ကမ္ဘာ့အမြန်ဆုံးလေယာဉ်တွေကို ထုတ်လုပ်ဖို့စီစဉ်နေတဲ့ Hermeus ကော်ပိုရေးရှင်းကနေ နယူးယောက်မြို့က နေ လန်ဒန်မြို့ကို အချိန် မိနစ် ၉၀ ပဲကြာမယ့် အသံထက် ၅ ဆပိုမြန်တဲ့ ဂျက်လေယာဉ်ထုတ်လုပ်ဖို့ စီစဉ်နေ တယ်လို့ ဆိုပါတယ်။
အတ္တလန်တာအခြေစိုက် Hermeus ကော်ပိုရေးရှင်းက အသံထက်ပိုမြန်တဲ့ မြန်နှုန်း Mach 1 အဆင့်ထက် ပို မြန်တဲ့ Mach 5 အဆင့်လေယာဉ်ကို ထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူတွေဆီကနေ ငွေကြေးအထောက် အပံ့ရထားပြီးပြီလို့ ပြောကြားလိုက်ပါတယ်။
ဒီအစီအစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင် လက်ရှိပြေးဆွဲနေတဲ့ လေယာဉ်တွေရဲ့ရှေ့ပြေး ပြောင်းလဲမှုဖြစ်လာနိုင် တယ်လို့ ခန့်မှန်းနေပါတယ်။ လက်ရှိအချိန်မှာတော့ နယူးယောက်နဲ့ လန်ဒန်ကို ပုံမှန် အချိန် ၇ နာရီကျော်ကြာ ပြေးဆွဲရပါတယ်။
အသံထက် ၅ ဆမြန်တဲ့နှုန်းနဲ့ဆိုရင် တနာရီကို မိုင်ပေါင်း ၃,၃၀၀ ကျော်ရှိလို့ ဖြစ်ပေါ်လာမယ့် ဖိအားဒဏ်ကို ခံ နိုင်ရည်ရှိမယ့် လေယာဉ်ကိုယ်ထည်တွေ တည်ဆောက်ဖို့လိုပါတယ်။
“အသံထက်မြန်တဲ့ ခေတ်ရှေ့ပြေးလေ ယာဉ်တွေအတွက် ကမ္ဘာအနှံ့အခြေခံအဆောက်အဦတွေလည်း တည်ဆောက်ဖို့လိုပါတယ်။ ဒါ့ပြင် လက်ရှိမှာ အသုံးပြုနေတဲ့ အင်ဂျင်ထက်ပိုကောင်းတဲ့ စွမ်းအင်မြင့်အင်ဂျင်တွေလိုအပ်နေပါသေးတယ်”
” ခရီးသည်တင်နိုင်ဖို့ ထိဆိုရင်တော့ အတော့်ကိုအလှမ်းဝေးပါသေးတယ်။ အသံထက်မြန်နှုန်းမြင့် လေယာဉ်တွေက ဆီစားနှုန်းများ တဲ့အချက်ကလည်း ထည့်စဉ်းစားစရာပါ။ ဒါပေမယ့်လည်း ဒီလိုလေယာဉ်မျိုးကို လိုချင်တဲ့ဈေးကွက်ရှိနေတာမို့ အနည်းဆုံး တစီးလောက်တော့ တည်ဆောက်ပြနိုင်မယ်ထင်ပါတယ်” လို့ Hermeus ရဲ့ CEO AJ Piplica က ဆိုပါတယ်။
အကယ်လို့ နယူးယောက်နဲ့ လန်ဒန်ကိုသာ အသံထက် ၅ ဆမြန်တဲ့ မြန်နှုန်းမြင့်လေယာဉ်တွေ ပြေးဆွဲနိုင်ခဲ့မယ် ဆိုရင် ခရီးသည်တယောက်ကို ခရီးတကြောင်းစာကိုပဲ ဒေါ်လာ ၃,၀၀၀ လောက် ကျသင့်နိုင်တယ်လို့ Hermeus က ခန့်မှန်းတွက်ချက်ထားပါတယ်။
Hermeus ရဲ့ စီမံကိန်းကြီးသာ အောင်မြင်မယ်ဆိုရင် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာက နယူးယောက်နဲ့ လန်ဒန် ကို ပြေးဆွဲပြခဲ့တဲ့ အသံထက်မြန် Concorde လေယာဉ်တွေထက် ပျံသန်းချိန် ၂ ဆလောက် လျော့ချနိုင်ပါ တယ်။
အသံထက်မြန်တဲ့ မြန်နှုန်းမြင့်လေယာဉ်စီမံကိန်းတွေ လုပ်ဆောင်နေတာ Hermeus ကော်ပိုရေးရှင်းတခုတည်း မဟုတ်ပါဘူး။ ဘိုးရင်းကုမ္ပဏီကလည်း ၂၀၁၈ ခုနှစ်တုန်းက အသံထက်မြန်တဲ့ လေယာဉ်တွေ ထုတ်လုပ်ဖို့ရှိ တယ်လို့ ဆိုခဲ့ဖူးသလို Lockheed Martin နဲ့ Aerion ကော်ပိုရေးရှင်းကလည်း မြန်နှုန်းမြင့်လေယာဉ်တွေ ထုတ် လုပ်ဖို့ စီစဉ်နေပါတယ်။
Ref: CNN
You may also like these stories:
ဆီးရီးယားကို အမေရိကန် စတင်တိုက်ပြီ
ကမ္ဘာ့အကောင်းဆုံး အထူးတပ်ဖွဲ့များ
အသံထက်မြန်တဲ့ ကမ္ဘာ့ပထမဆုံး ခရီးသည်တင် လေယာဉ် ပြေးဆွဲဖို့ စီစဉ်နေ