အမျိုးအစားက Chopper ၊ သူက ၁၉၅၀ ပြည့်လွန်နှစ်တွေကမှ အမေရိကန်မှာ ခေတ်စားလာတဲ့ ဆိုင်ကယ် အမျိုးအစား၊ Cruiser နဲ့ ဆင်ပေမယ့် Cruiser တွေက ဇိမ်ခံစစ်စစ်၊ ကိုယ်ထည် ကြီးကြီး ဖြစ်ပေမယ့် Chopper တွေကတော့ အလှစီး သက်သက်၊ ပြောရရင် ဒီဇိုင်းပိုင်း အရမ်းလန်းတယ်၊ မြင်လိုက်တာနဲ့ ပေါ်လွင်မှု ရှိတယ်၊ ပြည်တွင်းမှာလည်း Chopper နှစ်သက်သူတွေ၊ ကိုယ်တိုင် ထွင်စီးသူတွေတောင် ရှိနေတာပါ။
Honda ထုတ် Chopper ထဲမှာတော့ အရည်အသွေးရော ဒီဇိုင်းပါ ပြောစရာ မလိုအောင် ကောင်းမွန်တဲ့ မော်ဒယ်ပါ။ အင်ဂျင်စနစ်က ၁၃၀၀ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ V-twin အင်ဂျင် ပုံစံနဲ့ ဖြစ်ပြီး စွမ်းအင် ထုတ်လုပ်မှုကို ဦးစားပေး ဖန်တီးထားပါတယ်။ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် မကောင်းတဲ့ ကိုယ်ထည်နဲ့ ဖြစ်လို့ အင်ဂျင်က ရုန်းအား တော့ နည်းပါတယ်။ Exhaust ပိုင်းက နှစ်လုံးထိုင် ပုံစံ ဖြစ်ပြီး ရုပ်ထွက်ကို ပိုဆန်းစေပါတယ်။
ဆီထိုးသွင်းစနစ်က PGM လို့ ဆိုတဲ့ Program ကနေ ထိန်းချုပ်ပါတယ်။ တန်းမြင့်ဘီးတွေမှာပဲ တွေ့ရတဲ့ စနစ် ဖြစ်ပြီး EFI ထက် ပိုကောင်းလာပါတယ်။ ပေါက်ကွဲခန်း နှစ်ခန်း၊ Plug နှစ်လုံးထိုင်ထားပါတယ်။ လက်ကိုင်အထိုင်က Chopper ပီပီ အရမ်းမြှင့် ထားပါတယ်။ ခရီးဝေး မောင်းနှင်ရမှုတွေ အတွက် ပိုကောင်းစေပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၃ ဒသမ ၄ ဂါလံ ဆံ့ပါတယ်။ Sportbike တွေနဲ့မတူပဲ Wire-ring စနစ်က အရမ်း ရိုးရှင်းပါတယ်။ Honda ကတော့ လိုအပ်တဲ့ ချိတ်ဆက်မှုကိုပဲ ထည့်ထားပြီး ပျက်စီးမှု အတွက်ရော ဖန်တီးမှုမှာပါ လွယ်အောင် ဖန်တီးထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။
နောက်ဘက် Shock က အနေအထား ၅ မျိုးထိ စိတ်ကြိုက် ချိန်နိုင်ပြီး ပုံမှန် အနေနဲ့ ၂ မျိုးပဲ ချိန်လို့ ရတဲ့ စနစ်တွေထက် အရမ်းကောင်းသွားပါတယ်။ ဒိုင်ခွက်က လျှပ်စနစ်နဲ့ ပြသတဲ့ Digital နဲ့ ဖြစ်လာပါတယ်။ မြန်နှုန်းပြစနစ် အပြင် ဂီယာ အမှတ်စဉ်၊ ဆီလက်ကျန်၊ ဘရိတ်ဆီ၊ အင်ဂျင် လည်ပတ်နှုန်း၊ အမြန်နှုန်း၊ မောင်းနှင်ပြီး ကီလိုတွေ အားလုံးကို Digital နဲ့ ပြသပေးမှာ ဖြစ်ပါတယ်။
မီးကြီးတွေက LED နဲ့ ဖြစ်လာပါတယ်။ ထိုင်ခုံတွေက သားရေသား စစ်စစ်ပါ။ ပြီးတော့ ဝယ်ယူချိန်မှာ ထိုင်ခုံသား ပုံစံကို အထူ၊ အပါး၊ အသင့် ပုံစံ ၃ မျိုး ရွေးချယ် ရနိုင်ပါသေးတယ်။ ဂီယာ ၅ ချက်ကို အသုံးပြု မောင်းနှင်နိုင်မှာ ဖြစ်ပြီး Manual နဲ့ သွားပါတယ်။ အင်ဂျင်က လျှပ်စစ်မော်တာနဲ့ စက်နှိုးနိုင်မှာပါ။ နောက်ဘက် Shock တွေက Single ပုံစံ ထိုင်ထားပါတယ်။
ဘရိတ်မှာ ABS ဖြစ်ပြီး ရှေ့ဘက်က ၃၃၆ မီလီနဲ့ နောက်ဘက် ၂၉၆ မီလီ Disc တွေ သုံးထားပါတယ်။ တာယာအရွယ်က ရှေ့ဘက် 90-90 21 နဲ့ နောက်ဖက်က 20-50 18 ပါ။ ရှေ့ဘီးကို ကြီးထားပြီး နောက်ဘက်ဘီးက သေးပေမယ့် တာယာ မျက်နှာပြင် ကျယ်တာကို သုံးထားပြီး မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာ ကိုယ်ထည် တည်ငြိမ်မှု အားကောင်းအောင် ထိန်းထား ပါတယ်။
မော်ဒယ်က မြေပြင်ကနေ ၄ ဒသမ ၉ လက်မ ကင်းလွတ်မှု ရှိပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၂၆ ဒသမ ၉ လက်မ အမြင့်မှာပါ။ အလေးချိန် ၆၆၆ ပေါင် လေးပါတယ်။ Chopper အနေနဲ့ အလေးချိန် သင့်ပါတယ်။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အတွက် တနာရီ ကီလို ၈၀ နှုန်းကို အချိန် ၅ စက္ကန့် ဝန်းကျင်နဲ့ ရောက်မှာပါ။ တာထွက် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်လို့ Sport တွေလောက်တော့ စွမ်းဆောင်ရည် မကောင်းပါဘူး။
မော်ဒယ်က နိုင်ငံတကာ ဈေးကွက်မှာ ဒေါ်လာ ၁၀၄၄၉ နဲ့ ဈေးကွက် ဝင်နေတာ တွေ့ရပြီး နည်းပညာနဲ့ တပ်ဆင် ထည့်သွင်းမှု အပေါ်မှာ မူတည်လို့ ဈေးနှုန်း နည်းနည်း ကွာခြားချက် ရှိနိုင်ပါတယ်။ Cruiser တွေထက် ရုပ်ထွက် ဆန်းဆန်း လန်းလန်း စီးနင်းချင်သူတွေ အတွက်တော့ အကောင်းဆုံး ဖြစ်မယ့် မော်ဒယ်ပါ၊ အမေရိကနဲ့ ဥရောပထုတ် မော်ဒယ်တွေ ထက် ဈေးနှုန်း ချိုလို့ ရွေးချယ်ဖို့လည်း သင့်ပါတယ်။
Ref: www.totalmotorcycle.com