• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထားကို စတင်ပြေးဆွဲလိုက်ပြီဖြစ်တဲ့ တရုတ်နိုင်ငံ

by Aurora
8 January 2020
in Automobile
A A
ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထား

ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထား

8.3k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံရဲ့ ပို့ဆောင်ရေးကဏ္ဍမှာ မှတ်တိုင်သစ်အဖြစ် ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆန်ရထားကို စတင်ပြေးဆွဲလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဆောင်းရာသီ အိုလံပစ်ပွဲတော် လက်ခံကျင်းပမယ့် တရုတ်နိုင်ငံဟာ နိုင်ငံတွင်း ရထားပို့ဆောင်ရေးကို အရှိန်ဟုန်မြင့် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

တနာရီကို ကီလိုမီတာ ၃၅၀ (၂၁၇ မိုင်) အမြန်နှုန်းရှိတဲ့ ကျည်ဆံရထားဟာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ့်အပြင် ကမ္ဘာ့ပထမဆုံး Smart High-Speed မီးရထားလမ်းကြောင်းတွေပေါ်မှာ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ၄ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရပြီး ဆောင်းရာသီ အိုလံပစ်ကို လက်ခံ ကျင်းပမယ့် ဘေဂျင်း၊ ယန်ဂျင်း၊ Zhangjiakou မြို့ ၃ မြို့ကို ဆက်သွယ်ထားတာပါ။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
601
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
263


လမ်းကြောင်းတလျှောက် ဘူတာ ၁၀ ဘူတာပဲ ရပ်နားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး The Great Wall ရှိရာ Badaling Chang Cheng ဘူတာလည်း ပါဝင်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်ကစပြီး ပထမဆုံး ရထားခရီးစဉ်ကို ဘေဂျင်းကနေ Taizicheng ကို ပြေးဆွဲခဲ့ပါတယ်။


လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းမှာ မြန်နှုန်းမြင့် ရထားပေါင်း အစီး ၃၀ ကျော် ရှိပေမယ့် Smart High-Speed ရထားကတော့ ၆ စီးပဲ ရှိပါသေးတယ်။ ရထားလက်မှတ် ဈေးနှုန်းတွေကတော့ ပုံမှန် ရထားခရီးစဉ်တခုကို အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာကနေ ၃၃ ဒေါ်လာထိ ကျသင့်မှာဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး ရထားခရီးစဉ်ကတော့ အမေရိကန်ဒေါ်လာ ၁၂ ကနေ ၃၈ ဒေါ်လာ ကျသင့်မှာပါ။

Smart High-Speed ရထားကို စီးနင်းမယ်ဆိုရင် အနည်းဆုံး ၂ ရက် ကြိုတင် ဘိုကင်တင်ရမှာပါ။ ရထားထိုင်ခုံတွေမှာ အယောက်တိုင်းအတွက် Touch-screen တပ်ဆင်ထားပြီး ကြိုးမဲ့အားသွင်း စနစ်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ရထားအတွင်းပိုင်းကို အားကစားသမားတွေနဲ့ စာနယ်ဇင်းသမားတွေအတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတာ တွေလည်း ရှိပါတယ်။ ဆောင်းရာသီအိုလံပစ် လက်ခံ ကျင်းပမယ့်မြို့တွေကို ဆက်သွယ်ထားတာကြောင့် အားကစားသမားတွေ စီးနင်းလိုက်ပါတဲ့အခါ အားကစားပစ္စည်းတွေကိုပါ အဆင်ပြေပြေ သယ်နိုင်အောင် ပြင်ဆင်ပေးထားပါသေးတယ်။


ရပ်နားမယ့် ဘူတာရုံတိုင်းမှာလည်း မျက်နှာမှတ်သားနိုင်တဲ့ နည်းပညာတွေအပြင်၊ စက်ရုပ်တွေ သုံးပြီး ခရီးသည်တွေကို အထိရောက်ဆုံး လမ်းညွှန်စနစ်တွေ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ခရီးဆောင်အိတ်တွေ အလွယ်တကူ သယ်ယူနိုင်အောင် စီစဉ်ထားပြီး Paperless Check-in စနစ်ကိုပါ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

Lenovo ရဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို ဈေးကွက်ဝင် မိတ်ဆက်

၂၀၂၀ တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ် ခရီးသွားပေါင်း သန်း ၄၅၀ ရှိလာနိုင်

Realme ရဲ့ ပထမဆုံး 5G ဖုန်း “X50 5G” ထွက်ရှိ

Your Thoughts …
Tags: ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထား
Aurora

Aurora

Contributor

Similar Picks:

No Content Available
Next Post
စာသင်ချိန် တလတိုးမယ်ဆိုတာတော့ ကျမတို့ မကြိုက်ဘူး (ရုပ်/သံ)

စာသင်ချိန် တလတိုးမယ်ဆိုတာတော့ ကျမတို့ မကြိုက်ဘူး (ရုပ်/သံ)

ရန်ကုန်တိုင်းတရားရုံးတွင် တွေ့ရသည့် အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး  / မျိုးမင်းစိုး  / ဧရာဝတီ

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိဟောင်း အဂတိလိုက်စားမှု စတင်စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate