တကြိမ်အားသွင်းထားရုံနဲ့ မိုင် ၃၀၀ လောက်ထိ မောင်းနှင်နိုင်တဲ့ ပထမဆုံးလျှပ်စစ်ကားကို Nissan ကား ကုမ္ပဏီထုတ်ဖော်ပြသလိုက်ပါပြီ။ Nissan Ariya လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ကားရဲ့ အတွင်းပိုင်းကိုလည်း နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုပြီး ထိနှိပ်စရာခလုတ် မပါရှိသလောက်ကို အကုန်နီးပါးအော်တိုစနစ်တွေ အသုံးပြုပြင်ဆင်ထားပါတယ်။
ကုမ္ပဏီကထုတ်တဲ့ ပထမဆုံး ဘက်စုံသုံး လျှပ်စစ်ကား Ariya ကို ဇူလိုင် ၁၅ ရက် Online Event မှာ ပြသခဲ့တာ ပါ။ Nissan ဟာ ၂၀၁၀ ခုနှစ်၊ The Leaf အမည်နဲ့ လျှပ်စစ်ကားကို စတင်ထုတ်လုပ်ခဲ့ကတည်းက လျှပ်စစ်ကား အဓိကထုတ်တဲ့ ကုမ္ပဏီကြီးတွေထဲက တခုဖြစ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တည်းက Nissan ဟာ လျှပ်စစ်ကားတွေရဲ့ ထိပ်ဆုံးပိုင်းကိုနေရာယူနိုင်ဖို့ စီမံကိန်းချ ဆောင် ရွက်လာခဲ့ သလို၊ CEO Carlos Ghoson ကလည်း ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ကားဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်း လောက်ထိ ထုတ်လုပ်နိုင် လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ လျှပ်စစ်ကားစီမံကိန်းတွေက ထင်သလောက် အလုပ်မဖြစ်သေးပါဘူး။ ၂၀၁၉ ခုနှစ်ကဆိုရင် ကမ္ဘာ့ ကားဈေးကွက်ရဲ့ ၂ ဒဿမ ၆ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်ကားတွေ ရောင်းချနိုင်ခဲ့တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ထုတ်ပြန်ထားပါတယ်။
Nissan ကုမ္ပဏီဟာ အသစ်ထပ်မံပြင်ဆင်ထားတဲ့လျှပ်စစ်ကား The Leaf အပြင် အမေရိကန်မှာ ရောင်းချခဲ့ခြင်း မရှိတဲ့ plug-in အမျိုးအစား Nissan NV Van ကားကိုလည်း ထုတ်လုပ်ထားပါတယ်။ ၂၀၂၂ ခုနှစ်ဆိုရင် Nissan ကနေ လျှပ်စစ်ကားအမျိုးအစား ၈ မျိုးလောက် ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ဘတ်စုံသုံးကား Ariya ကတော့ အမေရိကန်ကားဈေးကွက်မှာ ဝယ်ယူနိုင်မယ့် Nissan ရဲ့ ဒုတိယမြောက် လျှပ်စစ်ကားလည်း ဖြစ်ပါတယ်။ ပထမဆုံး The Leaf ထက် ကိုယ်ထည်ပိုကြီးတဲ့အပြင် ဒီဇိုင်းကိုလည်း Nissan Murano ပုံစံနဲ့ခပ်ဆင်ဆင် ပြင်ဆင်ထားပါတယ်။
Hands-free driving စနစ်ကို ခွင့်ပြုထားတဲ့ နိုင်ငံတွေအတွက်တော့ Ariya မှာ Nissan ကားတွေမှာထည့်ပေး ထားတဲ့ မောင်းသူမဲ့စနစ် ProPilot Assist နည်းပညာပါရှိမှာပါ။ အဆိုပါ နည်းပညာဟာ General Motor နဲ့ Ford မှာ သုံးထားတဲ့ဆင်တူတယ်လို့ ဆိုပါတယ်။
Nissan Ariya ကို ၂၀၂၁ ခုနှစ်မှာ ဂျပန်ဈေးကွက်ထဲ စတင်ရောင်းချမှာဖြစ်ပြီး အမေရိကန်ဈေးကွက်ကိုတော့ နောက်နှစ်နောင်းပိုင်းလောက်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဈေးနှုန်းက တခြားပြိုင်ဘက်အမျိုးအစားတွေ ထက် ဈေးသင့်တင့်အောင် အမေရိကန်ဒေါ်လာ ၄ သောင်းလောက်ကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါ တယ်။
Ref: edition.cnn
You may also like these stories:
ကမ္ဘာ့တန်ဖိုးအရှိဆုံး ကားထုတ်လုပ်သူဖြစ်လာတဲ့ Tesla
Volvo ရဲ့ The New XC60 T6 Inscription 2020 မော်ဒယ်စီးရီး