Automobile

တန်ဖိုးသင့်ပြီး အဆင့်မြင့်တဲ့ Suzuki Ciaz မော်ဒယ်သစ်ရဲ့ အားသာချက်များ

ဂျပန် အခြေစိုုက် Suzuki ကုမ္ပဏီရဲ့ ဆီဒင် မော်ဒယ် Ciaz အကြောင်း  ပြောပြပါမယ်။ Compact လို့ ဆိုတဲ့ ကိုယ်ထည် အရွယ်အစားက အလယ်အလတ်တန်းဝင် မော်ဒယ်ပါ။ အာရှနဲ့လက်တင် အမေရိကတွေမှာ အရင်က SX4 ဆိုတဲ့ မော်ဒယ်ကို ရောင်းချမှု ရပ်နားလိုက်ပြီး အစားထိုး ထုတ်လုပ်လာတဲ့ မော်ဒယ်ပါ။ အာရှ ဈေးကွက်မှာတော့ Ciaz လို့ပဲ ခေါ်ပေမယ့် လက်တင် အမေရိကလို ဈေးကွက်မှာတော့ Alivio လို့ပါ ခေါ်တာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကမှ စတင် ထုတ်လုုပ်လာနေတဲ့ မော်ဒယ် ဖြစ်ပြီး သက်တမ်း အနေနဲ့ မကြာသေး ပေမယ့် ရုပ်ထွက်ဆွဲဆောင်မှု ကောင်းခြင်း၊  အရည်အသွေး ကောင်းမွန်ခြင်း၊ ဈေးနှုန်း ချိုသာခြင်းတွေကြောင့် လူကြိုက်များနေပါတယ်။

မော်ဒယ်ကို အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားတွေမှာ အများဆုံး တပ်ဆင်ထုတ်လုပ်တာ တွေ့ရပါတယ်။ အင်ဂျင် အရှေ့ဘက်ထိုင်ပုံစံ၊ ရှေ့ဘီးယက်စနစ်နဲ့ပဲ လာပါတယ်။ အင်ဂျင် အရွယ်က ထုတ်လုပ်မှု သက်တမ်း တလျှောက် ၁ ဒသမ ၆ လီတာသုံုး၊ ၁ ဒသမ ၄ လီတာသုံး၊ ၁ ဒသမ ၂ လီတာသုံး ဓာတ်ဆီ အင်ဂျင်  အရွယ် ၃ မျိုးအပြင် ၁ ဒသမ ၃လီတာသုံး ဒီဇယ်အင်ဂျင်နဲ့ပါ တပ်ဆင်ထုတ်လုုပ်တာ တွေ့ရပါတယ်။ ဂီယာပိုုင်းကတော့ ၅ ချက် Manual နဲ့ လာသလို ဓာတ်ဆီ အင်ဂျင်တွေမှာ ဆိုရင် ၄ ချက် Auto နဲ့လည်း ရနိုင်ပါတယ်။

အင်ဂျင်တွေက ပျမ်းမျှ အနေနဲ့ ဓာတ်ဆီအင်ဂျင်တွေက မြင်းကောင်ရေ ၉၁ ဒသမ ၁၈ ကောင်အား ထွက်ရှိပြီး ဒီဇယ် အင်ဂျင်တွေကတော့ မြင်းကောင်ရေ ၈၈ ဒသမ ၇၆ ကောင်အား ထွက်ရှိပါတယ်။ ထူးခြားချက် အနေနဲ့ ရှေ့မီးကြီးတွေက Projector တွေမှာ သုံးတဲ့ မီးစနစ်မျိုးကို တပ်ဆင်ထားတယ်၊ ၁၆ လက်မ အရွယ် ဘီးတွေနဲ့ လာတယ်။ Keyless ပုံစံနဲ့ ရတယ်။

အတွင်းခန်း သတင်း အချက်အလက်ပြ စနစ်မှာ Touch စနစ်နဲ့ သုံးနိုင်တယ်။ နောက်ဘက် ပါကင် ကင်မရာစနစ် ပါရှိတယ်။ Auto Climate Control ထည့်ထားတယ်။ ABS ဘရိတ်စနစ်ကို EBD (Electric Brake-force Distribution) ပါ အကူထိုင်ထားသေးတယ်။ အသက်ကယ် လေအိတ်စနစ် ပါရှိတယ်။ အင်ဂျင် Stop-Start စနစ်ကို ခလုတ်နဲ့ သုံးနိုင်တယ်။ တရုတ်ထုတ် မော်ဒယ်တွေမှာ ဆိုရင် Sunroof တောင် ပါရှိသေးတာ တွေ့ရလို့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပေမယ့် တန်ဖိုးသင့် မော်ဒယ်တွေလောက်ကိုပဲ နည်းပညာ အားကောင်းတာ တွေ့ရပါတယ်။ မော်ဒယ်ကို အာရှ အခြေစိုုက် ကားစမ်းသပ်ရေး ASEAN NCAP ကနေ စမ်းသပ် ထားချက် အရ ကြယ် ၅ ပွင့်မှာ ၄ ပွင့့်ထိအောင် ရရှိထားတာလည်း ဖြစ်ပြီး ဒါက ပြိုင်ဘက် မော်ဒယ်တွေထက် ရလဒ် ပိုကောင်းနေတာပါ။

Suzuki ရဲ့ အဓိက မိတ်ဖက် အိန္ဒိယ အခြေစိုက် Maruti ဆိုရင် ပြီးခဲ့တဲ့ နှစ်လယ်ပိုင်း အတွင်းက Ciaz ရဲ့ ရုုပ်ထွက်ကို ပြင်ဆင် မိတ်ဆက်လာမှုတောင် ရှိခဲ့သေးပြီး အတွင်းခန်းရော အပြင်ပိုင်း ရုုပ်ထွက်တွေပါ ပြင်ဆင်ဖန်တီးလာတာ တွေ့ရ ပါတယ်။ ရှေ့မီးကြီးတွေက LED DRLs, HID မီးကြီးတွေ ဖြစ်လာပါတယ်။  ဘီးတွေကလည်း Alloy နဲ့ လာတယ်။ Sunroof ပါလာတယ်။ နောက်ဘက် ခရီးသည်ခန်းကို ပိုုမို ကျယ်ဝန်းအောင် ဖန်တီးထားတယ်။ နောက်ဘက် Bamper လည်း ပုံစံ အသစ်နဲ့ ဖြစ်လာတာပါ။ ပြီးတော့ အရောင်ပိုင်း  ရွေးချယ်နိုင်မှုမှာ Nexa Blue ဆိုတဲ့ နက်ပြာရောင်နဲ့ပါ ရနိုင်ပါတယ်။ ဒီလို အသစ် ဖန်တီးထားတဲ့ မော်ဒယ်က အခုလ အတွင်းမှာ အိန္ဒိယ ဈေးကွက် အတွင်း စတင်ရောင်းချနေပြီလည်း ဖြစ်ပါတယ်။

၂၀၁၈ ရဲ့ Suzuki Ciaz

ပြည်တွင်း ဈေးကွက်မှာတော့ Nissan Sunny နဲ့ အဓိက ပြိုင်ဆိုင်နေရ ပေမယ့် ကိုယ်ထည် အချိုးအဆစ်နဲ့ ရုပ်ထွက်ပိုင်း ကတော့ Ciaz က သာပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ Honda City နဲ့ Hyundai Verna တွေနဲ့ အပြိုင် ဖြစ်နေတာပါ။ အခုနှစ် မော်ဒယ်တွေမှာ ရှေ့မီးကြီးတွေရော နောက်မီးတွေပါ LED နဲ့ ဖြစ်လာပါတယ်။ S မော်ဒယ်ခွဲ အနေနဲ့ပါ ရနိုင်လာဖို့ ရှိနေပြီး သူက ပုံမှန် မော်ဒယ်ခွဲတွေ ထက်တော့ နည်းနည်း ပိုမြင့်ပါ လိမ့်မယ်။

ထိုင်ခုံတွေ၊ တံခါးတွေ၊ အမိုးလိုင်းတွေမှာ သုံးထားတဲ့ ဆက်စပ် ဖန်တီးပစ္စည်းတွေ အရည်အသွေး ပိုကောင်းလာတယ်။ ၇ လက်မ အရွယ် Smartplay စနစ်နဲ့ ပြသမျက်နှာပြင်စနစ် ပါလာတယ်။ ဒီနှစ် မော်ဒယ်က နည်းပညာမြင့် ကားတွေမှာ သုံးနိုင်တဲ့ ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုတဲ့ Android Auto နဲ့ Apple CarPlay လို စနစ်တွေကို ချိတ်ဆက်သုံးလာနိုင်စေလို့ သဘောကျစရာပါ။

ပြီးတော့ ဂြိုဟ်တု အခြေပြု မြေပုံပြစနစ်လည်း ပါလာပါတယ်။ ပြီးတော့ အခုနှစ် မော်ဒယ်မှာ Sunroof ပါလာမယ့် တချက် ကတော့ ဇိမ်ခံ မော်ဒယ်ဆန်ဆန် ဖြစ်လာပါတယ်။ အင်ဂျင် အနေနဲ့တော့ ၁ ဒသမ ၃ လီတာသုံး အရွယ် လေးလုံးထိုး ဓာတ်ဆီရော ဒီဇယ် အင်ဂျင်နဲ့ပါ ရနိုင်မှာပါ။ ၄ ချက်သုံး Auto ဂီယာစနစ်နဲ့ပါ လာသလို အခုနှစ် ဓာတ်ဆီ မော်ဒယ်တွေမှာ CVT နဲ့ လိုချင်ရင် ရွေးချယ်နိုင်စရာ ရှိလာပါတယ်။   ။

Ref: www.zigwheels.com

Loading