တနာရီကို မိုင် ၂၅၀ နီးပါးသွားနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးဖြစ်လာနိုင်မယ့် ကျည်ဆန်ရထားကို ဂျပန်နိုင်ငံမှာ မေလ ၁၀ ရက်က စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ၃ နှစ်ကြာ စမ်းသပ်မှုတွေအပြီးမှာတော့ Shinkansen ကျည်ဆန်ရထား မျိုးဆက်သစ် ALFA-X ကို ချပြနိုင်ခဲ့တာပါ။
ကျည်ဆန်ရထားတွေရဲ့ အစပြုရာ ဂျပန်နိုင်ငံဟာ တနှစ်ထက်တနှစ် အမြန်ဆုံးနဲ့ အရည်အသွေးမြင့် ကျည်ဆန်ရထား တွဲတွေကို စမ်းသပ်လာခဲ့ရာ အခုနောက်ဆုံးစမ်းသပ်မောင်းနှင်ပြသခဲ့တဲ့ အမျိုးအစားကတော့ ကမ္ဘာ့အမြန်ဆုံး စာရင်းဝင်ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ခရီးစဉ်တွေအတွက် အဆိုပါကျည်ဆန်ရထားကို အသုံးပြုနိုင်ဖို့အတွက်တော့ နောက်ထပ် ၁၀ နှစ်လောက်အချိန်ယူရမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်လောက်မှပဲ ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မျိုးဆက် သစ် ALFA-X ဟာ နောက်ဆုံးပေါ်နည်းပညာသစ်တွေအသုံးပြုပြီး ပြင်ဆင်ထားတာမို့ ယခင်မျိုးဆက်ဟောင်း တွေထက် လိုဏ်ခေါင်းထဲဖြတ်သန်းသွားတဲ့အခါ အသံဆူညံမှုလျော့ချထားပြီး ငလျင်ဒဏ်ကိုလည်း ခံနိုင်ရည် ပိုရှိအောင် ပြင်ဆင်ထားပါတယ်။
ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ့် ကျည်ဆန်ရထားမှာ အတွဲ ၁၀ တွဲပါဝင်ပြီး အထူးခြားဆုံးကတော့ ချွန်ထက်တောက်ပ နေတဲ့ ငွေရောင်ပုံသဏ္ဍာန် ဦးခေါင်းပိုင်းပုံစံပဲဖြစ်ပါတယ်။ စမ်းသပ်မောင်းနှင်မှုကို ဆံဒိုင်းနဲ့ အမိုရီကြားက မြို့တွေ ဆီကို ပုံမှန်ရထားလိုင်းတွေ ရပ်နားချိန် သန်းခေါင်ယံမှာ တပတ် ၂ ကြိမ်လောက် ပြေးဆွဲကြည့်မှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ မနှစ်ကလည်း အမြန်ဆုံးစံချိန်တင်ထားတဲ့ ကျည်ဆန်ရထား N700S ကို စမ်းသပ်မောင်းနှင်ခဲ့ဖူး ပါတယ်။ တနာရီကို ၁၈၆ မိုင်နှုန်းသွားနိုင်တဲ့ N700S အမျိုးအစားကျည်ဆန်ရထားကိုတော့ ၂၀၂၀ ပြည့်နှစ်မှာ စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။
အဆိုပါ ကျည်ဆန်ရထားတွဲမှာ ၂၀၂၀ ပြည့်နှစ် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နွေရာသီအိုလံပစ် ပွဲတော်ကြီးအတွက် ပြင်ဆင်မှုတွေကိုပါ ထည့်သွင်းသွားမယ်လို့ ဆိုပါ တယ်။
ယခုချိန်ထိတော့ ဂျပန်နိုင်ငံက စမ်းသပ်မောင်နှင်ဖူးသမျှ ရထားတွေထဲမှာ ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ထား တာကတော့ ၂၀၁၅ ခုနှစ်က တနာရီ ၃၇၄ မိုင်နှုန်းမောင်းနှင်ခဲ့တဲ့ သံလိုက်ရထားရဲ့စံချိန်ကိုတော့ မချိုးဖြတ်နိုင် သေးကြောင်း သိရပါတယ်။
Ref: CNN
You may also like these stories:
လူသားတွေကြောင့် ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ မျိုးစိတ်ပေါင်း ၁ သန်းကျော် ပျောက်ကွယ်လု နီးပါးဖြစ်
ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာများ
ပြသချိန် သုံးနာရီကျော် ကြာပြီး ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Avengers: End Game
အိန္ဒိယ ရွေးကောက်ပွဲ နောက်ကွယ်မှ ဘောလိဝုဒ် အနုပညာလောက