ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ
ရုရှားသမ္မတ ပူတင်က သြဂုတ်လ ၁၂ ရက်နေရမှာ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို မှတ်ပုံတင်မယ်လို့ ပြောကြားခဲ့ပေမယ့် ဒီကနေ့မှာပဲ မှတ်ပုံတင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သမ္မတ ပူတင်ရဲ့ သမီးဖြစ်သူကိုပါ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါတယ်။
၂ လကျော်ကြာ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ရုရှားကျန်းမာရေးဝန်ကြီးဌာနက ဒီကာကွယ်ဆေးကို မှတ်ပုံတင်ပြီး စတင်သုံးစွဲဖို့ အတည်ပြုပေးခဲ့တယ်လို့ သမ္မတပူတင်က ပြောပါတယ်။ သမ္မတပူတင်နဲ့ ရုရှားအစိုးရဝန်ကြီးတွေ ဗီဒီယို ကွန်ဖရင့်မှာ ဒီကနေ့ မနက်ခင်းမှာပဲ ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို မှတ်ပုံတင်ခဲ့တယ်လို့ သမ္မတပူတင်က ပြောကြားသွားခဲ့ပါတယ်။
တဆက်တည်းမှာပဲ သမ္မတ ပူတင်က မော်စကို Gamaleya အင်စတီကျူးရှင်းက တီထွင်ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို စမ်းသပ်ရာမှာ ထိရောက်တဲ့ စွမ်းဆောင်ချက်တွေ တွေ့ရှိခဲ့ပြီး ရေရှည်တည်တံ့တဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ဖန်တီးပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို သံရုံးရဲ့တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ အားလုံးကို ပြုလုပ်ပြီးသွားပြီလို့ သမ္မတ ပူတင်က ပြောကြားခဲ့ပြီး ကာကွယ်ဆေးကို အပြည့်အဝ အသုံးချနိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း သူ့သမီးဖြစ်သူကို ပါ ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
ရုရှား ကျန်းမာရေးဝန်ကြီးဌာနကလည်း ကာကွယ်ဆေးကို ကျန်းမာရေး လုပ်သားတွေ၊ ကျောင်းဆရာတွေနဲ့ ကူးစက်မှုအန္တရာယ် ရှိနိုင်တဲ့ တခြားအဖွဲ့အစည်းတွေကို ဦးစားပေး ထိုးနှံပေးသွားမယ်လို့ ပြောကြားထားပါတယ်။
Ref: dw, Embassy of Russia in Myanmar
You may also like these stories:
COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်မည်