Automobile

007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား

Want create site? Find Free WordPress Themes and plugins.

မကြာခင် ၂၅ ကားမြောက် ရုပ်ရှင်နဲ့အတူ ပိတ်ကားထက်မှာ ပြန်မြင်တွေ့ရမယ့် “007” ဂျိမ်းစ်ဘွန်းဟာ သူ့ရဲ့ Aston Martin ကားသစ်ကြီးနဲ့အတူ ထွက်ပေါ်လာတော့မှာပါ။ ဘွန်းရုပ်ရှင် ခရေဇီတွေအတွက်လည်း Special Edition တွေကို အကန့်အသတ်နဲ့ ရောင်းချပေးသွားဖို့ ရှိပါတယ်။

ဗြိတိန် ဇိမ်ခံကားကုမ္ပဏီဖြစ်တဲ့ Aston Martin ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “No Time to Die” ရုပ်ရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျိမ်းစ်ဘွန်း ပရိသတ်တွေအတွက် အကန့်အသတ်နဲ့ရောင်းချမယ့် Special Editon ၂ မျိုးကို ပြသလိုက်ပါပြီ။

ရုံတင်ပြသတော့မယ့် ရုပ်ရှင်ထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ “Aston Martin Vantage” နဲ့ “DBS Superleggera” မော်ဒယ်တွေဟာ Valhalla mid-engine ကို အသုံးပြုထားတဲ့ စူပါကားအမျိုးအစားတွေလည်း ဖြစ်ပါတယ်။

အကန့်အသတ်နဲ့ ရောင်းချသွားမယ့် ကားအမျိုးအစားတွေကို Aston Martin ကုမ္ပဏီရဲ့ ဌာနခွဲ Q ကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။ တကမ္ဘာလုံးကို အကန့်အသတ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး အမှာစာတွေကိုလည်း လက်ခံနေပြီလို့ ဆိုပါတယ်။

“The Vantage 007” အမျိုးအစားက ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Living Daylights” မှာအသုံးပြုခဲ့တဲ့ Aston Martin V8 အမျိုးအစားကို မှီငြိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒီ Special Edition ကားသစ်ကြီးကို ရုံတင် ပြသတော့မယ့် ရုပ်ရှင်ထဲမှာ ဘွန်းက လန်ဒန်မြို့က ဂိုဒေါင်ထဲမှာ ဖော်ထုတ်ပြသွားမှာပါ။

ရုပ်ရှင်ထဲမှာ နှင်းလျှောစီးခန်းတွေ ပါဝင်မှာဖြစ်လို့ နှင်းလျှောစီးပြား တင်သွားမယ့် စင်ကိုလည်း ပုံစံဆန်းဆန်းနဲ့ ဖန်တီးပေးထားလို့ ထည့်ချင်ရင် ကားအမှာစာမှာ တခါတည်း အော်ဒါတင်ပေးရမှာပါ။

Luxury နဲ့ Sport ပုံစံ ပေါင်းစပ်ထားတဲ့ ကားအတွင်းပိုင်းမှာလည်း ဂျိမ်းစ်ဘွန်းရဲ့ 007 အမှတ်သင်္ကေတတွေ ရိုက်နှိပ်ပေးထားသလို၊ ထိန်းချုပ်ရေး ခလုတ်တွေကို ဇာတ်ကားထဲမှာ မြင်တွေ့နေကျပုံစံတွေအတိုင်း ရုပ်ရှင်ဆန်ဆန် ဖန်တီးထားတာ ကြောင့် 007 ခရေဇီတွေအတွက် ဂျိမ်းစ်ဘွန်းကားကို ကိုယ်တိုင် မောင်းနေရသလို ခံစားရစေမှာပါ။

ဈေးနှုန်းတွေကတော့ The Vantage 007 မော်ဒယ်ကို စတာလင်ပေါင် ၁၆၁,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၃,၁၃၈) ရှိပြီး DBS Superleggera ကတော့ စတာလင်ပေါင် ၂၇၉,၀၂၅ (အမေရိကန်ဒေါ်လာ ၃၆၉,၃၈၅) သတ်မှတ်ထားပါတယ်။

“007 Edition ကားတွေကို ဖန်တီးပေးရတာ စိတ်လှုပ်ရှားစရာ ကောင်းသလို တကယ့်ကို စိန်ခေါ်မှုတခုပါပဲ။ ကျနော်တို့ Sport ကားကို 007 စတိုင်ယူ မှီးငြိမ်းပုံဖော်ရတာ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ရုပ်ရှင် ဝါသနာအိုးတဖြစ်လဲ ကားချစ်သူတွေအတွက် တကယ့်ပြိုင်ဘက်ကင်း ကားတစီး ပိုင်ဆိုင်ရသလိုပါပဲ” လို့ Aston Martin ရဲ့ Vice President ဖြစ်သူ Marek Reichman က မှတ်ချက်စကား ဆိုပါတယ်။

Ref: Asia Times

You may also like these stories:

“No Time to Die” ရုပ်ရှင် ပြသမယ့်ရက် ရှေ့ပြန်တိုး

“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ

 

Did you find apk for android? You can find new Free Android Games and apps.
Loading