ကားရဲ့ အစိတ်အပိုင်းတွေ ခဏခဏပျက်လိုက်၊ ပြင်လိုက်၊ အသစ်ပြောင်းလိုက် ဖြစ်နေတာတွေကို လျှော့ချလို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ အခုပြောပြမယ့် အချက်တွေက သင့်ကားရဲ့ အစိတ်အပိုင်းတွေကို ကြာရှည်ခံအောင် ပြုလုပ်လို့ရမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။
(၁)Wiper
ကားသန့်ရှင်းရေးလုပ်တဲ့ အခါ Wiper ကိုရော သေချာသန့်ရှင်းရေးလုပ်ဖြစ်ပါသလား။ တကယ်လို့ မလုပ်ဖြစ်ဘူးဆိုရင် Wiper ထဲမှာ ဖုန့်မှုန့်တွေ အမှိုက်တွေကပ်နေတတ်ပြီး မိုးရွာတဲ့ အခါမှာ ရေသုတ်တာတွေ အဆင်မပြေ့ဖြစ်တတ်ပါတယ်။
(၂)Battery
ကား Battery က အလုပ်မလုပ်တော့ဘူးဆိုရင် အသစ်လဲလိုက်ရတာက ပိုက်ဆံ အရမ်း ကုန်ပါတယ်။ဒါကြောင့် ကား Battery ကို မကုန်ခင်ထဲက စစ်ဆေးပြီး ကားသွင်းဖို့ လိုရင် အားသွင်းသင့်ပါတယ်။ဒါမှသာ ပိုက်ဆံတလုံးတခဲတည်း မကုန်မှာ ဖြစ်ပါတယ်။
(၃)Brake
Brake ကို ခဏခဏ မလဲရဖို့အတွက် လုပ်ရမယ့် နည်းလမ်းက တမျိုးတည်းရှိပါတယ်။ကားကို ဖြေးဖြေးမောင်းပါ။ ၁ နာရီ မိုင် ၆၀ နှုန်းထက်မပိုအောင် မောင်းတာဟာ အကောင်းဆုံးပါပဲ။ နောက်တခုရှိတာကတော့ အမြန်လမ်းတွေမှာ တိုးဂိတ်ကို ဖြတ်ရမယ့်အချိန် ဒါမှမဟုတ် လမ်းမှာ မီးပွိုင့်မိတဲ့ အချိန်တွေမှာ Brake ကို ချက်ချင်းမသုံးဘဲ လီဗာကို အရင်လျော့ပါ။ အရှိန်နှေးသွားပြီ ဆိုမှ Brake ကို သုံးပါ။
(၄)Tires
ကားတာယာကို မစစ်ဆေးဘဲ စီးတာဟာ သင့်ကားအတွက် မကောင်းပါဘူး။pressure ကို တလ တခါလောက်စစ်ဆေးတာက သင့်ကားတာယာကို ကြာရှည်ခံစေမှာ သေချာပါတယ်။ နောက်အရေးကြီးတာကတော့ owner’s manual ကို ဖတ်ပြီး တာယာ ထိန်းသိမ်းနည်းတွေကို လေ့လာထားဖို့ပါပဲ။
(၅) အင်ဂျင်
ကားအင်ဂျင်ဆိုတာ ကားရွေ့လျားဖို့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ အပြင် ဈေးအကြီးဆုံး အစိတ်အပိုင်းလည်းဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးဖို့လိုအပ်ပြီး အသစ်လဲပေးဖို့လည်း လိုအပ်ပါတယ်။ဒီလိုဖြည့်တဲ့ အခါမှာ ကုန်ခါနီးမှ ကပ်ဖြည့်တာမျိုး မဟုတ်ဘဲ လေးပုံတပုံလောက်ကုန်ကတည်းက ဖြည့်ထားသင့်ပါတယ်။ ဒါ့အပြင် ဆီထည့်တဲ့ နေရာမှာလည်း Owner’s manual ထဲမှာ ဖော်ပြထားတဲ့ အောက်တိန်းအမျိုးအစားကိုသာ ဖြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Ref;mmn.com