ဂျာမန်က BMW ကားဟာ ကမ္ဘာကျော် နာမည်ကြီး ဖြစ်ပါတယ်။ BMW ကားကို ဒီနေ့အချိန်အထိ လူကြိုက်များပြီး မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေ ဝယ်ယူမောင်းနှင်နေဆဲ ဖြစ်တယ်။ ဘာကြောင့် BMW ကားကို လူကြိုက်များတာလဲ။
(၁) BMW ကားကို သူ့ရဲ့ စတီယာရင်နောက်မှာ ထိုင်မိပြီဆိုရင် မောင်းပြီဆိုရင် တခြားကားတွေနဲ့ မတူဘူး။ Performance ဟာ ကောင်းတယ်။ ကားတစီးကို စီးစီးပိုင်ပိုင် မောင်းနှင်ရသလိုမျိုး အရသာကို အပြည့်အဝ ခံစားရတယ်။ Point A ကနေ Point B ကို သွားတာထက် ဘယ်ခရီးကိုမောင်းမောင်း BMW ကို မောင်းရတဲ့အနှစ်သာရနဲ့ သူ့ရဲ့ Performance တွေဟာ ကားကို ပိုင်ဆိုင်သူတွေ အသိဆုံး ဖြစ်ပါတယ်။
(၂) BMW ဟာ ခရီးတို ခရီးရှည်တွေမှာ အကွေ့အကောက်တွေ တောင်ပေါ်ခရီးတွေ Highway ခရီးစဉ်တွေမှာလည်း မောင်းသူကို သက်သက်သာသာနဲ့ မမောမပန်း စိတ်ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ကားပဲဖြစ်တယ်။ ဒါကြောင့် Sporty ဖြစ်ဖြစ်နဲ့ မောင်းသူတွေကျေနပ်ပြီး လူကြိုက်များတာ ဖြစ်ပါတယ်။
(၃) BMW ကားကို သေသေချာချာ ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် နှစ်ပေါင်းများစွာ စီးလို့ရတယ်။ ဒါပေမယ့် BMW ကို Maintenance လုပ်ရတာ ဈေးကြီးတယ်ဆိုပေမယ့် BMW ကို အစကနဦးကတည်းက သေသေချာချာ Service ပေးမယ်ဆိုရင် ဒီကားတွေဟာ ရေရှည်ခံမှာ သေချာပါတယ်။
(၄) BMW ကားမောင်းသူတွေ ပိုင်ဆိုင်သူတွေဟာ သူတို့ရဲ့ BMW ကို မောင်းနှင်ရတာ ကြိုက်လို့ ဂုဏ်ယူကြတယ်၊ သဘောကျလို့၊ ကားမှာပါတဲ့ ပစ္စည်းကရိယာတွေအပြင် BMW ရဲ့ အင်ဂျင်ကိုကြိုက်လို့၊ BMW ကပေးတဲ့ Package တွေ Service တွေကို ကြိုက်နှစ်သက်လို့ ဒီနာမည်ကြီး Brand ကိုဝယ်ပြီး မောင်းနှင်သုံးစွဲကြတာ ဖြစ်တယ်။
(၅) BMW ကားနဲ့ မင်္ဂလာဆောင်ကို သွားမလား၊ အပျိုလူပျို လှည့်မှာလား၊ ဈေးဝယ် ထွက်မှာလား၊ ဘုရားသွားဖူးမှာလား၊ ဒါမှမဟုတ် ရုံးတက်မှာလား၊ Shopping ထွက်မှာလား၊ ဘာပဲလုပ်လုပ် တင့်တယ်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။
(၆) BMW ဟာ အခြားကားတွေလို မဟုတ်ဘဲ သူ့ရဲ့အပြင် ဒီဇိုင်းနဲ့ အထဲ ဒီဇိုင်းတွေဟာ မောင်းနှင်မယ့်သူတွေရဲ့ စိတ်ဆန္ဒလိုအပ်ချက်တွေကို အသေအချာ ထည့်တွက်ပြီးမှ တည်ဆောက်ထားတာ ဖြစ်တယ်။ BMW ရဲ့ ရှေ့မျက်နှာစာ နှာခေါင်းဟာ အခုထိ ကမ္ဘာကျော်နေတဲ့ မရိုးနိုင်တဲ့ ဒီဇိုင်းဖြစ်သလို ၂၀၁၉-၂၀၂၀ BMW တွေဟာ သူတို့ကားတွေရဲ့ Interior အတွင်းပိုင်းတွေမှာ နောက်ဆုံးပေါ် ကရိယာတွေဖြစ်တဲ့ GPS, Touch Screen, Gesture Control, Centre Display, BMW Reversing Assistant, BMW Intelligent Personal Assistant စတာတွေဟာ BMW ရဲ့ သူ့ပြိုင်ဘက်တွေအပေါ် အားသာချက်တွေပဲ ဖြစ်တယ်။
(၇) BMW ဟာ တကယ်တော့ Ultimate Driving Machine ပါပဲ။
You may also like these stories:
၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်
နာမည်ကျော် Beetle ကားအမျိုးအစားတွေကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ့် Volkswagen
ပထမဆုံး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး မိုးပျံတက္ကစီ ဖြစ်လာနိုင်တဲ့ Skai ကို ပြသ
တရုတ်နိုင်ငံမှာ အငှားယာဉ် ဝန်ဆောင်မှု လုပ်ကိုင်မယ့် BMW