ကြာ မောင်းနှင်မှုမှာပါ အဆင်ပြေအောင် လက်ကိုင်ကို မြှင့်လာတာ တွေ့ရပါတယ်။ ပြီးတော့ လီဗာပိုင်း ထိန်းချုပ်ရမှု ပိုကောင်းလာပါတယ်။ ကိုယ်ထည်ဘောင်သားက သံမဏိနဲ့ ဖြစ်လာပြီး ဘေးဘက် ချိတ်ဆက် အထိုင်စနစ်တွေက Aluminum နဲ့ ဖြစ်လာပါတယ်။ ကိုယ်ထည်အထိုင်ဘောင်က ရှေ့ထွက် မော်ဒယ်ထက် ၅ ဒသမ ၅ ပေါင် ပိုမို ပေါ့ပါးလာပါတယ်။ Suspension ပိုင်းမှာ Showa Separate Function Fork-Big Pistion ကို သုံးထားပြီး သူက မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာ ကိုယ်ထည်ကို ပိုမို တည်ငြိမ်အောင် ကူညီဆောင်ရွက်ပေးမယ့် စနစ် ဖြစ်ပါတယ်။

အင်ဂျင်စနစ်ကတော့ အရင်မော်ဒယ်တွေမှာလိုပဲ ၉၉၈ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ လေးလုံးထိုး အင်ဂျင်စနစ်နဲ့ ဖြစ်ပြီး သူက တမိနစ် အမြန်ဆုံး လည်ပတ်နှုန်း အဖြစ် အပတ်ရေ ၆၀၀၀ ကနေ ၈၀၀၀ အတွင်း လည်ပတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Exhaust ပိုင်းမှာ 4-2-1 ပုံစံ ဖြစ်လာတယ်၊ အင်ဂျင်ကနေ Exhaust ပိုက် ၄ လုံး စထွက်တယ်၊ အလယ်ထိုင် စနစ်မှာ စုပြီး အလယ်ထိုင် စနစ်ကနေ ပိုက် ၂ လုံး ပြန်ထွက်တယ်၊ နောက်ဆုံး ဓာတ်ငွေ့စုခန်းမှာ ပြန်ဆုံးပြီး နောက်ဆုံး Exhaust ပေါက်က တခုတည်း အဖြစ် ဓာတ်ငွေ့စွန့်ထုတ်တာ ဖြစ်ပြီး လှလည်း လှလာသလို ဓာတ်ငွေ့စွန့်ထုတ်မှုလည်း ပိုမို မှန်ကန်လာပါတယ်။

ကလပ်ပိုင်းမှာ အကူစနစ်ပါလာပြီး ထိန်းချုပ် ဆွဲငင် အသုံးပြုရမှု အရမ်း ပေါ့ပါးသွားပါတယ်။ ပြောရရင် ကလပ်ဆွဲရတယ် လို့ ဆိုရရုံပဲ ရှိပြီး ထိတွေ့ အသုံးပြုရုံလောက်ပဲ ပေါ့ပါးပါတယ်။ ဘရိတ်စနစ်မှာလည်း ABS ကို အထိုင် ၂ ဆင့်ပုံစံ ထည့်လာတယ်၊ ရပ်တန့် နိုင်မှုနှုန်း ပိုမို ကောင်းမွန်လာပါတယ်။ မော်ဒယ်က အရင်နှစ် မော်ဒယ်ထက် စုစုပေါင်း အလေးချိန် ၁၈ ပေါင်ထိအောင် လျော့ကျသွားပါတယ်။

ဂီယာချက် ၆ ချက်နဲ့ သွားတယ်။ ထိုင်ခုံက မြေပြင်ကနေ ၃၂ ဒသမ ၇ လက်မ အမြင့်မှာ ရှိမယ်။ တပ်ဆင် ဆီတိုင်ကီက ၄ ဒသမ ၃ ဂါလံ ဆံ့မယ်။ ဆိုင်ကယ် တစီးလုံးရဲ့ အလေးချိန် ၄၆၇ ပေါင်ထိအောင် လေးပါတယ်။ အင်ဂျင်က မြင်းကောင်ရေ ၁၄၃ ကောင်အား ထွက်ရှိပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ ကီလို ၆၀ နှုန်းကို ရဖို့ အချိန် ၃ စက္ကန့်အတွင်း မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဈေးကွက်အတွင်းကိုတော့ လာမယ့် နွေရာသီ မတိုင်ခင် ရောက်ရှိလာမှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် အတွက် ဈေးနှုန်း မိတ်ဆက်မှု မရှိသေး ပေမယ့် ကမ္ဘာ့ အကြီးဆုံး ဆိုင်ကယ် ဈေးကွက် ရှိတဲ့ အိန္ဒိယမှာ မိတ်ဆက်တာကတော့ ရူပီး ၁၄၇၅၀၀၀ (မြန်မာငွေ ကျပ် ၃၁၀ ၆၈၅၇၃. ၇၈) နဲ့ ရောင်းချဖို့ ကြေငြာထားတာတွေ့ရပါတယ်။

Ref: www.ultimatemotorcycling.com

Did you find apk for android? You can find new Free Android Games and apps.
Loading