• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ရုရှားပြည်သူများထံ ဖြန့်ဝေ

by ညီညီသူ
9 September 2020
in Coronavirus Update
A A
မကြာခင်အချိန်အတွင်း ရုရှားနိုင်ငံရဲ့ဒေသအားလုံးကို ကာကွယ်ဆေး ဖြန့်ချိသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

မကြာခင်အချိန်အတွင်း ရုရှားနိုင်ငံရဲ့ဒေသအားလုံးကို ကာကွယ်ဆေး ဖြန့်ချိသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

13.1k
VIEWS
Share on FacebookShare on Twitter

Sputnik V လို့ နာမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို သြဂုတ်လ ၁၁ ရက်နေ့မှာ ရုရှား ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေးအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။

ရုရှားကူးစက်ရောဂါနှင့်အဏုဇီဝဗေဒ အမျိုးသားသုတေသန စင်တာနဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းရှာဖွေတွေ့ရှိခဲ့တဲ့ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ရုရှားပြည်သူတွေဆီ ဖြန့်ဝေပေးနေပြီလို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ မကြာခင် ကာလအတွင်းမှာတော့ ဒေသအားလုံး ဖြန့်ချိသွားနိုင်မယ်လို့ သိရပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
54
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
163
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
520

ရုရှားကျန်းမာရေးစောင့်ကြည့်ရေးအဖွဲ့က လိုအပ်တဲ့ အရည်အသွေး စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် လူထုဆီ ဖြန့်ဝေခဲ့တယ်လို့ ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko က ပြောပါတယ်။ မော်စကိုမြို့တော်ဝန် Sergey Sobyanin ကလည်း လာမယ့်လ အနည်းငယ်အတွင်း မော်စကို ပြည်သူတွေကို COVID-19 ကာကွယ်ဆေး ထိုးနှံသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားကျန်းမာရေးဝန်ကြီးဌာနကလည်း မကြာခင်အချိန်အတွင်း ရုရှားနိုင်ငံရဲ့ဒေသအားလုံးကို ကာကွယ်ဆေး ဖြန့်ချိသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ရုရှားနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ထုတ်လုပ်လိုက်တဲ့ Sputnik-V ကာကွယ်ဆေးကို ဇွန်နဲ့ ဇူလိုင်လအတွင်းမှာပဲ အသက် ၁၈ နှစ်နဲ့ ၆၀ ကြား ကျန်းမာရေး ကောင်းမွန်တဲ့ စေတနာ့ဝန်ထမ်း ၃၈ ယောက်ကို ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးပြီး စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ တယောက်ချင်းစီတိုင်းကို ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးပြီး ၂၁ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးပေးခဲ့ပါတယ်။

၄၂ ရက်ကြာပြီးနောက်မှာတော့ အဆိုပါ စေတနာ့ဝန်ထမ်းတွေ အားလုံး ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်တာမျိုး မရှိခဲ့တဲ့အတွက်ကြောင့် ရုရှားထုတ် COVID-19 ကာကွယ်ဆေးဟာ ဘေးကင်းတဲ့ဆေး ဖြစ်တယ်လို့ သုတေသနရလဒ်တွေက ဖော်ပြနေပါတယ်။

ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ဂျာနယ်ရဲ့ဖော်ပြချက်အရဆိုရင်လည်း ရုရှား ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ ကနဦးလူနာတွေဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို မခံစားခဲ့ရသလို ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးတယ်လို့ သိရပါတယ်။

အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးပြီးရင် ရုရှားနိုင်ငံက COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၁ သန်းကျော် ရောဂါကူးစက်ခံနေရပါတယ်။ ရုရှားနိုင်ငံမှာ ကျန်းမာရေး ပြန်ကောင်းလာခဲ့သူ ၈၅၀,၀၀၀ ကျော်ရှိနေပြီး ၁၇,၉၉၃ ယောက် သေဆုံးခဲ့ပါတယ်။

Ref: ndtv

You may also like these stories:

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ရလဒ်ကောင်းမွန်

ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံ

Your Thoughts …
Tags: Sputnik-Vကိုဗစ်ကာကွယ်ဆေးရုရှားထုတ်
ညီညီသူ

ညီညီသူ

Similar Picks:

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း  / ကျော်ခ  / ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

by ဧရာဝတီ
26 August 2021
16.6k

ထိုးလို့ရရင်တော့ စခန်းကလူတွေ အကုန်ထိုးမှာပေါ့။ စခန်းကလူတွေက အကုန်လုံး ထိုးချင်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ အစည်းအဝေး လုပ်ဖို့ရှိတယ်

NLD အစိုးရလက်ထက် ကိုဗစ်ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်တွင် အဓိက တာဝန်ခံဖြစ်ခဲ့သူ ဒေါက်တာထားထားလင်း

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

by ဧရာဝတီ
14 June 2021
14.3k

ဒေါက်တာ ထားထားလင်းနှင့် CDM ဆရာဝန်အချို့အား နိုင်ငံတော်ပုန်ကန်မှု ဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ  / ဧရာဝတီ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရ

by ဧရာဝတီ
31 July 2021
8.1k

လက်ရှိ ထိုင်းနိုင်ငံ အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးများ ထိုးနှံ ထားပြီးဖြစ်ပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား မည်မျှပါဝင်သည်ကိုမူ မသိရပါ။

KIA ထိန်းချုပ်နယ်မြေ အတွင်း ကိုဗစ် ကာကွယ်ရေး လှုပ်ရှားမှု  / Kachin Net

ကိုဗစ်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်၏ နှောင်ကြိုးလက်ဆောင်

by ဧရာဝတီ
31 July 2021
16.2k

တရုတ်သည် ၎င်းတို့နှင့် နယ်နိမိတ် ကျောချင်းကပ်နေသည့် တိုင်းရင်းသားတပ်များကိုသာ ကူညီခြင်း မဟုတ်ဘဲ တရုတ်၏ အနာဂတ်စီးပွားရေး စီမံကိန်းလမ်းကြောင်းပေါ်တွင် အခြေစိုက် လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များ၏ ခေါင်းဆောင်များကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း / ကျော်ခ / ဧရာဝတီ

ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းအတွက် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ခန့် ရရှိ

by ဧရာဝတီ
22 September 2021
41.1k

ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ထိုင်းဘုရင့်သမီးတော်မှ လှူဒါန်းခြင်းဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် လူဦးရေ ၄၀၀၀ ကိုရွေးချယ်၍ အုပ်စု ၃စုခွဲကာ ရွေးချယ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

SSPP ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်နေမှု  / SSPP

SSPP ထိန်းချုပ်နယ်မြေတွင် တရုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ

by ဧရာဝတီ
22 July 2021
12.8k

အခု လောလောဆယ်တော့ ကျနော်တို့ဌာနချုပ် ဝန်းကျင်မှာရှိတဲ့ သူတွေပေါ့။ နှစ်ထောင်ကျော်ကျော်လောက်တော့ ထိုးပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ဒေသတွင်းမှာ အယောက် ၅ သိန်းကို ထိုးပေးဖို့ စီစဉ်ထားတယ်။ ဆေးက ကျနော်တို့ မှာထားပြီးပြီ

Next Post
ဘောလိဝုဒ် မင်းသမီး Rhea Chakraborty

မင်းသား Sushant Singh ရဲ့ချစ်သူ မင်းသမီး Rhea Chakraborty အဖမ်းခံရ

ယနေ့ နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ ဆုံနေသူ ဦးသန်းဌေး  / သီဟလွင်

အာဏာရ NLD ပါတီ၏ မဲဆွယ်မှု ကိုဗစ် စည်းကမ်းချက်များနှင့် မညီဟု ကြံ့ခိုင်ရေး ဥက္ကဌ ပြော

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate