Automobile

Apple မောင်းသူမဲ့ကားတစီး ပထမဆုံးအကြိမ် ယာဉ်တိုက်မှုဖြစ်

Want create site? Find Free WordPress Themes and plugins.

Apple ဟာ “Project Titan” လို့ လူသိများတဲ့ မောင်းသူမဲ့ကား ပရောဂျက်ကို လူမသိအောင် လျှို့ဝှက်စမ်း သပ်နေပေမယ့်၊ ပရောဂျက်အကြောင်း တခါမှ အတည်ပြုပြောကြားခြင်းမျိုး မရှိခဲ့ပါဘူး။

အမေရိကန် အစိုးရ မော်တော်ယာဉ်ဌာန (DMV) ရဲ့ အစီရင်ခံစာအရ Appleရဲ့ မောင်းသူမဲ့ကား တစီးဟာ မကြာမီ က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတခုမှာ ပါဝင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဒါပေမယ့် မောင်းသူမဲ့ကားရဲ့ အပြစ်ကြောင့် မဟုတ်ဘဲ လူသားယာဉ်မောင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

Apple ရုံးစိုက်ရာ Cupertinoနဲ့ သိပ်မဝေးတဲ့ Sunnyvale မြို့မှာ သြဂုတ်လ ၂၄ ရက်နေ့၊ နေ့လယ် ၂ နာရီ ၅၈ မိနစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ 2016 Nissan Leaf ကားတစီးက Apple ရဲ့ စမ်းသပ် မောင်းသူမဲ့ကားကို နောက်ကနေ ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

Apple စမ်းသပ်ယာဉ်အနေနဲ့ ယာဉ်ကြောရှုပ်တဲ့ Lawrence အဝေးပြေးလမ်းမပေါ်ကို တက်ဖို့ လုပ်နေချိန်မှာ Nissan Leaf ကားက နောက်ကနေ ဝင်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုဖြစ်ချိန်မှာ Apple ကားဟာ တနာရီကို ၁ မိုင်နှုန်းအောက်နဲ့ မောင်းနှင်နေပြီး၊ Nissan Leaf ကား ကတော့ တနာရီ ၁၅ မိုင်နှုန်းနဲ့ မောင်းနှင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု Apple မောင်းသူမဲ့ကား ယာဉ်တိုက်မှု အပါအဝင် တခြားမောင်းသူမဲ့ကား ယာဉ်တိုက်မှုတွေရဲ့ ယာဉ်တိုက် မှုတွေမှာ လူသားမောင်းနှင်နေတဲ့ ကားက နောက်ကနေ ဝင်တိုက်မိတာမျိုး အဖြစ်များတာ ကို တွေ့ရကြောင်း The Information က ဖော်ပြထားပါတယ်။

ဒီလို ယာဉ်တိုက်မှုတွေဖြစ်ရတာ ဟာမောင်းသူမဲ့ကား စနစ်တွေဟာ လူသားယာဉ်မောင်းလို မောင်းနှင်မှုမျိုး မရှိတာကြောင့်ဖြစ်တယ်လို့ Carnegie Mellon တက္ကသိုလ်က ဆော့ဖ်ဝဲ အင်ဂျင်နီယာဖြစ်သူ Dr.Phill Koopman က ရှင်းပြ ထားပါတယ်။

ဥပမာ Google ရဲ့ Waymo ကားတွေဟာ မကွေ့ခင်၊ လမ်းဆုံ လမ်းခွတွေကို ဖြတ်သန်းချိန်၊ လမ်းကြောင်းပြောင်းလဲချိန်နဲ့ လမ်းသွားလမ်းလာ တို့ကို ကူးခွင့်ပေးတဲ့အခါမျိုးမှာ ယာဉ်ကို ရုတ်တရက် လုံးဝရပ်တန့် တာမျိုး လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် နောက်က ပါလာတဲ့ကားတွေဟာ မောင်းသူမဲ့ကားတွေ ကို နောက်ကဝင်တိုက်မိတာမျိုး ခဏခဏဖြစ်နေတာလို့ The Information ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ Apple မောင်းသူမဲ့ကား ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ပေမယ့်၊ ယာဉ်နှစ်စီးလုံးတော့ အနည်းငယ်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Ref: Engadget, The Verge

Did you find apk for android? You can find new Free Android Games and apps.
Loading