Coronavirus Update

ယူအေအီးတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် နီးစပ်နေပြီ

Want create site? Find Free WordPress Themes and plugins.

အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ မြို့တော် အဘူဒါဘီမှာ COVID-19 ကာကွယ်ဆေး စမ်းသပ်လုပ်ဆောင်မှုအတွင်း စေတနာ့ဝန်ထမ်း ၅၀၀၀ ကျော် ပါဝင်ခဲ့ပြီး နှစ်ကြိမ် ထိုးနှံရမယ့် ကာကွယ်ဆေးရဲ့ ပထမဆုံးအကြိမ် ထိုးနှံမှုကို လက်ခံလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာတော့ စေတနာ့ဝန်ထမ်း စိတ်ဓာတ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ခွန်အားတွေအတွက် ဒီစမ်းသပ်မှုက သမိုင်းမှတ်တိုင်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်စေတဲ့ ပိုးကို သတ်ပစ်ထားတဲ့ ဗားရှင်းပါဝင်တဲ့ အဲ့ဒီ COVID-19 ကာကွယ်ဆေးအတွက် ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုမှာ ပါဝင်ဖို့ စေတနာ့ ဝန်ထမ်းထောင်ပေါင်းများစွာက စာရင်းသွင်းထားခဲ့ကြတာ ဖြစ်ပါတယ်။

ပထမဆုံးစမ်းသပ်မှုကို ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး စမ်းသပ်ခံခဲ့သူကတော့ အဘူဒါဘီ ကျန်းမာရေးဌာနရဲ့ ယာယီလက်ထောက်ဝန်ကြီး Sheikh Abdullah bin Mohammed Al Hamed ဖြစ်ပါတယ်။

အဲ့ဒီကာကွယ်ဆေး စမ်းသပ်မှုဟာ အဆင့် ၃ အထိ ရောက်ရှိနေပြီဖြစ်ပြီး တရုတ်ဆေးဝါး ကုမ္ပဏီဖြစ်တဲ့ Sinopharm နဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ Sheikh Abdullah ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ ဒုတိယမြောက်နဲ့ နောက်ဆုံး ကာကွယ်ဆေးကို ထိုးနှံခဲ့ပါတယ်။

သူက “ကာကွယ်ဆေးရဲ့ ပထမဆုံးအကြိမ်ကို ထိုးခဲ့ပြီးတဲ့နောက် ကျနော် ဘေးထွက်ဆိုးကျိုး လုံးဝ မခံစားခဲ့ရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ စာရင်းပြုစုထားတဲ့ အဆင့် ၃ COVID-19 ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှု ၄ ခုထဲက ၁ ခုဖြစ်ပါတယ်။ နောက်ထပ် စမ်းသပ်မှုတွေကိုတော့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံမှာ တခုစီ၊ တရုတ်နိုင်ငံမှာ နှစ်ခု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခု ယူအေအီးမှာ စမ်းသပ်နေတာကတော့ တရုတ်ကာကွယ်ဆေး နှစ်ခုထဲက တခုဖြစ်ပြီး ဝူဟန် ဇီဝထုတ်ကုန် အင်စတီကျုနဲ့ Sinopharm တို့က ပူးပေါင်း အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

Sinopharm ဟာ ပြင်းထန်တဲ့ တုံ့ပြန်မှု ပြသတာမျိုး မရှိဘဲ တရုတ်နိုင်ငံမှာ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှု အဆင့် ၁ နဲ့ ၂ ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေဟာ ၂၈ ရက်အတွင်း ဆေးနှစ်ကြိမ် ထိုးနှံခဲ့ပြီး ပဋိပစ္စည်း ထွက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကွဲပြားတဲ့ လူမျိုးများစွာရှိတာကြောင့် ဆေးစမ်းသပ်ဖို့ ယူအေအီးနိုင်ငံကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုအထိ ကမ္ဘာတဝန်းမှာ နိုင်ငံသား ၈၀ ကျော်လောက် အခုစမ်းသပ်မှုမှာ ပါဝင်နေကြပါတယ်။ တကယ်လို့သာ ယူအေအီးမှာ စမ်းသပ်တဲ့ ဆေးအောင်မြင်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီဆေးကို အများပြည်သူတွေကြား အသုံးပြုနိုင်ဖို့ အတည်ပြုချက်ပေးမှာဖြစ်ပြီး များပြားတဲ့ ပမာဏနဲ့ ထုတ်လုပ်ဖို့လည်း စတင်နိုင်မှာ ဖြစ်ပါတယ်။

၃ လကနေ ၆ လကြား ကြာမြင့်မယ့် စမ်းသပ်မှုတွေ ပြီးမြောက်ဖို့ဆိုရင် စေတနာ့ဝန်ထမ်း ၁၅၀၀၀ အထိ လိုအပ်ပြီး အဲ့ဒီစမ်းသပ်ခံမယ့်သူတွေဟာ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်ရှိရမှာဖြစ်ကာ ကျန်းမာရေးလည်း ကောင်းမွန်ရမှာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းတွေဟာ ၄၂ ရက်အတွင်း စမ်းသပ်ရေး စင်တာတွေဆီ အနည်းဆုံး ၁၇ ကြိမ် လာရောက်ရမှာဖြစ်ပြီး အဲ့ဒီအချိန်အတွင်းမှာ နိုင်ငံရပ်ခြားကိုလည်း ခရီးသွားလာလို့ရမှာ မဟုတ်ပါဘူး။ အဲ့ဒီစမ်းသပ်မှုတွေပြီးရင်တော့ သူတို့သာ အချိန် ၆ လအထိ ပုံမှန် ဖုန်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Ref: thenational.ae

You may also like these stories:

COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading