သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၂ သန်းနီးပါး ရှိခဲ့ပါတယ်။ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဟာ တလအတွင်း ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင်ခဲ့ပါတယ်။ သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံမှာ သေဆုံးသူ အရေအတွက်ကလည်း အဆိုးဆုံးဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၈၀၀၀ သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်သူပေါင်း ၃ ဒဿမ ၇ သန်းကျော်ရှိပြီး အမေရိကန်၊ ဘရာဇီးပြီးရင် တတိယကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၆ ဒဿမ ၂ သန်းကျော် ရှိနေပြီး ဘရာဇီးနိုင်ငံမှာတော့ ကူးစက်ခံရသူ ၃ ဒဿမ ၉ သန်းကျော် ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာတော့ အိန္ဒိယအစိုးရက နိုင်ငံကို Lockdown ချခဲ့ပါတယ်။ Lockdown ချပြီးနောက် ပိုင်း အိန္ဒိယနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ သန်းချီခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်တွေ ပြန်လည် ဦးမော့ လာနိုင်ဖို့ ကန့်သတ်ချက်တွေကို အစိုးရက ပြန်လည် ဖြေလျှော့နေရပါတယ်။
သြဂုတ်လအတွင်း အိန္ဒိ ယနိုင်ငံမှာ နေ့စဉ် ကူးစက်သူ အရေအတွက် ပျမ်းမျှ ၆၄,၀၀၀ ရှိခဲ့ပါတယ်။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သြဂုတ်လအတွင်း နေ့စဉ် ကူးစက်လူနာက ဇူလိုင်လထက် ၈၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာမှာ ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် သြဂုတ်လအတွင်း နေ့စဉ် ကူးစက် လူနာ အရေအတွက်က ပျမ်းမျှ ၄၇,၀၀၀ သာ ရှိခဲ့ပါတယ်။ ကျေးလက်ဒေသတွေမှာ ဗိုင်းရပ်စ်ကူး စက်ပျံ့နှံနိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှုတွေကို တိုးချဲ့လုပ် ဆောင်ခဲ့ရာမှာတော့ အိန္ဒိယနိုင်ငံမှာ ပိုးတွေ့လူနာ အရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။
အူတာပရာဒေ့ရှ် (Uttar Pradesh) ၊ ဂျာ့ခ်ခမ်း (Jharkhand) ၊ ချာတစ်စ်ဂါ (Chhattisgarh) နဲ့ သြရဿ (Orissa) ပြည်နယ်တွေမှာ ကူးစက်သူ အရေအတွက် ရုတ်တရက် မြင့်တက်သွားခဲ့တဲ့အတွက်ကြောင့် ဆေးဝန်ထမ်းတွေ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ ရောဂါကူးစက်မှု အများဆုံးဖြစ်တဲ့ မဟာရက်ရှ်တာ (Maharashtra) ပြည်နယ်မှာတော့ လူပေါင်း ၈ သိန်းနီးပါး ရောဂါကူးစက်ခံနေရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တချို့မှာ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက် နေပေမယ့် လူ ၁ သန်းမှာ အယောက် ၃၂,၀၀၀ သာ စစ်ဆေးနိုင်ပါသေးတယ်။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့ ပိုးတွေ့လူနာ အယောက် ၁၀၀ မှာ ၇၇ ယောက်က ကျန်းမာရေးပြန်လည် ကောင်းမွန်လာကြပါတယ်။
ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အရေအတွက်လည်း ကျဆင်းနေပြီး ပိုးတွေ့ လူနာအယောက် ၁၀၀ မှာ ၂ ယောက်သာ သေဆုံးမှု ရှိတော့တယ်လို့ သိရပါတယ်။
Ref: BBC
You may also like these stories:
အိန္ဒိယမှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှု ၇ သောင်းကျော်နဲ့ စံချိန်တင်
ကိုရိုနာဗိုင်းရပ်စ်ဟာ အေးခဲအသားနဲ့ ငါးတွေမှာ ၃ ပတ်ကြာ အသက်ရှင်နိုင်
အွန်လိုင်းပေါ်က ကိုဗစ် သတင်းမှားတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ