Coronavirus Update

Amazon ကုမ္ပဏီက ဝန်ထမ်း ၂ သောင်းနီးပါး COVID-19 ကူးစက်ခံရ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ Amazon ကုမ္ပဏီကြီးက ဝန်ထမ်းပေါင်း ၂ သောင်းနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ဈေးဝယ်သူဖောက်သည်တွေနဲ့ အနီးကပ် ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေမှာ ကူးစက်ခံရတယ်ဆိုတာ ထုတ်ဖော်လိုက်တာပါ။

အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ COVID-19 ကပ်ရောဂါကာလအတွင်းမှာ ကမ္ဘာအနှံ့က ဈေးဝယ်သူတွေကြား အွန်လိုင်းကနေ ဈေးဝယ်ယူမှု များလာတာကြောင့် အမြတ်ငွေ အများအပြား ရခဲ့တဲ့ လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း Amazon က ပစ္စည်းဂိုဒေါင်တွေ ဖွင့်ထားပြီး လုပ်ဆောင်နေတဲ့ ကမ်ပိန်းတွေမှာ ဝန်ထမ်းတွေကို အန္တရာယ်ကြားထဲ ဖြစ်စေတယ်ဆိုပြီး ဝေဖန်ခံရတာမျိုးလည်း ရှိပါတယ်။ ဝန်ထမ်းပေါင်း ၁ ဒသမ ၄ သန်းကျော် ရှိတဲ့ ကုမ္ပဏီကြီးအတွက် ကူးစက်မှုနှုန်းဟာ မျှော်လင့်ထားတာထက် လျော့နည်းနေသေးတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်နယ် တခုချင်းစီအလိုက် ကူးစက်မှုတွေထဲမှာ မီးနီဆိုးတားပြည်နယ်က အများဆုံးဖြစ်ပြီး ဝန်ထမ်း ၃ ဒသမ ၁၇ ရာခိုင်နှုန်း COVID-19 ကူးစက်ခံထားရတယ်လို့ ဆိုပေမယ့် ပြည်နယ် တခုချင်းစီက ကူးစက်ခံဝန်ထမ်း အရေအတွက်ကိုတော့ အတိအကျ ထုတ်ပြန်ပေးတာမျိုး မရှိပါဘူး။

ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံ ရှိတဲ့ Amazon ရဲ့ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူကတော့ တည်ထောင်သူ Jeff Bezos ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ Jeff Bezos ဟာ သူ့ကိုယ်ပိုင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရင်းနှီးမြှုပ်နှံထားသူလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ နိုဝင်ဘာလမှာ တနေ့ကို လူ ၅ သောင်းကျော် စမ်းသပ်ပေးနိုင်ဖို့အတွက် ရေးဆွဲထားတာပါ။

အမေရိကန်တက်ကြွလှုပ်ရှားသူအဖွဲ့ Athena က ပြည်သူ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေကနေ Amazon ကုမ္ပဏီကြီးမှာ COVID-19 ကူးစက်ခံ ဝန်ထမ်းအရေအတွက် ပုံမှန်ထုတ်ပြန်နိုင်ဖို့ စုံစမ်းသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“Amazon မှာ တောမီးလို ပျံ့နှံ့နေတဲ့ COVID-19 ကူးစက်မှုတွေအတွက် ခွင့်ပြုပေးသင့်ပါတယ်။ Amazon မှာ အလုပ်လုပ်နေတဲ့ သောင်းနဲ့ သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေနဲ့ ဆက်စပ် ထိတွေ့နေတဲ့ မိသားစု၊ အိမ်နီချင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေပါ” လို့ Athena ရဲ့ ဒါရိုက်တာ Dania Rajendra က ဆိုပါတယ်။

Amazon ဘက်ကတော့ ဝန်ထမ်းတွေကို ကျန်းမာရေး အာမခံအတွက် ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးထားတဲ့အပြင်၊ Quarantine ဝင်နေရတဲ့ ဝန်ထမ်းတွေကိုလည်း လစာပြည့်နဲ့ ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန့်စင်ရေး စနစ်သစ်တွေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ လျော့နည်းသွားအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

Ref: The Guardian

You may also like these stories:

အသက်အရွယ်ကြောင့် ဒေါ်နယ်ထရမ့် အန္တရာယ်ရှိနိုင်လား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည်တို့ COVID-19 ကူးစက်ခံရ

စပိန်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် မြို့တော် မက်ဒရစ်ကို Lockdown ချ

Did you find apk for android? You can find new Free Android Games and apps.
Loading