Automobile

တတိယထိုင်ခုံတန်းနဲ့ Ford Expedition မော်ဒယ်သစ်ရဲ့ အားသာချက်

Want create site? Find Free WordPress Themes and plugins.
ပြည်တွင်းမှာ အရောင်းပြခန်း ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်တဲ့ အမေရိကန် အခြေစိုက် မော်တော်ကား ကုမ္ပဏီ Ford ရဲ့ ဇိမ်ခံအဖြစ် ထုတ်လုပ်ထားတဲ့ SUV မော်ဒယ်ပါ။ ဒါပေမယ့် ဇိမ်ခံစီးအတွက် မဟုတ်ဘဲ မိသားစုသုံး မော်ဒယ်ဖြစ်ပါတယ်၊ အကြောင်းကတော့ တတိယထိုင်ခုံတန်း ထည့်ထားလို့ ဖြစ်ပြီး အများစုသော ဇိမ်ခံ SUV စစ်စစ်တွေက တတိယထိုင်ခုံတန်း မပါပါဘူး။ သို့ပေမယ့် အရည်အသွေးနဲ့ ဖန်တီးထားမှုတွေ အပြင် ဈေးနှုန်းကပါ ဇိမ်ခံ မော်ဒယ်တွေလောက်ထိအောင် မြင့်နေတာဖြစ်လို့ ဇိမ်ခံလို့ ဆိုရင်လည်း ရနိုင်ပါတယ်။
မော်ဒယ်က Turbo စနစ် ပါရှိတဲ့ V6 အင်ဂျင်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး အခု အင်ဂျင်က အရင်နှစ်က မော်ဒယ်ထက် စွမ်းဆောင်ရည် (စွမ်းအင်ထုတ်လုပ်နိုင်မှု) ပိုကောင်းအောင် ဖန်တီးထားတာက သဘောကျစရာပါ။ အထူးသဖြင့် ဝန်တင်ဆောင် နိုင်မှု ရော၊ ခရီးဝေး ဆက်တိုက် မောင်းနှင်နိုင်မှုရော၊ လမ်းကြမ်းပိုင်း ရုန်းဆွဲနိုင်မှုတွေပါ ပိုကောင်းလာတာ ဖြစ်ပါတယ်။
တတိယထိုင်ခုံတန်း ပါရှိတယ် ဆိုပေမယ့် အဆိုပါ ထိုင်ခုံရော ဒုတိယ ထိုင်ခုံတန်းကိုပါ အလွယ်တကူ ခေါက်သိမ်းနိုင်ပြီး နောက်ဘက် ဝန်တင်ခန်းကို စိတ်ကြိုက် ချဲ့လိုက်နိုင်မှာလည်း ဖြစ်ပါတယ်။ အတွင်းခန်း ကျယ်ဝန်းအောင် ဦးစားပေး ပုံစံနဲ့ ဖန်တီးထားပြီး အများစုသော တတိယ ထိုင်ခုံတန်း ပါရှိတဲ့ မော်ဒယ်တွေ၊ အထူးသဖြင့် အာရှထုတ် ခုံ ၃ တန်းပါ SUV တွေမှာ နောက်ဆုံး ထိုင်ခုံတန်းက ကလေးတွေ အတွက်လောက်ပဲ အဆင်ပြေမယ့် အခု မော်ဒယ်မှာတော့ နောက်ဆုံးတန်းက လူကြီးတွေ အတွက်ပါ ကျယ်ဝန်းကောင်းမွန်ပါတယ်။ ပြိုင်ဘက် မော်ဒယ်တွေထက် စွမ်းဆောင်ရည် သိသိသာသာကို ကောင်းလာပါတယ်။
ဒါပေမယ့် ကိုယ်ထည်ပိုင်းက ကြီးမားနေပါတယ်၊ လမ်းကျပ်တဲ့ မြို့တွေ အတွက် အဆင်ပြေပါ့မလား၊ ပါကင်ထိုးရတာ လွယ်ပါ့မလား၊ နည်းနည်းတော့ စဉ်းစားစရာပါ။ အထူးသဖြင့်တော့ ကိုယ်ထည် အလျား ရှည်နေမှုက ပါကင်နေရာ ကောင်းကောင်း မရှိရင် အဆင်မပြေနိုင်ပါဘူး။ နောက်တချက်က ဆီစားနှုန်း၊ ပြိုင်ဘက် ခုံ ၃ တန်းပါ မော်ဒယ်တွေထက် ဆီစားက များနေပါသေးတယ်။ အထူးသဖြင့်တော့ အာရှထုတ် မော်ဒယ်တွေက ဆီစား အရမ်းချိုနေတာပါ။
အခုနှစ် မော်ဒယ်မှာ သိသာတဲ့ အဆင့်မြှင့်ထားမှုတွေက အင်ဂျင်ပိုင်း စွမ်းအင်ရော ရုန်းအားပါ ကောင်းမွန်အောင် ဖန်တီးထားမှု၊ ၁၀ ချက်သုံး Auto ဂီယာစနစ်ကိုပါ သုံးနိုင်အောင် ဖန်တီးထားမှု၊ အတွင်းခန်း အပြင်အဆင်ကို အားလုံး အသစ် ဖန်တီးထားမှု၊ နည်းပညာ အဆင့်မြှင့်ချင်သူတွေ နောက်ထပ် ရွေးချယ်နိုင်စရာ Package တွေ များပြားလာမှု၊ Max လို့ ခေါ်တဲ့ အရွယ်အကြီးစား ကိုယ်ထည် အနေနဲ့ပါ ရနိုင်လာမှုတွေ တွေ့ရပါတယ်။
မော်ဒယ်ခွဲ အနေနဲ့ကတော့ အခုနှစ် မော်ဒယ်မှာ ၃ မျိုး ရနိုင်ပြီး XLT, Limited နဲ့ Platinum တွေ ဖြစ်ပါတယ်။ Max ကိုယ်လည်း မော်ဒယ်ခွဲ အနေနဲ့ ထည့်တွက်မယ် ဆိုရင်တော့ ၄ မျိုးရနိုင်တယ် လို့ ဆိုရမှာပါ။ သူကတော့ နည်းပညာပိုင်း ကွဲပြားမှုထက် ကိုယ်ထည် အရွယ်အစား အကြီးစား ဖြစ်အောင် ဖန်တီးထားတာပါ။
အင်ဂျင် အနေနဲ့ ၃ ဒသမ ၅ လီတာသုံး အကြီးစား V6 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး သူ့ကို Turbocharged စနစ် ကူထားပါတယ်။ အင်ဂျင်က ရုန်းအား ၄၇၀ ပေါင်/ပေထိအောင် ရှိပြီး မြင်းကောင်ရေ ၃၇၅ ကောင်အား ထွက်ရှိပါတယ်။ ပထမ မော်ဒယ်ခွဲ နှစ်ခု အတွက် အခု အင်ဂျင် စနစ် ဖြစ်ပေမယ့် Platiunum မော်ဒယ်ခွဲမှာတော့ အင်ဂျင်စနစ် တူပေမယ့် စွမ်းအင် ထုတ်လုပ်မှု ပိုကောင်းအောင် ဖန်တီးထားပြီး ရုန်းအား ၄၈၀ ပေါင်/ပေနဲ့ မြင်းကောင်ရေ ၄၀၀ အားထိ ပိုမို ထွက်ရှိ ကောင်းမွန်လာပါတယ်။
မော်ဒယ်ကို လေးဘီးယက် စနစ်နဲ့လည်း ရနိုင်သလို နောက်ဘီးယက် စနစ်လည်း လာပါတယ်။ ၁၀ ချက်သုံး Auto နဲ့ သွားပါတယ်။ ခရီးသည် ၈ ယောက်ထိ လိုက်ပါ စီးနင်းနိုင်ပါတယ်။ ၁၈ လက်မ Alloy ဘီးတွေနဲ့ ဖြစ်ပါတယ်။ နောက်ဘက် ပါကင် အာရုံခံစနစ် ပါရှိတယ်၊ နောက်ဘက် ရိုက်ကူး ကင်မရာလည်း ထည့်ထားတယ်၊ ၄ ဒသမ ၂ လက်မ အရွယ် မျက်နှာပြင်စနစ် ပါတယ်၊ Bluetooth ချိတ်ဆက်နိုင်မယ်၊ ဘေးဘက် နောက်ကြည့်မှန်တွေမှာ အပူပေးစနစ် ပါရှိတယ်၊ ယာဉ်မောင်းထိုင်ခုံကို Power နဲ့ အနေအထား ၆ မျိုး ပြင်သုံးနိုင်တယ်၊ နောက်ဘက် ထိုင်ခုံတန်းတွေကို One Touch နဲ့ ခေါက်သိမ်းနိုင်တယ်။ အတွင်းခန်း အပြင်အဆင်တွေက သားရေတွေနဲ့ပဲ ဖြစ်ပါတယ်။
စပီကာ ၉လုံး ထိုင်ထားတယ်၊ CD စက်လည်း ပါသလို ဂြိုဟ်တု ရေဒီယို ဖမ်းနိုင်မယ်၊ USB လည်း ချိတ်ဆက်နိုင်ပါမယ်။ မော်ဒယ်မြင့်တွေမှာတော့ ၈ လက်မ အရွယ် မျက်နှာပြင်စနစ် ပါရှိပြီး နည်းပညာပိုင်း ပိုအားကောင်းလာပါတယ်။
ဈေးနှုန်းကတော့ ၂၀၁၈ ခုနှစ် မော်ဒယ် အတွက်ကို ဒေါ်လာ ၅၅၉၀၀ ကနေ ၇၉၇၄၀ အတွင်း မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ ။
Ref: www.edmunds.com
Did you find apk for android? You can find new Free Android Games and apps.
Loading