Automobile

Honda ရဲ့ တကိုယ်တော်စီး မော်ဒယ်သစ် သူပုန် ၃၀၀

Want create site? Find Free WordPress Themes and plugins.

ဂျပန် အခြေစိုက် Honda ရဲ့ Rebel 300 မော်ဒယ်က Cruiser တန်းဝင် ဖြစ်ပြီး ထူးခြားချက် အနေနဲ့တော့ တယောက်စီး မော်ဒယ် ပုံစံ ချိုးဆစ်ထားတာ ဖြစ်ပါတယ်။ အခုနှစ် ၂၀၁၈ မော်ဒယ်ကို ဂျပန်မှာပဲ ထုတ်လုပ်ပြီး ရောင်းချတယ် လို့ သိရပြီး အမေရိကန်နဲ့ စာရင် ဥရောပထုတ် မော်ဒယ်တွေကို ဈေးကွက် အသာစီးရအောင် ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့ထွက် Rebel တွေရဲ့ ဈေးကွက် အနေအထားအရလည်း ဥရောပနဲ့ အာရှမှာ လူကြိုက်ပိုများတာ တွေ့ရပြီး အထူးသဖြင့် အာရှမှ တန်ဖိုးနည်း ဇိမ်ခံ မော်ဒယ် ပုံစံ ထားရှိ စီးနင်းနေကြတာ တွေ့ရပါတယ်။

မော်ဒယ်က ဒီဇိုင်းပိုင်းမှာတော့ ခေတ်နည်းနည်းနောက်ကျတဲ့ ရုပ်ထွက်နဲ့ အချိုးအဆစ်ကို တွေ့ရပြီး ရုပ်ထွက်နဲ့ ဒီဇိုင်းနဲ့ ဟန်ချက်ညီမှု ပိုအားကောင်းတာ တွေ့ရပါတယ်။ အထူးသဖြင့် အပေါ့စား မော်ဒယ် တခု အနေနဲ့ တည်ငြိမ်မှု အားနည်း ပေမယ့် အခု မော်ဒယ်က ဟန်ချက်ညီမှု အထူးကောင်းပြီး အမြန်နှုန်း နည်းနည်းနဲ့တင် လက်လွှတ်စီးနင်းလို့ ရလောက်အောင် တည်ငြိမ်မှု ရှိတာလည်း တွေ့ရပါတယ်။

Shock တွေရဲ့ ဖန်တီးမှု အားကောင်းခြင်း၊ နောက် Fork တည်ငြိမ်ခြင်း၊ ဆီတိုင်ကီကို တဖက်တချက်စီ အလေးချိန် ဟန်ချက်ညီအောင် ဖန်တီးထည့်သွင်းထားခြင်း၊ တာယာတွေကို အရွယ်အစားထက် မျက်နှာပြင် ကြီးမားအောင် ဖန်တီးထည့်သွင်း ထားခြင်းတွေက သဘောကျစရာပါ။

အင်ဂျင်က ၂၈၆ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး အလွယ် အနေနဲ့ 300 လို့ သတ်မှတ်ထားတာပါ။ တလုံးထိုး အင်ဂျင်ပဲ ဖြစ်ပြီး Four-stroke အင်ဂျင်စနစ်နဲ့ လာပါတယ်။ အင်ဂျင်ကို လျှပ်စစ်နဲ့ စက်နှိုးနိုင်ပါတယ်။ ဆီထိုးသွင်းစနစ်က DOHC နဲ့ ဖြစ်ပြီး လျှပ်စစ်စနစ်လောက် မတိကျပေမယ့် စွမ်းအင် ထုတ်လုပ်မှုတော့ ပိုကောင်းစေတဲ့ စနစ်ပါ။ ဂီယာချက် ၆ ချက်အထိ သုံးနိုင်မယ့် မော်ဒယ် ဖြစ်ပြီး Manual နဲ့ သွားပါတယ်။ ခရီးဝေး သွားလာမောင်းနှင်မှု အတွက် အကောင်းဆုံး ဖြစ်မယ့် မော်ဒယ်ပါ။

ဘီးတွေက ရှေ့၊ နောက် ရွယ်တူပဲ ဖြစ်ပြီး ၁၆ လက်မ အရွယ်တွေပါ။ ရှေ့တာယာ အရွယ်က 130/90 ဖြစ်ပြီး နောက် တာယာက 150/80 ဖြစ်ပါတယ်။ နောက်တာယာ မျက်နှာပြင်ကို တည်ငြိမ်မှု အတွက် အရွယ် ပိုကြီးထားပါတယ်။ ရလဒ် ကတော့ နောက်တာယာ မျက်နှာပြင် ပိုကြီးသွားပြီး မော်ဒယ်က မောင်းနှင်ချိန်မှာ တည်ငြိမ်မှု အပြည့်ပေးနိုင်ပေမယ့် အင်ဂျင်ကလည်း အလတ်တန်းစား၊ တာယာလည်း မျက်နှာပြင် ကြီးသွားလို့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုတော့ အားနည်းသွားပါတယ်။

ဘရိတ်ပိုင်းမှာတော့ ABS ပုံစံ ဟိုက်ဒရောလစ် ဘရိတ်တွေကိုပဲ ရှေ့ရော နောက်ပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ဘရိတ်မှာပါ ABS သုံးထားတာက တန်းမြင့် ဘီးတွေမှာပဲ တွေ့ရတဲ့ စနစ် ဖြစ်လာပြီး သဘောကျစရာပါ။ Suspension ပိုင်းမှာတော့ ရှေ့ပိုင်းက Telescopic ကို သုံးထားပြီး နောက်ဘက်ကတော့ Twin-Sided Swing ကို ထိုင်ထားတာ ဖြစ်ပါတယ်။ ဒီစနစ်က မောင်းနှင်ချိန်မှာ တုန်ခါမှု အထူးလျော့နည်းအောင် လျော့ချပေးနိုင်တဲ့ စနစ် ဖြစ်ပြီး Ford ကြားမှာပဲ လမ်းကြောင့် ဖြစ်တဲ့ တုန်ခါမှုက ပျောက်သွားစေတဲ့ စနစ်တခု ဖြစ်ပါတယ်။ သဘောကျစရာပါ။

မော်ဒယ်ရဲ့ တပ်ဆင် ဆီတိုင်ကီက ၃ ဂါလံ ဆံ့ပါတယ်။ ဆီဖြည့်ပြီး အလေးချိန် ၃၆၄ ပေါင်ပဲ ရှိပြီး အာရှဒေသ စီးနင်းသူတွေ အတွက်တော့ တနိုင်ပဲ ဖြစ်ပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၂၇ လက်မ အမြင့်မှာ ရှိမယ်။ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်လို့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုတော့ အားမကောင်းပါဘူး။ ဆီတဂါလံကို မိုင် ၅၀ ဝန်းကျင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၄၄၄၉ နဲ့ ရောင်းချနေတာ တွေ့ရပြီး တန်ဖိုးတူ မော်ဒယ်တွေနဲ့ စာရင် စွမ်းဆောင်ရည်ရော အရည်အသွေးပါ သာလွန်ကောင်းမွန်တဲ့ မော်ဒယ်ကောင်းတခုလို့ ဆိုရမှာပါ။

Ref: www.cycleworld.com

Did you find apk for android? You can find new Free Android Games and apps.
Loading