Coronavirus Update

ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်မည်

Want create site? Find Free WordPress Themes and plugins.

COVID-19 ကာကွယ်ဆေး ရရှိနိုင်ဖို့ ကမ္ဘာတဝှမ်းက ကြိုးစားရှာဖွေနေကြပါတယ်။ အမေရိကန်၊ တရုတ်၊ ယူကေနဲ့ ရုရှားနိုင်ငံ အပါအဝင် နိုင်ငံအများစုက COVID-19 ကာကွယ်ဆေး ရရှိဖို့ ကြိုးစားနေကြပါတယ်။

ဇူလိုင်လနှောင်းပိုင်းမှာတော့ ရုရှားနိုင်ငံက သြဂုတ်လထဲမှာ ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောကြားခဲ့သလို အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ဒေါက်တာ Anthony Fauci ကလည်း မကြာခင်ပိုင်းလောက်မှာ COVID-19 ကာကွယ်ဆေး ရရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့မှာ COVID-19 ကာကွယ်ဆေး မှတ်ပုံတင်မယ်လို့ ကြေညာထားသလို ရုရှားသမ္မတ ပူတင်ကလည်း ကမ္ဘာ့ပထမဆုံး COVID-19 ကာ ကွယ်ဆေးကို မကြာခင်ရက်ပိုင်းအတွင်း မှတ်ပုံတင်သွားမယ်လို့ ပြောကြားထားပါတယ်။

ရုရှားနိုင်ငံက သိပ္ပံပညာရှင်တွေဟာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ကာကွယ်ဆေးဟာ လုံခြုံမှုနဲ့ ထိရောက်မှု ရှိတယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။ တဆက်တည်းမှာပဲ ရုရှားသမ္မတက ဒီကာကွယ်ဆေးကို ရုရှားတနိုင်ငံတည်းအတွက် သုံးစွဲသွားမှာ မဟုတ်ဘဲ ကမ္ဘာတဝှမ်းလုံးအတွက် သုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးချုပ်ဖြစ်သူ Mikhail Murashko ကလည်း အောက်တိုဘာလကစပြီး ရုရှားတနိုင်ငံလုံးကို ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါ တယ်။ ကာကွယ်ဆေးထိုးတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ရုရှားအစိုးရက ကျခံသွားမယ်လို့ သိရပါ တယ်။

ကာကွယ်ဆေး စမ်းသပ်မှု အစီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့က မော်စကိုမြို့ရဲ့ တက္ကသိုလ်တခုမှာ စေတနာဝန်ထမ်း ၃၈ ယောက်နဲ့ စမ်းသပ်ခဲ့ပါတယ်။ လေ့လာမှုတွေအရ ကာကွယ်ဆေးထိုးတဲ့လူ အားလုံး ဘေးကင်း လုံခြုံမှုရှိသလို ရောဂါကူးစက်မှုဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

Ref: rt

You may also like these stories:

ဖိလစ်ပိုင်လေကြောင်း ခရီးသည်များ မျက်နှာကာများ တပ်ဆင် စီးနင်းရမည်

အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅ သန်းကျော် ရှိလာ

ဘရာဇီး ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံ

Did you find apk for android? You can find new Free Android Games and apps.
Loading