• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ဟွန်ဒါရဲ့ Mean Mover မြက်ရိတ်စက် ဂင်းနစ်စံချိန်တင်နိုင်မှာလား

by လင်းထက် (IA)
12 April 2018
in Automobile
A A
ဟွန်ဒါရဲ့ Mean Mover မြက်ရိတ်စက် ဂင်းနစ်စံချိန်တင်နိုင်မှာလား
4.7k
VIEWS
Share on FacebookShare on Twitter

အရင်ဆုံး Lawnmover အကြောင်း ပြောပြပါမယ်။ Lawn Mover လို့လည်း ခွဲရေးတယ်၊ Mover လို့လည်း တလုံးတည်း ရေးတယ်။ ဘာပဲ ဖြစ်ဖြစ် သေချာတာကတော့ သူက မြက်ရိတ်စက်ကို ပြောတာပါ။ တချို့က မြက်ရိတ်ဓား ၁ ချောင်း၊ တချို့က ဓားသွားတွေ အများကြီး ထည့်သွင်း ဖန်တီးထားတတ်ပါတယ်။ ဘက်ထရီ အားလုံး လျှပ်စစ် မော်တာနဲ့လည်း လာတတ်သလို အင်ဂျင်စနစ်နဲ့လည်း ဖြစ်နိုင်ပါတယ်။

ဂျပန် အခြေစိုက် Honda ကနေ Mean Mover ဆိုတဲ့ အမည်နဲ့ လေးဘီးတပ် မြက်ရိတ်စက်ကို အခုနှစ် ၂၀၁၈ မော်ဒယ် အတွက် ထုတ်လုပ်လာပါတယ်။ နာမည်ကျော် Superbike တန်းဝင် ဆိုင်ကယ် CBR1000RR မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို တပ်ဆင်ထားတာပါ။ ပြောရရင် ဒီအင်ဂျင်က Honda ထုတ် ဆိုင်ကယ်တပ် အင်ဂျင်တွေထဲမှာ စွမ်းအင် ထုတ်လုပ်မှု အကောင်းဆုံးနဲ့ ဆိုင်ကယ် မော်ဒယ် CBR ဆိုရင်လည်း Honda ထုတ် မော်ဒယ်တွေထဲမှာ အမြန်ဆုံး ဆိုင်ကယ် ဖြစ်နေတာပါ။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
259
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
347
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
804

အခု မော်ဒယ်ကို မြက်ရိတ်စက် ဆိုတာထက် ကမ္ဘာ့အဆင့် မှတ်တမ်းတခု ဝင်အောင် ထုတ်လုပ်လာခြင်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထုတ် Mean Mover က ကမ္ဘာ့စံချိန်တင် အမြန်ဆုံး မြက်ရိတ်စက် စာရင်းမှာ တနာရီ ၁၁၆ မိုင် (၁၈၇ ကီလိုမီတာ) ထိ မောင်းနှင်နိုင်ပြီး ကမ္ဘာ့အမြန်ဆုံး မြက်ရိတ်စက် ဖြစ်နေတာပါ။ အခုလည်း အမြန်ဆုံး စာရင်းမှာ အဆင့် ၁ ချိတ်နေပေမယ့် အဆင့်မြှင့်တင်မှုနဲ့ အတူ Honda ရဲ့ ဖန်တီးနိုင်မှု စွမ်းအားကို ပြဖို့ အခုလို နောက်ထပ် စံချိန်တင်ဖို့ ဖန်တီးလာပုံ ရပါတယ်။

အခုတော့ ၂၀၁၈ ခုနှစ် အတွက် မော်ဒယ်က ကမ္ဘာ့အမြန်ဆုံး မြက်ရိတ်စက်သစ် ဖြစ်လာဖို့ ရှိနေပါပြီ။ နာမည်ကျော် မဂ္ဂဇင်း Top Gear မှာလည်း မော်ဒယ်ရဲ့ ဖန်တီးထားမှု အသေးစိပ် အချက်အလက်တွေကို ဖော်ပြလာတာ တွေ့ရလို့ သဘောကျစရာပါ။ မဂ္ဂဇင်းရဲ့ ပင်တိုင် ဆောင်းပါးရှင် တဦး ဖြစ်တဲ့ Piers Ward က အခုလို အမြန်ဆုံး စံချိန်တင် မောင်းနှင်နိုင်ဖို့ အခုနှစ် Mean Mover မော်ဒယ်ကို ပြိုင်ကားမောင်းသူ Jess Hawkins ရဲ့ အကူအညီ ရယူ မောင်းနှင်မှာ ဖြစ်တယ် လို့ ရေးသားထားတာ တွေ့ရပါတယ်။

မော်ဒယ်ရဲ့ ဖန်တီးမှုနဲ့ ရုပ်ထွက် အားလုံးက ၂၀၁၄ ခုနှစ်က မော်ဒယ်နဲ့ သိပ်မကွာပေမယ့် အင်ဂျင်စနစ် အထူးကောင်းမွန်လာပြီး အမြန်ဆုံး မော်ဒယ် ဖြစ်လာဖို့ ရှိနေတာပါ။ တပ်ဆင် အင်ဂျင်က ၁၀၀၀ စီစီအရွယ် ဖြစ်ပြီး စွမ်းအင် အနေနဲ့ ၁၄၁ ကီလိုဝပ်အား ထိ ထွက်ရှိမယ်။ မော်ဒယ်ရဲ့ အလေးချိန်က ၂၀၀ ကီလိုဂရမ်ပဲ လေးမှာပါ။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်)ကို အချိန် ၃ စက္ကန့် ဝန်းကျင်နဲ့ ရောက်နိုင်ပါတယ်။ ဒါဟာ Supercar တွေရဲ့ စွမ်းဆောင်ရည်မျိုးပါ။ ပြောရရင် ဂျာမနီ အခြေစိုက် နာမည်ကျော် ပြိုင်ကား Porsche 911 ထက် မြန်နေတာပါ။

ကားတွေမှာလိုပဲ Traction Control လည်း ပါတယ်။ လေးဘီးယက် ပုံစံ အထိုင်နဲ့ပါ။ မော်ဒယ်ကို မြက်ရိတ်ပုံစံရော ပုံမှန် လမ်းကြောင်းမောင်း အနေနဲ့ပါ မောင်းနှင်သွားလာနိုင်အောင် ဖန်တီးထားပါတယ်။ အခုထိတော့ Honda ရဲ့ အဆိုအရ မော်ဒယ် အနေနဲ့ တနာရီ အမြန်ဆုံး ၁၃၄ မိုင် (၂၁၄ ကီလိုမီတာ) ဝန်းကျင်ထိအောင် မောင်းနှင်နိုင်မယ် လို့ ဆိုထားပေမယ့် ဘယ်နေ့မှာ စမ်းမောင်းပြီး နောက်ထက် ဂင်းနစ် စံချိန်သစ် တင်မယ် ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: www.maxim.comwww.topgear.com

Your Thoughts …
Tags: ကမ္ဘာ့အမြန်ဆုံး မြက်ရိတ်စက်
လင်းထက် (IA)

လင်းထက် (IA)

Similar Picks:

No Content Available
Next Post
ဂျိမ်းစ်ဘွန်းရုပ်ရှင်မင်းသား Daniel Craig

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်တွင် မင်းသား Daniel Craig ပြန်လည်ပါဝင်လာမည်ဟု အတည်ပြု

UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့ပေါ်တွင် မြန်မာစာသင်ကြားနေသည်ကိုတွေ့ရစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

“ဝ” နှင့် ရခိုင်မြောက်ပိုင်း လူနေထိုင်မှု စစ်တမ်းကောက်ခွင့်မရ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate