Automobile

တလကို ကား ၂ စီး လဲလှယ်ပြီး စီးလို့ရမယ့် လစဉ်ကြေးစနစ်အသစ်ကို Audi စတင်

Want create site? Find Free WordPress Themes and plugins.

“Cadillac, Volvo, Porsche” စတဲ့ ကားကုမ္ပဏီတွေနောက် Audi ကလည်း လစဉ်ကြေးစနစ် အသစ်တခုကို စတင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဇိမ်ခံကား တစီးထဲကို ဝယ်စီး၊ ငှားစီး မလုပ်ချင်သူတွေအနေနဲ့ တလကို Audi ကား ၂ စီး လဲလှယ်စီးနိုင်မယ့် လစဉ်ကြေး ဝန်ဆောင်မှု (Subscription Service) ဖြစ်ပါတယ်။

ယခု ဝန်ဆောင်မှုကို “Audi Select” လို့ နာမည်ပေးထားပြီး၊ အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်က Dallas-Fort Worth ဧရိယာအတွင်းမှာပဲ ယခုတပတ် စတင်ရရှိမှာ ဖြစ်ပါတယ်။ လစဉ်ကြေး ဝန်ဆောင်မှု ယူမယ့်သူတွေအနေနဲ့ တလကို အမေရိကန်ဒေါ်လာ ၁၃၉၅ ဒေါ်လာ ပေးသွင်းရမှာဖြစ်ပြီး၊ Audi A4 Sedan ၊ A5 Cabriolet ၊ Audi Q5 ၊ Audi Q7 Suvsနဲ့ S5 Coupe ကား ၅ စီးထဲက ကြိုက်နှစ်သက်ရာ ကားမော်ဒယ်ကို စီးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု ဝန်ဆောင်မှုမှာ တလကို ကား ၂ စီး လဲပြီး စီးခွင့်လည်း ပါဝင်ပါတယ်။ ဒေသတွင်းက ကားပြခန်းမှာ သွားလဲနိုင်သလို၊ မသွားချင်ရင်လည်း Audi က အိမ်တိုင်ရာရောက် လာလဲပေးမှာပါ။

ကားထုတ်လုပ်သူကုမ္ပဏီတွေရဲ့ လစဉ်ကြေးဝန်ဆောင်မှုတွေမှာ Porsche ရဲ့ ဝန်ဆောင်မှုက တလ ဒေါ်လာ ၂၀၀၀ ၊ Mercedes-Benz က တလ ၁၀၉၅ ဒေါ်လာ၊ BMW ကလည်း တလဒေါ်လာ ၂၀၀၀ ၊ Jaguar Land Rover က ၁၀၅၇ ဒေါ်လာ အသီးသီး ရှိပါတယ်။ လက်ရှိမှာ ဈေးအနည်းဆုံးကတော့ Care by Volvo ဖြစ်ပြီး၊ တလကို အာမခံကြေး၊ ပြင်ဆင်စရိတ်နဲ့ ကားပျက်ရင် လာပြင်ပေးမယ့် Roadside Assistant ဝန်ဆောင်ခတွေ အပါအဝင် ဒေါ်လာ ၆၀၀ သာ ရှိပါတယ်။

ဒါပေမယ့် Volvo ဝန်ဆောင်မှုမှာတော့ XC40 SUV တစီးပဲ ရွေးလို့ရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကားကို အပိုင်ဝယ်စီးသူတွေ ပိုပိုနည်းလာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်ကြောင့် ကားကုမ္ပဏီ အသီးသီးဟာ ကားဝယ်ယူ ပိုင်ဆိုင်မှုပုံစံအသစ်တွေကို စမ်းသပ်လျက်ရှိပြီး၊ လောလောဆယ်မှာတော့ ဝန်ဆောင်မှု တော်တော်များများက မြို့တမြို့အတွက်ပဲ ရတာ များပါတယ်။

ကားငှားစီးတာနဲ့ လစဉ်ကြေး ပေးစီးတာတို့မှာ ကွာခြားချက်တွေကတော့ ငှားစီးမယ်ဆိုရင် ပုံမှန်အားဖြင့် ကနဦး ပေးချေရတဲ့ ငွေက ပိုများပြီး၊ လစဉ်ကြေးကျမှ ပိုနည်းသွားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ လစဉ်ကြေး ဝန်ဆောင်မှုမှာတော့ လတိုင်း ဒီပမာဏပဲ ပုံမှန် ပေးသွင်းနေရမှာ ဖြစ်ပါတယ်။ လစဉ်ကြေးကတော့ ကားကို တစီးပြီးတစီး လဲစီးချင်သူတွေ ပိုကြိုက်မယ့် ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။

Ref: The Verge

Did you find apk for android? You can find new Free Android Games and apps.
Loading