ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ဒုတိယကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူပေါင်း ၄ သန်းနီးပါး ကူးစက်ခံနေရပြီး ဘရာဇီးနိုင်ငံမှာတော့ လူပေါင်း ၂ သန်းကျော် ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။
ဘရာဇီးသမ္မတ ကိုယ်တိုင်လည်း ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ဇူလိုင် ၂၀ ရက်နေ့မှာတော့ ဘရာဇီးဝန်ကြီးချုပ်တွေပါ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ ကြေညာခဲ့ပါတယ်။ အထက်တန်းလွှာဖြစ်တဲ့ နိုင်ငံရေးသမားတွေမှာပါ ကူးစက်ခံနေရတဲ့ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတဲ့အခြေအနေ ရောက်လာခဲ့ပါပြီ။
ဘရာဇီးနိုင်ငံမှာ ကူးစက်ခံထားရတဲ့ ဝန်ကြီးတွေဟာ နိုင်ငံသားရေးရာဝန်ကြီး Onyx Lorenzoni နဲ့ ပညာရေးဝန်ကြီး Milton Ribeiro တို့ ဖြစ်ကြပါတယ်။ သူတို့ ၂ ဦးဟာ COVID-19 ကူးစက်ခံထားရ ကြောင်း တရက်တည်း အတူတူ ကြေညာခဲ့ကြပါတယ်။
Lorenzoni ကလည်း ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ရောဂါလက္ခဏာ စတင်ခံစားခဲ့ရပြီး စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ COVID-19 ကူးစက်ခံထားတာကို တွေ့ရှိခဲ့ကြောင်း Twitter မှာ ရေးသားခဲ့ပါတယ်။ သူဟာ ဘရာဇီးသမ္မတနဲ့ နီးစပ်သူတဦးဖြစ်သလို ဘရာဇီးသမ္မတ ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့တဲ့ ငှက်ဖျားကာကွယ်ဆေးနဲ့ COVID-19 ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အယူအဆအပေါ် အသိအမှတ်ပြုထားသူတယောက် လည်းဖြစ်ပါတယ်။
ဘရာဇီး ကူးစက်ရောဂါဆိုင်ရာ အဖွဲ့က သောကြာနေ့မှာ ထုတ်ဝေတဲ့ အစီရင်ခံစာမှာတော့ COVID-19 ကိုကုသဖို့ ဟိုက်ဒရိုကလိုရိုကွင်းကို အသုံးပြုနေတာ ရပ်တန့်ဖို့ ဆေးပညာရှင်တွေကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကလည်း ဘရာဇီးနိုင်ငံရဲ့ အမျိုးသားကျန်းမာရေး စောင့်ကြည့်လေ့လာရေးအေဂျင်စီဖြစ်တဲ့ ANVISA ကလည်း COVID-19 ကို Ivermectin ခေါ်တဲ့ ဆေးနဲ့ ကုသရင် ရတယ်ဆိုတဲ့ အထောက်အထား မရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်နေ့မှာတော့ ဘရာဇီးပညာရေးဝန်ကြီးဖြစ်သူ Ribeiro ကလည်း သူဟာ COVID-19 ကူးစက်ခံနေရလို့ ဆေးကုသမှု ခံယူနေရကြောင်းနဲ့ တခြားလူတွေနဲ့ သီးခြားခွဲနေပြီး အလုပ်လုပ်ကိုင်နေကြောင်း Twitter မှာ ရေးသားခဲ့ပါတယ်။ ဘယ်လို ဆေးဝါးတွေနဲ့ ဆေးကုသမှု ခံယူနေတယ် ဆိုတာကိုတော့ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။
ဘရာဇီးသမ္မတဖြစ်သူဟာ ဇူလိုင် ၇ ရက်နေ့ကတည်းက COVID-19 ကူးစက်ခံနေရကြောင်း ကြေညာခဲ့ပါတယ်။ သူဟာ မတ်လတုန်းကလည်း အမေရိကန်သမ္မတနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဘရာဇီးနိုင်ငံမှာ COVID-19 ကူးစက်နေတဲ့ ဝန်ကြီး ၂ ယောက်ထက် မနည်းပါဘူး။ သတ္တုတွင်းနှင့်စွမ်းအင်ဝန်ကြီး Bento Albuquerque နဲ့ လုံခြုံရေးဝန်ကြီး Augusto Heleno တို့လည်း ကူးစက်ခံထားရပါတယ်။
Ref: CNN
You may also like these stories:
ဘရာဇီးတွင် ကိုဗစ် ကူးစက်ခံရသူ ၂ သန်းရှိပြီ
ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ
ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်း ကျော်ပြီ