Automobile

ဈေးချိုပြီး နည်းပညာမြင့်မားတဲ့ ဇိမ်ခံကား Genesis G80 မော်ဒယ်သစ် အကြောင်း

Want create site? Find Free WordPress Themes and plugins.

အခုနောက်ပိုင်း ကားလောကမှာကိုရီးယား ကားတွေရဲ့ ဈေးကွက် နေရာ ရရှိလာမှုက ဂျပန်ကား ကုမ္ပဏီတွေကိုတောင် မျက်ခုံးလှုပ်လာစေပါတယ်။ တကယ်ဆို တောင်ကိုရီးယားမှာ ကားကုမ္ပဏီ များများစားစား မရှိပါဘူး။ ဂျပန်မှာသာ ကမ္ဘာကျော် အမှတ်တံဆိပ်ပေါင်းများစွာ ရှိနေတာပါ။ ဒါပေမယ့် အရည်အသွေး၊ ဒီဇိုင်း၊ ဈေးနှုန်းတွေ အရ ဈေးကွက်မှာ တောင်ကိုရီးယား ကားတွေကို လူကြိုက်များလာတာပါ။

အခုပြောပြချင်တာက ၂၀၁၈ ခုနှစ်ထုတ်၊ တောင်ကိုရီးယားအခြေစိုက် အမှတ်တံဆိပ်တွေထဲမှာ ပထမဆုံးလို့ ဆိုနိုင်မယ့် ဇိမ်ခံမော်ဒယ်စစ်စစ် ထုတ်လုပ်တဲ့ အမှတ်တံဆိပ် Genesis ရဲ့ မော်ဒယ် G80 အကြောင်းပါ။ Toyota ကနေ ဇိမ်ခံ အမှတ်တံဆိပ် Lexus၊ Nissan ကနေ Infiniti နဲ့ Honda ကနေ Acura လို အမည်တွေနဲ့ ဇိမ်ခံမော်ဒယ်တွေ ထုတ်လုပ် နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပေမယ့် အခု Genesis ကတော့ တောင်ကိုရီးယား အခြေစိုက် Hyundai ရဲ့ ဇိမ်ခံ အမှတ်တံဆိပ် အဖြစ် ထွက်ရှိထားတာ ၄ နှစ်သက်တမ်းပဲ ရှိပါသေးတယ်။ Genesis ရဲ့ G80 အကြောင်း လေ့လာကြည့်ရ အောင်ပါ။

အခုနှစ် မော်ဒယ်မှာ အားသာချက်က တန်းတူလို့ သတ်မှတ်နိုင်မယ့် ဇိမ်ခံမော်ဒယ်တွေနဲ့ စာရင် ဈေးနှုန်းချိုသာတာပဲ ဖြစ်ပါ တယ်။ ဥရောပထုတ် မော်ဒယ်တွေရဲ့ အာရှထုတ် ဇိမ်ခံမော်ဒယ်တွေ အားလုံးနဲ့ ယှဉ်ရင် ဈေးနှုန်းက ချိုသာလှပါတယ်။ ပြီးတော့ အတွင်းခန်း၊ ခရီးဝေး မောင်းနှင်သွားလာမှုတွေ အတွက်ပါ အဆင်ပြေစေမယ့် ကျယ်ဝန်းမှု၊ ထိုင်ခုံဒီဇိုင်းနဲ့ သက်သောင့်သက်သာ ရှိတာကို တွေ့ရပါတယ်။ နောက်ဆုံး အားသာချက်ကတော့ အင်ဂျင်ပိုင်း စွမ်းဆောင်ရည်ပါ။ စွမ်းအင် ထုတ်လုပ်မှု အားကောင်းတယ်၊ စွမ်းဆောင်ရည်လည်း မြင့်မားပြီး မော်ဒယ်က မြန်ဆန်တယ်၊ ရေရှည် စိတ်ချနိုင်မှုလည်း ရှိတာပဲ ဖြစ်ပါတယ်။

အားနည်းချက် အနေနဲ့တော့ ၂ ချက်လောက်ပဲ ပြောစရာ ရှိပါတယ်။ ပထမ တချက်က ကိုယ်ထည်ပိုင်း တည်ငြိမ်မှုလို့ ဆိုရပါမယ်၊ မောင်းနှင်သွားလာချိန်မှာ တည်ငြိမ်မှုက ပြိုင်ဘက် မော်ဒယ်တွေနဲ့ စာရင် အားနည်းချင်သလို ဖြစ်နေတယ် လို့ ခံစားမိစေပါတယ်။ ဒါကလည်း မြန်နှုန်းမြင့် သွားလာချိန်တွေမှာ နည်းနည်း သိသာခံစားမိစေတာပါ။ နောက်တချက်က နောက်ဘက် ခရီးသည်ခန်းက ကျယ်ဝန်းပေမယ့် အမိုးသားကို နှိမ့်ထားလို့ အရပ်ရှည်သူတွေ အတွက် နည်းနည်း အဆင် မပြေချင်သလို ဖြစ်နေစေပါတယ်။

 

အခုနှစ် မော်ဒယ်မှာအသစ် အားဖြည့်လာတာတွေကို ကြည့်မယ် ဆိုရင် ဖုန်းတွေကို ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်အောင် ဖန်တီးလာတယ်၊ ရှေ့မီးကြီးတွေက LED နဲ့ ဖြစ်လာပြီး လမ်းကြောင်း အနေအထားအပေါ် မူတည်လို့ အလိုက်သင့် ချိန်ညှိ ပြသမယ့် စနစ် ဖြစ်လာတယ်၊ Sport ဆိုတဲ့ မော်ဒယ်ခွဲသစ် ရွေးချယ်နိုင်အောင် ထုတ်လုပ်လာတယ်၊ Turbocharged စနစ်နဲ့ V6 အင်ဂျင်သစ်ပါ ရနိုင်လာတာပါ။

မော်ဒယ်ခွဲအနေနဲ့ စုစုပေါင်း ရွေးချယ်နိုင်စရာ ၃ မျိုး ရမှာပါ။ 3.8, 3.3T Sport နဲ့ 5.0 တွေ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာက ၃ ဒသမ ၈ လီတာသုံး အင်ဂျင်ဆိုရင် V6 တန်းဝင် ဖြစ်ပြီး သူက ရုန်းအား ၂၉၃ ပေါင်/ပေမှာ မြင်းကောင်ရေ ၃၁၁ ကောင်အား ထွက်ရှိပါမယ်။ နောက်ဘီးယက်ရော ဘီးစုံယက်စနစ်နဲ့ပါ ရနိုင်ပါတယ်။

ဂီယာပိုင်းကတော့ ၈ ချက် Auto ပဲရမှာပါ။ ၃ ဒသမ ၃ လီတာသုံး အင်ဂျင်အသစ် ကတော့ Turbocharged ပါရှိပြီး သူက ရုန်းအား ၃၇၆ ပေါင်/ပေမှာ မြင်းကောင်ရေ ၃၆၅ ကောင်အား ထွက်ရှိမှာပါ။ အကြီးစားအင်ဂျင်နဲ့ လိုချင်ရင်တော့ ၅ ဒသမ သုည လီတာသုံး V8 အင်ဂျင်နဲ့ပါ ရနိုင်ပြီးသူကတော့ ရုန်းအား ၃၈၃ပေါင်/ပေမှာ မြင်းကောင်ရေ ၄၂၀ အားထိ ထွက်ရှိမှာပါ။

 

မော်ဒယ်မှာ ၁၈ လက်မဘီးတွေ တပ်ဆင်ထားပြီးရှေ့ဘက် ထိုင်ခုံက Power နဲ့ ပုံစံ ၈ မျိုး ပြောင်းနိုင်တယ်။ သားရေသား အခင်းအကျင်း၊ လက်ကိုင်ဘီး ကလည်း Power နဲ့ စိတ်ကြိုက် ချိန်နိုင်တယ်၊ ယာဉ်မောင်းထိုင်ခုံမှာ မှတ်ဉာဏ်စနစ် ပါသေးတယ်။ ၈ လက်မ အရွယ် မျက်နှာပြင်စနစ်လည်း ထည့်ထားတယ်။ ဂြိုလ်တုအခြေပြု မြေပုံပြစနစ်တွေ သုံးနိုင်မယ်။ Apple CarPlay နဲ့ Android Auto တွေလည်းရမယ်။ Genesis Connected Services စနစ်လည်းသီးသန့်ပါရှိတယ်။ USB ပေါက် ၂ ပေါက်၊ ပတ်လည် အသံစနစ်နဲ့ ဂြိုလ်တုရေဒီယိုတွေပါ ဖမ်းမိနိုင်မယ့် မော်ဒယ်ပါ။

မျက်ကွယ်အချက်ပြ စနစ်တွေ၊ နောက်ဘက် ယာဉ်လမ်းကြောင်းပြ စနစ်တွေ၊ လမ်းကျဉ်း အချက်ပြစနစ်၊ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်တွေ အစုံအလင် ပါရှိပါတယ်။ ပြောခဲ့ပြီးသလို ဇိမ်ခံမော်ဒယ်ချင်း ယှဉ်ရင် နည်းပညာလည်း စုံတယ်၊ အင်ဂျင်စနစ်လည်း စုံတယ်၊ ရွေးချယ်နိုင်မှုလည်း ရှိတယ်၊ ဈေးနှုန်းကတော့ အသက်သာဆုံးပေါ့။ သဘောကျစရာပါ။

နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကိုဒေါ်လာ ၄၃၃၂၅ ကနေ အမြင့်ဆုံးမော်ဒယ်ခွဲကိုမှ ၆၀၅၄၅ နဲ့ ရောင်းချနေတာ တွေ့ရပြီး အာရှထုတ် ဇိမ်ခံမော်ဒယ်ကောင်း လိုချင်သူတွေ အတွက်တော့ ရွေးချယ်ဖို့ အသင့်ဆုံး မော်ဒယ်သစ်လို့ ဆိုရမှာပါ။

Ref: www.edmunds.com

Did you find apk for android? You can find new Free Android Games and apps.
Loading