မော်ဒယ်သစ်လေးလည်း လိုချင်တယ်၊ ဈေးနှုန်းလည်း သင့်တယ်၊ mini ကိုယ်ထည်နဲ့ လိုချင်တယ်၊ ဈေးမြင့်ချင် မြင့်နိုင် ပေမယ့် အရည်အသွေး ကောင်းကောင်း လိုချင်တယ် ဆိုသူတွေ အတွက် အခု Kawasai ရဲ့ မော်ဒယ်သစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Z Series ဆိုတာက ကုမ္ပဏီကနေ ထုတ်လုပ်နေတာ နှစ်ပေါင်း ရာစုနှစ်ဝက် နီးပါး ရှိနေပြီ ဖြစ်တဲ့ မော်ဒယ်တွေ၊ ၄ လုံးထိုး အင်ဂျင်တွေ၊ ၂ လုံးထိုး အင်ဂျင်တွေနဲ့ပါ မော်ဒယ်တွေ ထွက်တယ်။ အခု မိတ်ဆက်ပေးချင်တဲ့ Z125 Pro ကတော့ တလုံးထိုး အသေးစား ၁၂၅ စီစီသုံး အင်ဂျင်နဲ့ ဖြစ်ပြီး ပြည်တွင်း လမ်းကြောင်းအနေအထားနဲ့ အပျော်စီးသမားတွေ အတွက် အဆင်ပြေ အသုံးတည့်မယ့် မော်ဒယ်ပါပဲ။
အင်ဂျင်က Four Storoke အင်ဂျင် အမျိုးအစား ဖြစ်ပါတယ်၊ လေအားလုံး အအေးခံစနစ်နဲ့ ဖြစ်ပြီး ရေတိုင်ကီလို ပြစ်ချက် ဖြစ်တတ်တဲ့ အပိုင်း မပါဘူး၊ Two Stroke မဟုတ်လို့ မီးခိုး မထွက်ဘူး၊ သဘောကျစရာပါ။ အင်ဂျင် အရွယ်က ၁၂၅ စီစီသုံး၊ နောက်ပိုင်းထုတ် အင်ဂျင်တွေက နည်းပညာ အားကောင်းလာပြီး ဆီစားချိုလာလို့ စိတ်ကြိုက်ပါပဲ။ ဂီယာချက်ပိုင်းက ၄ ချက် ဖြစ်ပါတယ်၊ Manualနဲ့သွားပါတယ်။
သုံးသပ်ရရင် မော်ဒယ်က mini ဖြစ်ပေမယ့် ဂီယာကို ၅ ချက်လောက် ထည့်ထားသင့်တယ် လို့ ယူဆမိပါတယ်။ ဒါပေမယ့် တခု ကောင်းတာက ဂီယာပိုင်းမှာ ၅ ချက် ဖြစ်သွားရင် ဂီယာပြောင်းလဲ မောင်းနှင်ရမှု အပိုင်းက Auto ဘီးတွေလို ရှေ့ဘက်နင်းရင် ဂီယာတက် မယ်၊ နောက်ဘက် ပြန်နင်းရင် ဂီယာချက် လျော့မယ် ဆိုတဲ့ ပုံစံ မရနိုင်တော့ပဲ ရှေ့တချက်နင်း ဂီယာ ၁၊ ကျန် ၂-၃-၄-၅ တွေက နောက်ကို နင်းရဖို့ ရှိလာလို့ သုံးနေကျ ဂီယာအထိုင် အတိုင်းတော့လည်း အဆင်ပြေစေပြန်တာ တွေ့ရပါတယ်။
Suspension စနစ်အပိုင်းမှာ ရှေ့ဘက်က Telescopic Fork နဲ့ လာပါတယ်၊ နောက်ဘက်က Swingarm ဖြစ်ပြီး Single ဖြစ်ပါတယ်။ လမ်းကြမ်း စွမ်းဆောင်ရည် ပိုကောင်းလာစေ ပေမယ့် တည်ငြိမ်မှုကတော့ Double Fork ကို မီဖို့တော့ မရှိချင်ဘူး။ ရှေ့တာယာက 100/90-12 ဖြစ်ပြီး နောက်ဘက်က 120/70-12 ဖြစ်ပါတယ်။ နောက်ဘီးကို အခုထက်ပိုကြီးထားရင်တော့ Sport ရုပ်ထွက် ပိုပြီး ပီပြင်စေနိုင်ပါတယ်။ ဘရိတ်တွေကတော့ ရှေ့ရော နောက်ရော Disc တွေနဲ့ ဖြစ်ပါတယ်။
ကိုယ်ထည်က မြေပြင်နဲ့ ၆ ဒသမ ၁လက်မ အထိအောင် လွတ်ပါတယ်၊ လက်ရှိ ဈေးကွက်ထဲက mini မော်ဒယ်တွေနဲ့ စာရင် လမ်းကြမ်းပိုင်း မောင်းနှင်နိုင်မှု ပိုကောင်းလာစေပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၃၁ ဒသမ ၇ လက်မ အမြင့်မှာပါ။ ဆိုင်ကယ်ရဲ့ အလေးချိန်က ၂၂၅ ပေါင် ဖြစ်ပါတယ်။ ဆီတိုင်ကီက ၂ ဂါလံ ဆံ့ပါတယ်။ အလေးချိန် ၃၅၃ ပေါင်ထိ တင်ဆောင်ပြီး အကောင်းဆုံး သွားလာနိုင်မှာပါ။
ဆီတဂါလံကို မိုင် ၈၀ ကျော်ထိ စီးနင်းနိုင်မှာ ဖြစ်ပြီး အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ ကီလို ၈၀ နှုန်းကို အချိန် ၆ စက္ကန့် ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပါလိမ့်မယ်။ တာယာနဲ့ Suspension တွေရဲ့ အနေအထားအရတော့ မော်ဒယ်ကို တနာရီ ကီလို ၁၀၀ ထက် ပိုမို မစီးနင်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်နော်။
ပြည်တွင်း ဈေးကွက်မှာတော့ အခု mini တွေကို Honda တံဆိပ် အပြင် အခြား တရုတ်နိုင်ငံလုပ် အမှတ်တံဆိပ်တွေ အဖြစ်ပါ လူကြိုက်များပြီး တရုတ်ဘီးတွေကတော့ ကျပ် ၁၀ သိန်း ဝန်းကျင်ပဲ ရှိပြီး Honda တွေကတော့ မော်ဒယ်နှစ် အပေါ် မူတည်လို့ ကျပ် ၁၀ သိန်းနဲ့ အထက် ဈေးနှုန်း ကွာခြားမှုတွေ ရှိပါတယ်။
အခု ပြောနေတဲ့ Z125 Pro ကတော့ အခု ဒီဇင်ဘာ အတွင်းမှာမှ နိုင်ငံတကာ ဈေးကွက်ထဲ ရောက်ရှိလာတာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၃၀၀၀ ဝန်းကျင် ရှိပြီး မြန်မာငွေ ကျပ်သိန်း ၄၀ ဝန်းကျင် ဈေးရှိနေတာလည်း ဖြစ်ပါတယ်။
Ref: www.kawasaki.com