Coronavirus Update

နယူးဇီလန်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကျော်ပြီ

နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီလို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဇွန်လ ၈ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နယူးဇီလန်နိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကျော်လာခဲ့ပါပြီ။

ဒါပေမဲ့လည်း နယူးဇီလန် အစိုးရကတော့ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ ပြည်တွင်းကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနေတဲ့အတွက် လူတွေအနေနဲ့ ဂရုတစိုက် နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံမှာ ရောဂါကူးစက်သူ ၃၉၄ ယောက်အထိ ရှိခဲ့ပြီး သေဆုံးသူပေါင်း ၁၇ ယောက်ထိ ရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း ကူးစက်ခံရသူ ၈၄၁  ယောက်အထိ ရှိလာခဲ့ပြီး သေဆုံးသူပေါင်း ၁၃ ယောက်အထိ ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းကူးစက်မှု မရှိတာ ၁ လနီးပါး ရှိလာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ကူးစက်လူနာသစ်တွေကလည်း ပြည်ပနိုင်ငံတွေကပြန်လာသူတွေဖြစ်ပြီး Quarnatine ဝင်နေကြသူတွေ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၇ ရက်ကနေ သြဂုတ် ၉ ရက်အတွင်း ပြည်တွင်း ကူးစက်မှု မရှိဘူးလို့ သိရပါတယ်။

ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သလို လူဦးရေး ၅ သန်းနီးပါးသာ ရှိတဲ့ နယူးဇီလန်နိုင်ငံဟာ COVID-19 ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ COVID-19 အလုံခြုံဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံသားတွေအနေနဲ့ ပုံမှန်ဘဝကို ပြန်ရောက်ပြီဖြစ်ပေမယ့် အာဏာပိုင်တွေကတော့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို လျစ်လျူရှုမှာ စိုးရိမ်နေကြပါတယ်။

ကမ္ဘာတဝှမ်းကို ကြည့်မယ်ဆိုရင်လည်း COVID-19 ကို ထိန်းချုပ်နိုင်ပြီလို့ ယူဆထားတဲ့ နိုင်ငံတွေမှာ ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် တွေ့ရှိနေပါတယ်။ ဒါကြောင့်လည်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးချုပ် ဒေါက်တာ Ashley Bloomfield ကလည်း နယူးဇီလန်မှာ ပြည်တွင်း ကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကြာခဲ့ပြီ ဖြစ်ခဲ့မယ့် လူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့ သတိပေးထားပါတယ်။

အရင်က ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နိုင်ငံတွေတောင် ပြည်တွင်းကူးစက်မှုတွေ ပြန်လည်မြင့်တက်လာနေတာကို တွေ့နေရပါတယ်။

နယူးဇီလန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ၁၅၆၉ ယောက်သာ ရှိခဲ့ပြီး သေဆုံးသူ အရေအတွက်ကတော့ ၂၃ ယောက် ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းကူးစက်မှုတွေ မရှိတာ ၃ လကျော်ကြာမှ ဒါနန်းမြို့ကနေ ပြည်တွင်းကူးစက်မှုတွေ ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။

Ref: CNA

You may also like these stories:
Loading