ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် သေဆုံးသူ ၁ သိန်းခွဲကျော်သွားပါပြီ။ ကူးစက်မှုနှုန်းတွေ လျော့ကျလာပြီဆိုပေမယ့် ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေဆဲပါ။
လူဦးရေ သန်း ၂၁၀ ကျော်ရှိတဲ့ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၁၅၁,၇၇၉ ဦး ရှိသွားပါပြီ။ ကူးစက်လူနာပေါင်းကတော့ ၅ သန်းကျော်နေပြီလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်အမေရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ ကူးစက်မှုနှုန်း ကျဆင်းလာတာကို မြင်တွေ့နေရပေမယ့် ကမ္ဘာပေါ် မှာ သေဆုံးသူ ၂၂၁,၈၄၃ ဦးနဲ့ အများဆုံးနိုင်ငံဖြစ်နေတဲ့ အမေရိကန်ပြီးရင် ဒုတိယအဖြစ် ရှိနေတာပါ။ ဥရောပတိုက်နဲ့ အာရှတိုက်မှာဖြစ်ခဲ့တဲ့ COVID-19 ပထမလှိုင်းထက် အခြေအနေတွေ ပိုးဆိုးနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
ဘရာဇီးအပါအဝင် လက်တင်အမေရိကနိုင်ငံတွေမှာ အောက်တိုဘာ ၁၀ ရက်ထိ COVID-19 ကူးစက်ခံထားရသူပေါင်း ၁၀ သန်း ကျော်ရှိပြီး သေဆုံးသူ ၃၆၀,၀၀၀၀ ကျော်သွားပါပြီ။ ဒါဟာ တာဝန်ရှိသူတွေ ထုတ်ပြန်ချက်အရ သေဆုံးမှု အဆိုးဆုံးဒေသတွေလည်း ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ သေဆုံးမှုနှုန်းဟာ စတင်ခဲ့တဲ့ ဒီနှစ်အစောပိုင်း မတ်လကထက်စာရင် ကျဆင်းလာတာကို မြင် တွေ့ နေရတယ်လို့ ဆိုပါတယ်။ အရင်ထက် နောက်ဆုံး ၂ လအတွင်းမှာ တနေ့ကို သေဆုံးသူ ၁,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပါတယ်။
ဘရာဇီးသမ္မတ Jair Bolsonaro ဟာ စတင်ခဲ့ချိန်တည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို အလေးပေး မဆောင်ရွက်ခဲ့သလို သမ္မတကိုယ်တိုင်လည်း COVID-19 ကူးစက်ခံခဲ့ရပါတယ်။ လက်ရှိမှာလည်း တိုင်းပြည်ရဲ့ ယိမ်းယိုင်နေတဲ့ စီးပွားရေးကဏ္ဍကို ပြန်လည် တည့်မတ်လာအောင် ကြိုးစားနေရဆဲပါ။
ကူးစက်မှု စတင်ချိန်က ပြည်နယ်အစိုးရနဲ့ မြို့တော်ဝန်တွေဟာ သက်ဆိုင်ရာဒေသတွေကို Social distancing အရ ထိန်းချုပ်ခဲ့ချိန်မှာ စီးပွားရေးလုပ်ငန်းတွေ အများအပြား ထိခိုက်လာတာကြောင့် နောက်ပိုင်းမှာ ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးခဲ့ရပါတယ်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံကနေ အစပြုခဲ့တဲ့ COVID-19 ကပ်ရောဂါကြီးကြောင့် ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ် ကူးစက်လူနာပေါင်း ၃၈ သန်းကျော်နဲ့ သေဆုံးသူ ၁၀ သန်းကျော်လွန်ခဲ့ပါပြီ။ ပြန်လည်သက်သာလာသူကတော့ ၂၉ သန်း ရှိပြီ ဖြစ်ပါတယ်။
Ref: Aljazeera
You may also like these stories:
ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံသားတဦးမှာ COVID-19 ရောဂါ တကျော့ပြန် ဖြစ်ပွား
နီပေါမှာ COVID-19 ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်တက်
တောင်ကိုရီးယားမှာ Social distancing ထိန်းချုပ်မှု ပထမအဆင့်သို့ ပြန်ဖြေလျှော့