Automobile

နာမည်ကျော် Beetle ကားအမျိုးအစားတွေကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ့် Volkswagen

Want create site? Find Free WordPress Themes and plugins.

Volkswagen ကုမ္ပဏီရဲ့ နာမည်ကျော် Beetle ကားတွေကို ဆယ်စုနှစ် အတော်ကြာ မျိုးဆက် ၃ ဆက် အပြီးမှာတော့ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါပြီ။ နောက်ဆုံး ပိုတောင်မာလေး Beetle VW ကို မက္ကဆီကိုနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က နောက်ဆုံး တပ်ဆင် ထုတ်လုပ်လိုက်တာပါ။ အဲ့ဒီနေ့မှာပဲ နောက်ဆုံးအကြိမ်အဖြစ် Beetle ထုတ်လုပ်မှုရပ်ဆိုင်းခြင်း အထိမ်းအမှတ်ပွဲပါ ကျင်းပခဲ့ပါတယ်။

VW ကုမ္ပဏီက မူလ Beetle ကို ၁၉၃၀ ပြည့်နှစ်မှာစတင်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှာတော့ အားလုံးသိကြတဲ့ ပိုတောင်မာပုံစံ ကားဒီဇိုင်းကို စတင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ Beetle တွေကို ၁၉၇၉ ခုနှစ်ထဲက အရောင်း ရပ်ဆိုင်းခဲ့ပေမယ့် မြောက်အမေရိကက မက္ကဆီကိုနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာတော့ ဆက်လက် ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

၁၉၉၀ ခုနှစ်၊ နှစ်လယ်လောက်မှာ အမေရိကန်ဈေးကွက်ထဲ ပြန်ဝင်လာခဲ့ပြီး မူလထုတ်လုပ်ခဲ့တဲ့ ပုံစံကို အသွင် အနည်းငယ်ပြောင်းကာ New Beetle အဖြစ် ၁၉၉၈ ခုနှစ်မှာ ဆန်းသစ်ထုတ်လုပ်ခဲ့တာပါ။ စစထုတ်ချင်း ၁၉၉၉ ခုနှစ်မှာ အမေရိကန်ဈေးကွက်ထဲ အရောင်းသွက်ခဲ့ပြီး အစီးရေ ၈ သောင်းကျော်လောက် ရောင်းချခဲ့ရပါတယ်။

VW ဘက်က ထုတ်ပြန်ချက်အရလည်း ၁၉၉၉ ခုနှစ်မှာ တကမ္ဘာလုံးမှာ New Beetle အစီးရေ ၅ သိန်းကျော်လောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ VW ရဲ့ Beetle ကားအစီးရေ ၁ သောင်း ၁ ထောင်ကျော် ရောင်းခဲ့ပေမယ့် ဒါဟာ အရင်နှစ် ၂၀၁၇ ခုနှစ်ထက်စာရင် ၂ ဒဿမ ၂ ရာခိုင်နှုန်းနီးပါး ရောင်းအား ကျဆင်းသွားခဲ့တာပါ။

Beetle ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ အလှည့်အပြောင်း ဖြစ်လာခဲ့တဲ့ အကြောင်းရင်းတွေကလည်း လွန်ခဲ့တဲ့နှစ်တွေမှာ ကားကနေ ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆိုင်တဲ့ စမ်းသပ်ချက်တွေ လိမ်လည်ခဲ့တာကို ဝန်ခံခဲ့တယ်လို့ ကောလာဟလ ထွက်အပြီးမှာ ရောင်းအား ကျဆင်းခဲ့တာပါ။

အခုတော့ VW ဘက်က Beetle ထုတ်လုပ်မှု ရပ်ဆိုင်းပြီး သဘာဝပတ်ဝန်းကျင်းကို ထိခိုက်မှု နည်းစေမယ့် လျှပ်စစ်ကား ထုတ်လုပ်မယ့် ဘက်ကို ဦးတည်နေပါတယ်။ VW ဘက်က Beetle ကားထုပ်လုပ်မှုကို ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့သလို သူ့နေရာမှာ တခြား အစားထိုးဖို့ မရှိဘူးလို့ ဆိုပါတယ်။

Beetle က ထုတ်မယ့် နောက်ဆုံး အမျိုးအစားအဖြစ် Final Edition SE နဲ့ Final Edition SEL တို့ကို အမေရိကန် ဈေးကွက်မှာ မောင်းသူ အထောက်အကူပြုစနစ် ပါတဲ့ Driver-assistance Technology ထည့်သွင်းပြီး ရောင်းချ ပေးသွားမှာပါ။

Ref: Reuters

You May Also Like These Stories:

၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading