ကိုလံဘီယာသမ္မဟောင်း Alvaro Uribe ဟာ ကိုလံဘီယာနိုင်ငံမှာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံရေးသမား တယောက်ပါ။ သူ့ကို ၁၉၅၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်၊ သြဂုတ်လမှာ ကိုလံဘီယာနိုင်ငံရဲ့ ၃၁ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီး ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်ကြည့်ရာမှာတော့ COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ ကိုလံဘီယာ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ သမ္မဟောင်းဖြစ်သူဟာ ရောဂါကူးစက်ခံထားရပေမယ့် လက္ခဏာ တစုံတရာ ပြသခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ကိုလံဘီယာနိုင်ငံဟာ COVID-19 ကူးစက်မှု မြင့်မားနေတဲ့ ၁၀ နိုင်ငံစာရင်းထဲ ပါဝင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုလံဘီယာနိုင်ငံမှာ COVID -19 ကူးစက်ခံနေရသူပေါင်း ၃ သိန်းခွဲနီးပါးရှိနေပြီး လူ ၁ သောင်းကျော် သေဆုံးခဲ့ပါတယ်။
ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေအရ ကမ္ဘာတဝှမ်း ရောဂါကူးစက်သူပေါင်း ၁၈ ဒဿမ ၉ သန်းကျော်ရှိနေပြီး လူ ၇ သိန်းကျော် သေဆုံးပါတယ်။ သြစတြေးလျနိုင်ငံမှာလည်း ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေတဲ့အတွက် မဲလ်ဘုန်းမြို့ကို Lockdown ပြန်ချခဲ့ရပါတယ်။ အခုဆိုရင်တော့ မဲလ်ဘုန်းမြို့ကို Lockdown ချထားတာ ရက်သတ္တပတ် ၆ ပတ် ရှိလာပါပြီ။
အာဏာပိုင်တွေကတော့ မဲလ်ဘုန်းမြို့မှာ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။ လူဦးရေ ၅ သန်းရှိတဲ့ မဲလ်ဘုန်းမြို့ဟာ ခုချိန်မှာတော့ တိတ်ဆိတ်လို့ နေပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံမှာ ကူးစက်လူနာသစ် ၄၇၁ ယောက် ရှိနေပြီး ၈ ယောက် သေဆုံးခဲ့ပါတယ်။
COVID-19 ရောဂါ ၊ ကိုလံဘီယာသမ္မတဟောင်း ကိုလံဘီယာသမ္မတဟောင်းရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Gabriel Velasco ကလည်း သမ္မတ ဟောင်းဟာ COVID-19 ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာ တစုံတရာ ပြသခြင်း မရှိသလို အသက်ရှူခက်ခဲတဲ့ လက္ခဏာမျိုး ပြသတာလည်း မရှိဘူးလို့ ပြောပါတယ်။
ဒါကြောင့်လည်း သမ္မတဟောင်းရဲ့ကျန်းမာရေးအခြေအနေက အကောင်းဘက်ကို ဦးတည်နေပြီး ပြည်နယ် ဆေးရုံတရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: CNN
You may also like these stories:
ကိုလံဘီယာကနေ ပြန်လာခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီအား ၁၄ ရက်ကြာ စောင့်ကြည့်မည်
COVID-19 ကြောင့် ကိုလံဘီယာလေကြောင်းလိုင်း ဒေဝါလီခံရဖွယ်ရှိ