ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့မှာပဲ ရုရှားသမ္မတ ပူတင်က ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး ကို မှတ်ပုံတင်ခဲ့ပါတယ်။ မှတ်ပုံတင်ပြီးသိပ်မကြာခင်မှာဘဲ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှကနိုင်ငံ ၂၀ က အမှာစာတွေကို လက်ခံရရှိထားပါတယ်။
“Sputnik-V” လို့နာမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို သုံးသပ်မှုတွေပြန်လည်ပြုလုပ်ဖို့ WHO က ရုရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။
ကာကွယ်ဆေး စမ်းသပ်မှု အစီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့က မော်စကိုမြို့ရဲ့ တက္ကသိုလ်တခုမှာ စေတနာ့ဝန်ထမ်း ၃၈ ယောက်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ၂ လကျော် ကြာမြင့်ပြီးတဲ့နောက် လေ့လာမှုတွေ အရ ကာကွယ်ဆေးထိုးထားသူတွေ အားလုံး ဘေးကင်းလုံခြုံခဲ့ပြီး ရောဂါကူးစက်မှု ဒဏ်ကို ပိုပြီး ခံနိုင် ရည်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတ ပူတင်ကလည်း Sputnik-V အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို စမ်းသပ်ကြည့်ရာမှာ ထိရောက်တဲ့ စွမ်းဆောင်ချက်တွေကို တွေ့ရှိခဲ့ပြီး ရေရှည် တည်တံ့တဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ဖန်တီးပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ယုံကြည်စွာနဲ့ သမီးဖြစ်သူကိုပါ ကာကွယ်ဆေး ထိုးပေးခဲ့ပါသေးတယ်။
ရုရှားနိုင်ငံထုတ်ဆေးကို ယုံကြည်တဲ့အတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း Sputnik-V ကို ထိုး ချင်တဲ့အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒူတာတေးဟာ ပထမဆုံးကမ်းလှမ်းသူလည်း ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ သမ္မတ ဒူတာတေးက “ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဟာ လူသားတွေကို ကာကွယ်ပေးနိုင်မယ်”လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ဆေး ထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့သလို ပူးတွဲထုတ်လုပ်ဖို့ အတွက်လည်း ကမ်းလှမ်းထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံကလည်း ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ကာကွယ်ဆေး စမ်းသပ်ခြင်း၊ ထောက်ပံ့ခြင်းနဲ့ ထုတ်လုပ်ခြင်း လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ရှိနေတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှုနဲ့ ထိရောက်မှုကို စစ် ဆေးဖို့ ရုရှားအာဏာပိုင်တွေအနေနဲ့ အချိန် လုံလုံလောက်လောက် မယူခဲ့ဘူးလို့ သတိပေး ပြောကြားထားပါတယ်။ ဒူတာတေးကတော့ COVID-19 ကို တိုက်ဖျက်မယ့် ပူတင်ရဲ့လေ့လာမှုတွေကို အလွန်ယုံကြည်နေပါတယ်။
Ref: abc
You may also like these stories:
COVID-19 ကူးစက်မှုကို ရပ်တန့်နိုင်တဲ့ နည်းလမ်း ၃ ခု