• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

Volvo Cars Chengdu Manufacturing Plant သို့ လေ့လာရေးခရီးစဉ်

by ယုမွန်ကျော်
18 September 2018
in Automobile
A A
Chengdu Manufacturing Plant မှ  Volvo ကားထုတ်လုပ်နေပုံများ / ယုမွန်ကျော် / ဧရာဝတီ

Chengdu Manufacturing Plant မှ Volvo ကားထုတ်လုပ်နေပုံများ / ယုမွန်ကျော် / ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံကို Volvo ကားကုမ္ပဏီတင်သွင်းလာတဲ့ Performance Auto International Co.Ltd ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာမီဒီယာများ တရုတ်နိုင်ငံ Chengdu ဒေသအတွင်းရှိ Volvo ကားထုတ်လုပ်နေတဲ့ စက်ရုံကို စက်တင်ဘာ ၁၄ရက်နေ့က သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ် Volvo Cars Chengdu Manufacturing Plant မှာ တာဝန်ရှိသူများက Volvo ကားထုတ်လုပ်နေပုံ အဆင့်ဆင့်နဲ့ Volvo ကားရဲ့ ရည်မှန်းချက်များကို မီဒီယာများအား ရှင်းလင်းပြောပြခဲ့ပါတယ်။

 

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
538
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
509

 

ဒီစက်ရုံမှာတော့ Volvo S60L နဲ့ XC60 ကားများကို ထုတ်လုပ်နေတာဖြစ်ပြီး ကားကိုယ်ထည်ပိုင်းကစလို့ အပြီးအစီး တပ်ဆင်ပြီးတဲ့အထိ နာရီပိုင်းအတွင်း တပ်ဆင်စမ်းသပ် မောင်းနှင်နိုင်တာကို တွေ့ခဲ့ရပါတယ်။ Volvo Cars Chengdu Manufacturing မှာ စက်ရုံလုပ်သားပေါင်း ၁ ထောင်ကျော်ခန့်နဲ့ ကမ္ဘာ့ထုတ်လုပ်မှု စံချိန်မီအတိုင်း Volvo ကားများကို နာရီပိုင်းအတွင်း တပ်ဆင်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

 

 

“ဒီစက်ရုံကနေ တနာရီအတွင်းကား အစီး ၅၀ကျော်ကို ထုတ်လုပ်တပ်ဆင်နိုင်ပြီး ၂၅ မိနစ်အတွင်းမှာ ထွက်ရှိတဲ့ ကားအရေအတွက်ထဲက ကား ၁ စီးစီကိုတော့ ကမ္ဘာ့တဝှမ်းကို တင်ပို့ရောင်းချနိုင်တယ်”လို့ Volvo Cars Chengdu Manufacturing Plant ရဲ့ Deputy General Manager ရဲ့ Mr. XIAO LIMING က ဆိုပါတယ်။ ဆက်လက်ပြီးသူက Chengdu စက်ရုံမှာတပ်ဆင်ပေမယ့် ကားရဲ့ အရည်အသွေးနဲ့ စမ်းသပ်မှုအပိုင်းကိုတော့ ဆွီဒင်စက်ရုံက အရည်အသွေးအတိုင်း ပြည့်မီအောင် ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

 

 

Volvo ကားက ၁၉၂၇ ခုနှစ်ကတည်းက ဆွီဒင်နိုင်ငံမှာ စတင်ပြီး ထုတ်လုပ်ရောင်းချခဲ့တဲ့ ဥရောပ Luxury ကားဖြစ်ပြီး ဥရောပကားထဲမှာ နာမည်ကြီးတံဆိပ်တခုလည်းဖြစ်ပါတယ်။

 

 

Volvo ကားဟာ လက်ရှိမှာတော့ National Sales Companise အနေနဲ့ ဂျပန် ၊ တောင်ကိုရီးယား ၊ သြစတြေးလျ ၊ အိန္ဒိယ ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာရှိပြီး လက်ရှိတင်ပို့ရောင်းချနေတဲ့နိုင်ငံတွေကတော့ မြန်မာနိုင်ငံအပါအဝင် စင်ကာပူ ၊ နယူးဇီလန် ၊ ဗီယမ်နမ် ၊ ဖိလစ်ပိုင် ၊ သိရီလင်္ကာ ၊ ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယားနိုင်ငံတွေကို တင်ပို့ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ US မှာ စက်ရုံသစ်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

 

 

Volvo က ထုတ်လုပ်ရောင်းချနေတဲ့ ကားအမျိုးအစားတွေကတော့ XC90 ၊ S90 ၊ S90L ၊ V90 ၊ V90CC ၊ XC60 ၊ S60 S60L ၊ V60 ၊ XC40 ၊ V40စရှိတဲ့ ကားအမျိုးအစားတွေထဲကမှ Volvo XC60 Made In Chengdu ကားဟာ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကားဆုကို ရရှိထားပါတယ်။

မြန်မာဈေးကွက်ထဲကိုတော့ ၂၀၁၆ခုနှစ်အတွင်းက Performance Auto International Co.Ltd ကနေ Volvo ကားများကို တင်သွင်းရောင်းချခဲ့ပြီး မြန်မာနိုင်ငံကိုတင်သွင်းတဲ့ ကားတွေကတော့ ဆွီဒင်နိုင်ငံကားစက်ရုံက ထုတ်လုပ်တဲ့ ကားများကို တိုက်ရိုက်တင်သွင်းရောင်းချတာ ဖြစ်တယ်လို့ သိရပါတယ်။ လူကြိုက်များတဲ့ The New Volvo XC40 ကို မြန်မာနိုင်ငံကို မေလအတွင်းက တင်သွင်းရောင်းချခဲ့ပြီး ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၈၃၀၀၀ မှ စတင် ရှိတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: Volvo Car
ယုမွန်ကျော်

ယုမွန်ကျော်

​Copy Editor

Similar Picks:

No Content Available
Next Post
Samsung Galaxy Note 9 စမတ်ဖုန်း

Galaxy Note 9 ဖုန်း မီးစွဲလောင်မှုကြောင့် Samsung ကို တရားစွဲဆို

ဗေဒင်ဆရာ အောင်ချစ်ပို / ဧရာဝတီ

ဗေဒင်ဆရာ အောင်ချစ်ပို အမှု ဆက်လက် စစ်ဆေး

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

7 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate