ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်အရ သင်္ဃန်းကျွန်း မြို့ နယ်မှ ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၇၃ ဦး ပါဝင်ပြီး ထိုသူများမှာ သင်္ဃန်းကျွန်း၊ သုမင်္ဂလာလမ်းပေါ်ရှိ KTV နှင့် စား သောက်ဆိုင် တွဲဖွင့်ထားသော Music Zone မှ ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက “Music Zone မှာ ပိုးတွေ့လူနာ မိန်း ကလေး စတင် တွေ့ရှိကတည်းက အဲဒီမှာရှိတဲ့ လူ ၁၀၀ ကျော်ကို အဲဒီ အဆောက်အအုံထဲမှာပဲ Lockdown ချထားတယ်။ အဲဒီထဲကနေ ပိုး ရှိ မရှိ စစ်ဆေးတဲ့အခါမှာ တနေ့ကို တွေ့လာတွေ့လာ ဆိုရင် ဒီနေ့ တွေ့တဲ့ ၇၃ ယောက်ထဲက ၇၂ ယောက် အပါအဝင် Music Zone က တွေ့ရှိသူပေါင်း ၈၆ ယောက် ရှိသွားပြီ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ Music Zone မှ ဝန်ထမ်း အမျိုးသမီး နှစ်ဦးသည် လူနာအမှတ် (၇၄၁) နှင့် ထိတွေ့ ဆက်စပ်မှု ရှိခဲ့သဖြင့် ဓာတ်ခွဲ နမူနာများ ရယူ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၃ ရက်တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သောကြောင့် ယင်းနေ့၌ပင် သင်္ဃန်းကျွန်း မြို့ နယ်ရှိ Music Zone ကို Lockdown ချထားပြီး ဝန်ထမ်းများအား အသွားအလာ ကန့်သတ်ကာ ဓာတ်ခွဲနမူနာ စစ်ဆေးမှု များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ သြဂုတ်၂၉ ရက် ထုတ်ပြန်ချက်အရ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၇၄၁) သည် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှ ဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသကဲ့သို့ ပြည်ပ ခရီးသွား ရာဇဝင်လည်း မရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က “အဲဒီ အမျိုးသမီး လူနာနံပါတ် ၇၄၁ က ကျနော်တို့ မြို့နယ်ထဲကတော့ မဟုတ်ဘူး။ မြောက်ဥက္ကလာက။ Music Zone မှာ သူ့ ညီမက စာရင်းကိုင်လုပ်တော့ သူက အဲဒီမှာ တည လာအိပ်သွားတယ်။ သူ့ ညီမနဲ့ အခန်းဖော်ကို ကျနော်တို့ ပထမ Contact ယူပြီး Primary ပို့လိုက်တဲ့အခါမှာ သူတို့ နှစ်ယောက်စလုံး Positive ထွက်တယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ယမန်နေ့ညက တွေ့ရှိသည့် သင်္ဃန်းကျွန်း ကိုဗစ်အတည်ပြု လူနာများအနက် တဦး (လူနာနံပါတ် မသိရသေး) မှာ သင်္ဃန်းကျွန်း၊ ဦးစံဖေ ရပ်ကွက်မှ ဆိုက်ကားသမား ဖြစ်ကြောင်း သိရသဖြင့် ၎င်းနေထိုင်ရာ ဦးစံဖေရပ် ကွက် ဈေးအနောက်ဘက်မှ အိမ်တန်းလျားကို Lockdown လုပ်ထားပြီး ဈေးလမ်းကိုလည်း ပိတ်ထားကြောင်း ပြောဆို သည်။
လူဦးရေ ၂၁၀,၀၀၀ ကျော် နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက် ရှိသည့်အနက် ၁၈ ရပ် ကွက်၌ ပိုးတွေ့ လူနာများ ရှိနေပြီး အဖြစ်အများဆုံးမှာ သုဝဏ္ဏ ၂၉ ရပ်ကွက်နှင့် ဇဝန ရပ်ကွက်တို့ ဖြစ်ကြောင်း ဦးအောင် ထိုက်က ပြောဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက် ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် ဓာတ်ခွဲ အတည်ပြု လူနာ ၁,၈၀၇ ဦး ရှိပြီး သေဆုံးသူပေါင်း ၁၂ ဦး ရှိပြီဖြစ်ကာ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအ စဉ်တွင် အကျုံးဝင်သည့် မြို့နယ်တခု ဖြစ်သော သင်္ယန်းကျွန်းမြို့နယ်သည် ပိုးတွေ့မြို့နယ်များအနက် အတည်ပြုလူနာ ၁၇၃ ဦးဖြင့် အများဆုံး ဖြစ်နေသည်။
You may also like these stories:
ကိုဗစ်ပိုး အများဆုံးတွေ့သည့် သင်္ဃန်းကျွန်းမြို့နယ်၌ ကျန်းမာရေးစစ်တမ်း ကောက်ယူ
Quarantine ရက်ကို ၁၄ ရက် ပြောင်းလဲသတ်မှတ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော