Automobile

တန်ဖိုးသင့် ဇိမ်ခံဆိုင်ကယ် ကောင်းကောင်း စီးဖို့ ယာမဟာ VMAX မော်ဒယ်

Want create site? Find Free WordPress Themes and plugins.

ဒီမော်ဒယ်က Yamaha အတွက် နိုင်ငံတကာ ဈေးကွက်မှာ အောင်မြင်မှုထက် အဆင့်တခု ရအောင် ထုတ်လုပ်လာတဲ့ မော်ဒယ်ပါ။ အကြောင်းကတော့ အမေရိက ဈေးကွက် အတွက် အမေရိကန်မှာပဲ ထုတ်တယ်၊ ဥရောပနဲ့ အာရှ ဈေးကွက် အတွက် ဂျပန်မှာပဲ ထုတ်လုပ်ပြီး အခြား နိုင်ငံတကာမှာ ရှိတဲ့ Yamaha ရဲ့ စက်ရုံတွေမှာ အလွယ် ထုတ်လုပ်ခြင်း မရှိဘူး၊ အရည်အသွေးကို အကောင်းဆုံး ဖြစ်အောင် ထိန်းထားတယ်၊ အထူးသဖြင့်တော့ အမေရိကန် ဈေးကွက်မှာ Harley ကို ဈေးကွက်ပြိုင်ချင်တာကြောင့် ထွက်ရှိလာတဲ့ Cruiser တန်းဝင် မော်ဒယ် ဆိုရင် မမှားပါဘူး။

အရင်ဆုံး Cruiser တစီး အတွက် အရေးပါဆုံး Suspension စနစ်က စပြောပါတယ်။ ရှေ့ဘက် စနစ်က Telescopic Catridge အထိုင်ဖြစ်ပြီး အရွယ်က ၅၂ မီလီဖောက်နဲ့ ဖြစ်ပါတယ်။ Fork ကို တိုက်တမ်နီယမ် အလွှာပါးနဲ့ ဖုံးအုပ်ထားပြီး ရေရှည်မှာ သံချေး မကိုက်အောင် ဖန်တီးထားတာပါ။ နောက်ဘက် စနစ်က Single Shcok စနစ်နဲ့ ဖြစ်ပြီး Dual-purpose တွေရဲ့ အထိုင်နဲ့ သွားဆင်ပါတယ်။

လမ်းကြမ်းပိုင်း အတွက်တော့ သိပ်အဆင် မပြေနိုင်ပေမယ့် ခရီးသည် ၂ ယောက်စီး အနေအထားရော အဝေးပြေး လမ်းတွေမှာ မြန်နှုန်းမြင့် မောင်းနှင်ချိန် အနေအထားမှာပါ နောက် Suspension စနစ်က ကိုယ်ထည်ကို တည်ငြိမ်မှု အပြည့်ပေးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

ဘရိတ်ပိုင်းမှာက ရှေ့ဘက်ကို ၃၂၀ မီလီ Disc နဲ့ ထိုင်ထားပြီး Wave-types ပုံစံ ဖြစ်ပါတယ်။ သူက ဘရိတ်အတွင်းသား ပိုကြမ်းပြီး မြန်နှုန်းမြင့် အနေအထားကနေ ချက်ချင်း အရှိန်လျော့ချ ပေးနိုင်မှု အားကောင်းပေမယ့် လုံး၀ ရပ်တန့်ချိန်မှာတော့ အရှိန်မသေသေးခင် တုံ့ကနဲ ရပ်တန့်သွားတာ တခုတော့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။

နောက်ဘက် ဘရိတ်မှာတော့ ၂၉၈ မီလီ Disc ကို ထိုင်ထားပြီး Single-piston နဲ့ ဖြစ်ပါတယ်။ ဘီးတွေက Cast 18/MC တွေ ဖြစ်ပြီး တာယာတွေက Bridgestone ကို ထည့်ထားပါတယ်။ ရှေ့တာာယာက 120/70 R18 ပဲ ရှိပေမယ့် နောက်ဖက် တာယာကို ထိန်းချုပ် မောင်းနှင်ရမှု အားကောင်းအောင် 200/50 R18 တွေ ထည့်ထားတာ တွေ့ရပါတယ်။

အင်ဂျင်က Four-Stroke နဲ့ ဖြစ်ပြီး V-Four အထိုင် သုံးထားပါတယ်။ အင်ဂျင် အရွယ်က ၁ ဒသမ ၇ လီတာသုံး အင်ဂျင် ဖြစ်ပြီး လက်ရှိ ပြည်တွင်းက လူကြိုက်များ အိမ်စီးကားတွေထဲက အသေးစား Wagon နဲ့ SUV မော်ဒယ်တွေမှာ တွေ့ရတဲ့ အင်ဂျင်လောက် ရှိပါတယ်။ သူက ရုန်းအား ၁၂၃ ပေါင်/ပေ ရှိပြီး စွမ်းအင် ထွက်ရှိမှှုက မြင်းကောင်ရေ ၁၂၀ အားဝန်းကျင် ရှိပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှု စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်သလို ကိုယ်ထည်ကလည်း ဆီအပြည့် ဖြည့် ထားမယ် ဆိုရင် ပေါင် ၆၈၃ ပေါင်ထိအောင် လေးမှာ ဖြစ်လို့ တာထွက်တော့ သိပ်မကောင်းပါဘူး။

ဂီယာချက် ၅ ချက်နဲ့ပဲ သွားပြီး Multi အထိုင် ကလပ်စနစ်ကို သုံးထားပါတယ်။ ဟိုက်ဒရောလစ်လို အကူစနစ် ပါမယ် ဆိုရင်တော့ ကလပ်ပိုင်းက အခုထက် ပိုကောင်းမယ် လို့ ထင်ပါတယ်။ Sport မော်ဒယ်တွေမှာတော့ ဂီယာက ၆ ချက်ထိ သုံးနိုင်လို့ အခုထက် ပိုမြန်ပေမယ့် VMAX ကတော့ လုံး၀ ဇိမ်ခံစစ်စစ် ဖြစ်နေစေပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၄ ဂါလံပဲ ဆံ့မှာပါ။ Premium ဓာတ်ဆီကို ထည့်သုံးတာ အကောင်းဆုံး ဖြစ်ပါမယ်။ အင်ဂျင်က အရွယ်ကြီးပေမယ့် ဆီ ၁ ဂါလံကို မိုင် ၃၀ လောက်ထိ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဝန်အများဆုံး ပေါင် ၄၂၀ ထိအောင် တင်ဆောင် မောင်းနှင်နိုင်မှာပါ။ မော်ဒယ်မှာ အားနည်းချက် တခု အဖြစ် တွေ့ရတာက အရောင်ပိုင်း ဖြစ်ပြီး ၂၀၁၆ မှာ ဆိုရင် နက်ပြာရောင်၊ ၂၀၁၇ မှာ နီညိုရောင်နဲ့ ၂၀၁၈ အတွက် အနက်ရင့်ရောင် တမျိုးစီပဲ လာတာ ဖြစ်ပါတယ်။ အရောင် မကြိုက်ရင် ကိုယ့်လက်ထဲ ရောက်မှ ပြန်ပြင်ရမယ့် သဘောပါ။ ဒါပေမယ့် မူလဆေးအရောင် (တော့ ပျက်သွားမှာပေါ့။

အခုနှစ် မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၁၈၀၀၀ နဲ့ ရောင်းချနေတာ တွေ့ရပြီး Harley ရဲ့ Cruiser တွေနဲ့စာရင် ဈေးချိုတာ ဖြစ်လို့ ဈေးကွက်နေရာ ရဖို့တော့ လွယ်နိုင်ပါတယ်။ တန်ဖိုးသင့် Cruiser ဇိမ်ခံ မော်ဒယ် လိုချင်ရင်တော့ အခုနှစ် Yamaha VMAX က အဆင်ပြေ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Ref: www.motorcycle.com

Did you find apk for android? You can find new Free Android Games and apps.
Loading