Coronavirus Update

ရုရှားထုတ် ကိုဗစ် ကာကွယ်ဆေးကို ဗီယက်နမ် ဝယ်ယူမည်

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံအနေနဲ့ တကျော့ပြန် COVID-19 ကူးစက်မှု လှိုင်းသစ်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း နိုင်ငံအာဏာပိုင်တွေအနေနဲ့ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကိုဝယ်ယူနိုင်ဖို့ မှတ်ပုံတင်ထားကြတယ်လို့ သိရပါတယ်။

ရုရှားအစိုးရကလည်း ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို အများအပြား ထုတ်လုပ်သွားမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ပြောကြားခဲ့ပါတယ်။

အနောက်နိုင်ငံတွေကတော့ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးဟာ လုံလောက်တဲ့ စမ်းသပ်မှုတွေ မပြုလုပ်ထားတဲ့အတွက် သုံးစွဲဖို့ မသင့်တော်ဘူးလို့ သတိပေးထားပေမယ့် ရုရှားတာဝန်ရှိသူတွေကတော့ အနောက်နိုင်ငံတွေရဲ့ သုံးသပ်ချက်ကို ငြင်းပယ်ထားပါတယ်။

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း ဒီကာလ အတွင်း ဗီယက်နမ်နိုင်ငံအနေနဲ့ ကိုယ်ပိုင်ကာကွယ်ဆေး ရရှိအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ကြေညာသွားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ COVID-19 ကာကွယ်ဆေး သန်း ၅၀ နဲ့ သန်း ၁၅၀ ကြား ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားတယ်လို့ Tuoi Tre သတင်းစာမှာ ဖော်ပြထားပါတယ်။ ကာကွယ်ဆေး တချို့ကိုတော့ ရုရှားနိုင်ငံက လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

ဗီယက်နမ် အစိုးရအနေနဲ့ ရုရှားအပြင် ဗြိတိန်နိုင်ငံကနေလည်း COVID-19 ကာကွယ်ဆေး ဝယ်ယူသွားဖို့ရှိနေပါတယ်။ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဗြိတိန်ထုတ် COVID-19 ကာကွယ်ဆေးကို ဘယ်အချိန်မှာ ဝယ်ယူပြီး၊ ဘယ်အချိန်မှာ ရရှိမယ်၊ ဘယ်လောက် ကုန်ကျမယ် စတာတွေကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့လတုန်းကတော့ ဗီယက်နမ်နိုင်ငံမှာ ၂၀၂၁ ကုန်ပိုင်းလောက် ရောက်ရင် COVID-19 ကာကွယ်ဆေးကို စတင်ထိုးပေးနိုင်လိမ့်မယ်လို့ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသေးတယ်။

ဗီယက်နမ်အစိုးရအနေနဲ့ COVID-19 ကူးစက်မှု ပထမကာလအတွင်းမှာ အပြင်းအထန် စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း အပူတပြင်း ရှာဖွေခဲ့ပြီး ကူးစက်မှုကို ရပ်တန့်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက COVID-19 နဲ့ ပတ်သက်ပြီး ဗီယက်နမ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဇူလိုင် ၂၅ မှာတော့ ခရီးသွား အများအပြား လာရောက်လေ့ရှိတဲ့ ဒါနန်းမြို့မှာ တကျော့ပြန် ကူးစက်မှု ပြန်လည် ဖြစ်ပွားခဲ့ပြီး COVID-19 လှိုင်းသစ် ပြန်လည် စတင်ခဲ့ရပြန်ပါတယ်။ Worldometers ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ လက်ရှိ အချိန်မှာတော့ ဗီယက်နမ်နိုင်ငံမှာ ရောဂါကူးစက်သူ ၉၉၄ ဦး ၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့သူ ၅၃၃ ဦး နဲ့ သေဆုံးသူ ၂၅ ဦး ရှိလာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Nguyen Xuan Phuc ကလည်း ကူးစက်မှုဟာ ပိုမိုကျယ်ပြန့်လာနေတဲ့အတွက် လာမယ့် နေ့ရက်တွေဟာ အလွန်အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမြို့အရှေ့ဘက်မှာရှိတဲ့ ဟိုင်ဒေါင်းမြို့မှာလည်း ကူးစက်လူနာ ၃ ဦး တွေ့ရှိပြီးတဲ့နောက် ဟိုင်ဒေါင်းမြို့ကို ၁၅ ရက်ကြာ Lockdown ချထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ COVID-19 ကာကွယ်ရေး ခေါင်းဆောင် တယောက် ဖြစ်သလို ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ Vu Duc Dam က ဗီယက်နမ်နိုင်ငံအနေနဲ့ ရွေးချယ်စရာ မရှိပေမယ့် ဗိုင်းရပ်စ် ကူးစက်မှုကြားကနေပဲ အသက်ရှင်သန်အောင် ကြိုးစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေကို အကောင်အ ထည် ဖော်ရွက်နေတဲ့အတွက်ကြောင့် လူတိုင်းဟာ သတိနဲ့ နေထိုင်ဖို့ လိုအပ်သလို ဗိုင်းရပ်စ်အန္တရာယ်ကို ကြိုတင်သိထားဖို့လည်း လိုအပ်တယ်လို့ Dam က ပြောပါတယ်။

Ref: chiangraitimes

Did you find apk for android? You can find new Free Android Games and apps.
Loading