• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

တိုယိုတာ ကုမ္ပဏီရဲ့ အဆင့်မြင့် ဇိမ်ခံမော်ဒယ် Lexus LC 500

by လင်းထက် (IA)
21 January 2018
in Automobile
A A
တိုယိုတာ ကုမ္ပဏီရဲ့ အဆင့်မြင့် ဇိမ်ခံမော်ဒယ် Lexus LC 500
5.3k
VIEWS
Share on FacebookShare on Twitter

မော်ဒယ်က နှစ်ယောက်စီး Coupe တန်းဝင် အဖြစ်နဲ့ ထုတ်လုပ်ထားတဲ့ အဆင့်မြင့် ဇိမ်ခံမော်ဒယ်။ တံခါးပေါက် နှစ်ပေါက်ပဲ ပါတယ်၊ ဒါပေမယ့် ထိုင်ခုံတန်းတော့ နှစ်တန်း ထည့်ထားလို့ ခရီးသည် လေးယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ တိုယိုတာ ကုမ္ပဏီရဲ့ ဇိမ်ခံ အမှတ်တံဆိပ် Lexus အဖြစ် ထုတ်လုပ်လာခြင်းနဲ့ အတူ အာရှထုတ် ကားတွေကို နှစ်သက်တဲ့ ပြည်တွင်း အနေအထားမှာတော့ စိတ်ဝင်စားစရာပါ။

အားသာချက် အနေနဲ့ မြင်မိတာတွေက ကိုယ်ထည် ဒီဇိုင်းက ဆန်းသစ်မှု အားကောင်းတယ်၊ ဆွဲဆောင်မှုထက် သိသာပေါ် လွင်မှု ကောင်းတယ်၊ အတွင်းခန်း အပြင်အဆင်လည်း ကောင်းသလို တပ်ဆင် ပစ္စည်းတွေရဲ့ အရည်အသွေးက ထိပ်တန်း အဆင့်ရှိတယ်။ Sport ဆန်တဲ့ စွမ်းဆောင်ရည်ရော မောင်းနှင်ရမှု အရသာကိုပါ ပေးစွမ်းနိုင်တာ တွေ့ရပြီး လိုက်ပါ စီးနင်းရမှုလည်း အထူးကိုပဲ ကောင်းမွန်လှပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
133
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
409
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

ပြီးတော့ V8 အင်ဂျင်စနစ်နဲ့ပါ ရနိုင်ပြီး ဒီအင်ဂျင် တပ်ဆင်ထားတဲ့ မော်ဒယ်တွေက အရမ်းမြန်ပါတယ်၊ ပြိုင်ဘက် တန်းတူ မော်ဒယ်တွေကို ကောင်းကောင်း နောက်ကောက်ချနိုင်လောက်အောင် မြန်ဆန်လွန်းပါတယ်။ နောက်ဆုံး ပြောချင်တဲ့ အချက်ကတော့ နည်းပညာပိုင်း ဖြစ်ပြီး ထည့်သွင်းထားတဲ့ နည်းပညာတွေက မြင့်မားသလို နောက်ဆုံးပေါ် အသုံးဝင်ပြုနေ တဲ့ စနစ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ဒယ်က အာရှထုတ် မော်ဒယ် အများစုမှာ အတွင်းခန်း သတင်း အချက်အလက်ပြစနစ် ဖန်တီးမှု အားကောင်း ပေမယ့် အခုတော့ Touch စနစ်နဲ့ အသုံးပြုနိုင်မှုမှာ နည်းနည်း အားနည်းသလို နေပါတယ်။ ပြီးတော့ အတွင်းခန်း အပြင် အဆင် အားကောင်းပေမယ့် နည်းနည်း ကျဉ်းနေသလို ဖြစ်နေပါတယ်။ ထိုင်ခုံပိုင်းမှာ ပုံမှန်နဲ့ Sport ထိုင်ခုံတွေ အဖြစ် ရွေးချယ် ဝယ်ယူနိုင်ပြီး Sport ထိုင်ခုံတွေက ဒီဇိုင်းလှပေမယ့် တကယ်တော့ ထိုင်ပြီး မောင်းနှင်မှုမှာ စိတ်ကြိုက် မဖြစ်စေ တာ တွေ့ရပါတယ်။ ဈေးနှုန်းမြင့် ပေမယ့် တခြား တန်ဖိုးမြင့် မော်ဒယ်တွေလောက်တော့ စိတ်ကြိုက်ဖြစ်မှု နည်းပါးနိုင် ပါတယ်။

အခုနှစ် မော်ဒယ်ကို Lexus က အသစ်အနေနဲ့ အားလုံး ဖန်တီးထားတာပါ။ အင်ဂျင် စနစ် အနေနဲ့ကတော့ ၅ ဒသမ သုည လီတာသုံး V8 အင်ဂျင် အရွယ်ထိအောင် တပ်ဆင်ထားပြီး ဒီအင်ဂျင်က ရုန်းအား ၃၉၈ ပေါင်/ပေပဲ ရှိပေမယ့် စွမ်းအင် ထွက်ရှိမှု ကတော့ မြင်းကောင်ရေ ၄၇၁ ကောင်အားထိ ရှိနေတာလည်း ဖြစ်ပါတယ်။ မော်ဒယ်ခွဲ ရွေးချယ်နိုင်အောင် ထုတ်လုပ် ရောင်းချမှုတော့ မတွေ့ရပေမယ့် နည်းပညာ ထည့်သွင်းမှု အပိုင်းမှာတော့ Packageတွေ ခွဲထားပြီး မိမိ နှစ်သက်ရာ ရွေးချယ်ထည့်သွင်းနိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ဘီးယက် စနစ် တမျိုးတည်း လာပါတယ်။ ဂီယာပိုင်းက ၁၀ ချက်သုံး Auto နဲ့ ဖြစ်ပြီး ဇိမ်ခံ မော်ဒယ် အနေနဲ့တော့ ဂီယာချက် များတာက သဘောကျစရာ ကောင်းပါတယ်။

လက်မ ၂၀ အရွယ် ဘီးတွေကို တပ်ဆင်ထားပါတယ်၊ ရှေ့မီးကြီးတွေက LED နဲ့ ဖြစ်ပါတယ်။ ပြီးတော့ မီးကြီးတွေက Auto တွေ ဖြစ်ပါတယ်။ နောက်ကြည့်မှန်တွေမှာ အပူပေးစနစ်လည်း ပါသလို Auto အလင်းလျော့ နည်းပညာလည်း ထည့်သွင်း ဖန်တီး ထားတာပါ။ Keyless နဲ့ သွားနိုင်ပါတယ်။ ၈ လက်မ အရွယ် အချက်အလက်ပြစနစ် ပါရှိပြီး Cruise Control သုံးနိုင်မယ်၊ ရှေ့ဘက် ထိုင်ခုံတွေက အပူပေးစနစ်လည်း ပါသလို Power နဲ့ အနေအထား ၈ မျိုးထိအောင် ချိန်ညှိနိုင်ပါ မယ်။

ယာဉ်မောင်းထိုင်ခုံမှာ မှတ်ဉာဏ်စနစ် ပါသေးတယ်။ အတွင်းခန်း အပြင်အဆင် အားလုံး သားရေသားနဲ့ ဖြစ်ပါတယ်။ ဖျော်ဖြေရေး စနစ် အတွက်ကတော့ အလယ်မှာ ၁၀ ဒသမ ၃ လက်မ အရွယ်ရှိတဲ့ မျက်နှာပြင်စနစ် ပါရှိပါတယ်။ ဂြိုဟ်တု အခြေပြု မြေပုံစနစ်တွေ သုံးနိုင်ပါတယ်။ အသံပိုင်း အတွက် စပီကာ ၁၂ လုံးထိအောင် ပါရှိပြီး HD အသံထွက် ရှိမှာ ဖြစ်သလို ဂြိုလ်တု ရေဒီယိုပါ မိပါတယ်။

USB ပေါက်ပါမယ်၊ နောက်ဘက် ရိုက်ကူး ကင်မရာစနစ် ပါရှိတယ်၊ ပတ်လည် လမ်းကြောင်း ကြိုတင် အချက်ပြစနစ် ပါတယ်၊ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ် ထည့်ထားတယ်၊ လမ်းကျဉ်းအချက် ပြစနစ်လည်း တွေ့ရပါတယ်။

မော်ဒယ်က စွမ်းဆောင်ရည်ပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်း ရဖို့ အတွက် အချိန် ၄ စက္ကန့် ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်ဖို့ ရှိပြီး ဂီယာချက် များနေတာ တခုက ခရီးဝေး မောင်းနှင်မှုအတွက်ရော တာထွက် ကောင်းဖို့ပါ အဆင်ပြေစေ ပါတယ်။

ဆီတဂါလံကို ပျမ်းမျှ ၁၉ မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီး အင်ဂျင် အရွယ်နဲ့ ပြန်တွက်ရင် မဆိုးပါဘူး။ မော်ဒယ်က ဈေးနှုန်း အပိုင်းမှာ ဒေါ်လာ ၁၀၂၀၀၀ (မြန်မာငွေ ) ရှိနေပြီး မိမိ ထည့်သွင်းမယ့် အခြား နည်းပညာ Package တွေ အပေါ်မှာ မူတည်လို့ ဈေးနှုန်းတော့ နည်းနည်း ကွားခြားနိုင်ပါတယ်။ ။

Ref: www.edmunds.com

Your Thoughts …
Tags: 2018 Lexus LC 500
လင်းထက် (IA)

လင်းထက် (IA)

Similar Picks:

No Content Available
Next Post
မျက်နှာပြင်အရွယ်အစား ချုံ့နိုင်ချဲ့နိုင်တဲ့ Samsung ရဲ့ The Wall TV မော်ဒယ်သစ် လာတော့မည်

မျက်နှာပြင်အရွယ်အစား ချုံ့နိုင်ချဲ့နိုင်တဲ့ Samsung ရဲ့ The Wall TV မော်ဒယ်သစ် လာတော့မည်

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / Reuters

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.2k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate